ယခုပုံပါညီမလေး ပျောက်နေ၍ တွေ့ရှိပါက ဆက်သွယ်ပေးကြပါ…ပုံကိုနှိပ်ပြီး အပြည့်အစုံဖတ်နိုင်ပါသည်

လူပျောက်ခြင်း အဆိုပါ ဓာတ်ပုံရှင်အား တွေ့ရှိပါက ကူညီဆက်သွယ်ပေးကြပါရန် ၎င်း၏မိခင်ဖြစ်သူမှ အကူအညီ‌တောင်းခံထား

ဒလ ဇွန် ၈ ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ် တံတားချောင်းစံပြကျေးရွာအုပ်စု စံပြ(၇)လမ်းနေ (ဘ)ဦးဇော်နိုင်၊ (မိ)ဒေါ်အေးသန်းတို့၏ သမီး မမေမြတ်နိုး အသက်(၁၇)နှစ်ကျော်သည်

ဇွန်(၂)ရက် မနက်(၈)နာရီအချိန်က ရန်ကုန်မြို့ရှိ ပုဇွန်တောင်မြို့သို့ မိဘနေအိမ်မှ အလုပ်သွားရာ ညနေအလုပ်ပြန်ချိန်ထိ မိဘအိမ်သို့ ပြန်လည်၍ ရောက်ရှိမလာခြင်းအရ မိဘများမှ စိတ်ပူစွာဖြင့်

လိုက်လံရှာဖွေခဲ့ပြီး ယ‌နေ့အချိန်ထိ ဆက်သွယ်မရ ပျောက်ဆုံး‌နေပါကြောင်း မိခင်ဖြစ်သူမှ ပြောပြချက်အရ သိရသည်။ ပျောက်ဆုံးသူ မမေမြတ်နိုးသည် နဝမတန်း ဖြေဆိုထားသည့်

ကျောင်းသူတစ်ဦးဖြစ်ကြောင်း ကျောင်းပိတ်ချိန်အတွင်း စာပုံနှိပ်တိုက်တွင် အလုပ်လုပ်နေသူဖြစ်ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး နှင့် သက်ဆိုင်ရာ ပျော်ဘွယ်ကြီးနယ်မြေရဲစခန်းသို့ လူပျောက်‌ကြောင်း အသိပေး တိုင်ကြားထားကြောင်းသိရသည်။

အဆိုပါ ဓာတ်ပုံရှင်အား တွေ့ရှိပါက ကူညီဆက်သွယ်ပေးကြပါရန် ၎င်း၏မိခင်ဖြစ်သူမှ အကူအညီ‌တောင်းခံထားကြောင်း သိရသည်။ ဖုန်း- ၀၉ ၂၅၄ ၅၃၀ ၆၇၄ ကိုဂျိမ်း(ဒလ)