ဘိုလီးဗီးယားမှ Spiderman ဖြစ်ချင်တဲ့ညီအကိုတွေ၏ ဖြစ်ရပ်ဆိုး မိဘများဖတ်ဖြစ်အောင်ဖတ်ပါ

Spiderman ဖြစ်ချင်တဲ့ညီအကိုတွေ

ဘိုလီးဗီးယားမှာ ညီအကို 3 ယောက်ဟာ သံချောင်းတို့အဖေ ကံကောင်းလို့မသေ ဖြစ်ခဲ့ပါတယ်။ ဘိုလီးဗီးယားနိုင်ငံ အလယ်ပိုင်းရှိ ချာယန်တာပြည်နယ်မှာ အသက် 8 နှစ်၊ 10 နှစ်နဲ့ 12 နှစ် ညီအကို သုံးယောက်ဟာ ဆိတ်ကျောင်းနေပါသတဲ့။ အဲ့လိုဆိတ်ကျောင်းရင်း Black Widow spider ပင်ကူကိုတွေ့တော့ ကြားဖူးနားဝါရှိတဲ့ Spiderman ပင့်ကူလူသားဟာ

ပင့်ကူအကိုက်ခံရပြီး ပင့်ကူလူသားဖြစ်သွားပုံကိုသတိရသွားပြီး အကယ်ထင်မှတ်ကာ စမ်းကြည့်ချင်စိတ်ပေါ်လာပါသတဲ့။ အဲ့ဒါနဲ့ Black Widow ပင့်ကူကို တုတ်နဲ့သွားစပြီး သူတို့ကို ကိုက်အောင်လုပ်ပါသတဲ့။ ညီအကို သုံးယောက်စလုံး တစ်လှည့်စီအကိုက်ခံကြပါတယ်။ ပင့်ကူလူသားညီအကိုတွေဖြစ်အောင်လို့ပေါ့နော်။Black Widow ပင့်ကူဆိုတာ အမည်းရောင်ရှိပြီး

ရင်ဘတ်မှာအချိန်မှတ်သဲနာရီ ပုံသဏ္ဍာန်အနီရောင် အမှတ်အသားပါပါတယ်။ အဲ့ဒီပင့်ကူဟာ ပုံမှန်ကလူကို ဒုက္ခပေးလေ့မရှိပေမယ့် သွားစရင်တော့ပြန်ယှက်တတ်ပါတယ်။ ဒီပင့်ကူမတွေဟာ သူ့ထက်အရွယ်ငယ်တဲ့ပင့်ကူထီးနဲ့ မိတ်လိုက်ပြီးတာနဲ့ အဲ့ဒီပင့်ကူထီးတွေကို သတ်လိုက်လေ့ရှိပါတယ်။ အဲ့ဒါကြောင့် Black Widow Spider အမည်းရောင်မုဆိုးမပင့်ကူလို့

နာမည်တွင်တာ ဖြစ်ပါတယ်။ National Geographic ရဲ့အဆိုအရ သူ့ရဲ့အဆိပ်ဟာ ခလောက်မြွေရဲ့အဆိပ်ထက် ဆယ့်ငါးဆပြင်းထန်တယ်လို့ ဆိုပါတယ်။ ဒါ့ကြောင့်ကြောက်ဖို့ကောင်းပါတယ်။ ပင့်ကူရဲ့အဆိပ်ပမဏက မြွေထက်အလွန်နည်းလို့ သူတို့မသေခဲ့တာဖြစ်ပါတယ်။ ဒါတောင် ကျောက်ကပ်တွေ ပျက်ဆီးတပ်ပါတယ်။ သူ့အဆိပ်မိရင် ကြွက်သားတွေနာကျင်တာ၊

မူးဝေတာ၊ အသက်ရှုရခက်တာတွေဖြစ်ပြီး ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေအတွက် အန္တရာယ်များပါတယ်။ ကလေးတွေအရမ်းသဘောကျတဲ့ Spiderman ရုပ်ရှင်ထဲမှာတော့ မင်းသားဖြစ်သူ ပီတာပတ်ကာဟာ ပင့်ကူအကိုက်ခံရပြီး မူးဝေကာ နောက်နေ့မှာ လက်ကပင့်ကူမျှင်တွေထွက်ကာ ပင့်ကူလူသားဖြစ်သွားပါတယ်။ တကယ့်လက်တွေ့မှာတော့

ကလေးတွေဟာနာလွန်းလို့အော်ငိုနေကြတာကို သူတို့အမေသတိပြုမိသွားပြီး ဆေးခန်းကိုခေါ်သွားပါတယ်။ အဲ့ဒီကနေ ကလေးတွေရဲ့အခြေအနေက သက်သာလာမှုမရှိတာနဲ့ Llallagua ကဆေးရုံကိုပို့ရပါတယ်။ အဲ့ဒီမှာလည်း ကလေးတွေက ကြွက်သားတွေနာကျင်ကိုက်ခဲခြင်း၊ ချွေးတွေထွက်ခြင်း၊ အဖျားတက်ကာ တုန်လှုပ်ခြင်းတွေ ဆက်ဖြစ်နေပါသတဲ့။

အဲ့ဒီကနေတဆင့် La Puz က ကလေးဆေးရုံကို ထပ်ပို့ရပါတယ်။ အဲ့ဒီမှာ အဆိပ်ဖြေဆေးထိုးလိုက်တော့မှ တစ်ပတ်လောက်ကုသအပြီးမှာ သက်သာသွားကြပါတယ်တဲ့။ Moral of the story- ကျနော်ပြောချင်တာက ကလေးတွေအနေနဲ့ အမှန်နဲ့အမှားခွဲမသိသေးတဲ့အချိန်မှာ သတိထားကြပါ။  Superman ဆိုပြီးအမြင့်ကနေခုန်ချကာ

ပျံဖို့ကြိုးစားတတ်တာမျိုးလည်း ရှိပါတယ်။ အသက်မသေတောင်မှ ကျိုးပဲ့သွားတတ်ပါတယ်။ ရုပ်ရှင်တွေဟာ ကလေးတွေရဲ့တွေးပုံခေါ်ပုံကို ပြောင်းလဲစေတတ်ပါတယ်။ ဒါ့ကြောင့် သတိထားစေချင်ပါတယ်။ စိတ်ကူးယဉ် fantasy နဲ့ လက်တွေ့လောက ကွာခြားပုံကို ကလေးတွေကို သင်ပေးသင့်ပါတယ်။  အခုခေတ်မှာ မိဘတွေမအားတာနဲ့ ကလေးတွေကို စရိုက်သင်ပေးနေတာက

Youtube နဲ့ ရုပ်ရှင်တွေ၊ ဖုန်း၊ တက်ဘလက်နဲ့ TV တွေဖြစ်ပါတယ်။ ကလေးတွေဟာ ဇာတ်ကားတွေကြည့်ရင်း မကောင်းတဲ့စရိုက်တွေကိုအတုမြင်အတတ်သင်ကာ ဒေါင်းလုပ်ဆွဲနေတာကို သတိထားကြပါ။ စိတ္တဇကားတွေ၊ တွင်တွင်ဆဲတဲ့ကားတွေ၊ လင်မယားကွဲခန်းတွေမှာ မိုက်မိုက်ရိုင်းရိုင်းပြောကြကွဲကြ၊

လိင်ကိစ္စကို ဟာသလုပ်ကြနဲ့ မြန်မာဇာတ်ကားတစ်ချို့ဟာလည်း ကလေးတွေကို အတော့်ကို ပုံသွင်းကြတာကို သတိပြုကြစေချင်ပါတယ်ခင်ဗျား။ Richard Myo Thant 7-June-2020

Add a Comment

Your email address will not be published. Required fields are marked *