မွေးစားမိဘရှာတဲ့ ပို့အောက်မှာ ကိုယ်ရေး အချက်လက်တေနဲ့ ကလေးလာတောင်းတဲ့ အမတစ်ယောက် လိမ်လည်ခံရ (ဒီလို ဖြစ်ရပ်မျိုးတွေ ထပ်မကြုံစေဖို့)

မွေးစားမိဘရှာတဲ့ ပို့အောက်မှာ ကိုယ်ရေး အချက်လက်တေနဲ့ ကလေးလာတောင်းတဲ့ အမတစ်ယောက် လိမ်လည်ခံရ (ဒီလို ဖြစ်ရပ်မျိုးတွေ ထပ်မကြုံစေဖို့)


မွေးစားမိဘရှာတဲ့ ပို့အောက်မှာ ကလေးလာတောင်းတဲ့ အမေတစ်ယောက် လိမ်လည် ခံလိုက်ရ ပါတယ် ။ ဒီလို ဖြစ်ရပ်မျိုးတွေ ထပ်မကြုံစေဖို့ ဒီပိုစ့်ကို ခွင့်ပြု ချက် တောင်းပြီး ရေးပါတယ်

ကောင်း တာ လုပ်ပေ မယ့် ဆိုးခြင်းတွေ တွဲလျက် ပါ လာ တတ် တယ် ။ လွန်ခဲ့တဲ့ ရက် က စွန့်ပစ်ခံ ကလေးလေး တစ်ယောက်ကို မွေးစားမိဘ ရှာဖွေပေး ခဲ့တယ် ။ မွေးစားမိဘလက်ထဲ ကောင်းမွန်စွာ ထည့်ပေးနိုင်လိုက် ပါတယ် ။ ဒါပေမယ့်

မွေးစား မိဘရှာဖွေတဲ့ ကိုယ့်ရဲ့ ပိုစ့်အောက် မှာ အလုပ် အကိုင်တွေ၊ ဖုန်းနံပါတ်တွေ လာရေးကြ ပါတယ် ။ သူတို့ ကတော့ ကလေး လိုချင်စိတ် နဲ့ ရေးကြတာပါ။ ဒါပေမယ့် လူလိမ်တွေရဲ့ အကွက်ဖြစ်သွားတယ်။ အဲ့လိုကောမန့်တွေ တွေ့ကတည်းက

တားချင်ပေမယ့် ပြောလိုက်ရင် ကိုယ့်ကို ကြီးကျယ်တယ် ထင်မှာစိုးလို့ မပြောလိုက်မိခဲ့ဘူး ။ လူမုန်းမှာ ကြောက်မိတဲ့ ကိုယ့်ရဲ့ ပျက်ကွက်မှုပါပဲ။ အဲ့အမ ရဲ့ ကောမန့်ထဲက ဖုန်းနံပါတ်တွေ၊ အလုပ်အကိုင်တွေ၊ ကလေးလိုချင်နေတာတွေ

သိသွားတော့ အဲ့အမဆီကို အမျိုးသမီးတစ်ယောက်က ဖုန်းဆက်လာတယ်။ ကလေးလိုချင်ရင် ပေးမယ် တဲ့။ သူက ရောဂါဖြစ်နေလို့၊ ကလေးအဖေက စွန့်ပစ်သွားလို့ဆိုပြီး ကလေးကို ဆက်မမွေးနိုင်တဲ့ အတွက် ပေးမယ်လို့ ဖုန်းဆက်လာတယ်။

ကလေးရဲ့ ဓါတ်ပုံတွေ ပို့လာတယ်။ ကလေးက လေးလသားလေးပါ။ အဲ့အမက ကိုယ့်ကို လာတိုင်ပင် ပါတယ်။ ကိုယ်ကတော့ သိပ်မရင်းနှီး သေးတဲ့အတွက် စကားကို ထိန်းပြောလိုက်ပါတယ်။ သတိထားပါ မရိုးသားတာမျိုးတွေ၊ငွေကြေးကိစ္စတွေ နဲ့

နောက်ဆက်တွဲ အရှုပ်အရှင်းတွေ ဖြစ်လာနိုင်တယ် လို့တော့ သတိပေး လိုက်ပါတယ်။ ဒါပေမယ့် အဲ့အမက ကိုယ့်ဆီက ကလေးလည်း မရတော့၊ ကလေးလည်း အရမ်းလိုချင် နေတော့ လက်ခံလိုက် ပါတယ်။ နောက်နေ့ ကလေးကို လာပို့ ပါတယ်။

အူရောဂါ ဖြစ်နေလို့ ဆေးကုဖို့ဆိုပြီး ငွေဆယ်သိန်း တောင်း ပါတယ်။ မွေးစားချင်သူ အမကလည်း လှူ ဒါန်းတဲ့ သဘောနဲ့ ပေးလိုက် ပါတယ်။ ကလေးလေးကလည်း အရမ်းချစ်စရာကောင်းပါတယ်။ မွေးစားမယ့်အမခဗျာလည်း အရမ်းပျော်နေတာပေါ့။

ဒီလိုဖြစ်ရပ်မျိုးတွေ ထပ်မကြုံစေဖို့ ဒီပိုစ့်ကို ခွင့်ပြု ချက်တောင်းပြီး ရေးပါတယ်။ ရက် မကူးသေးဘူး အဲ့အမဖုန်းကို ဖုန်းနံပါတ် အစိမ်းနဲ့ ယောက်ျားတစ်ယောက် ဖုန်းခေါ် လာတယ်။ ကလေးတစ်ယောက် ပျောက်သွား လို့ဆိုပြီး

ကလေးဓါတ်ပုံတွေ Viber က ပို့လာတယ် ။ ပုံတွေက အဲ့အမ ဆီရောက်နေတဲ့ ကလေးလေးပုံပါ။ မွေးစားချင်တဲ့ အမ မှာ ကလေး သူခိုးပါဆိုပြီး အမှုပတ်တော့မယ့် ကိန်းပါ။ ငွေညှစ်တဲ့ စကားတွေ ပြောလာ ပါတော့တယ်။ အဲ့လူတွေရော၊

ကလေးအမေ ကိုရော အလိမ္မာနဲ့ ပြန်ခေါ်ပြီး ရဲတွေ၊ ရှေ့နေတွေ၊ ရပ်ကွက် လူကြီးတွေနဲ့ မေးမြန်းတော့မှ တမင်အကွက်ဆင် လိမ်လည် ကြတယ်ဆိုတာ ပေါ် ပေါက်လာ ပါတယ်။ အချီကြီး လိမ်လည်ငွေညှစ်ဖို့ အထိ စီစဉ်ထားဟန် တူပါတယ်။

ဆက်လက် အရေးယူဖို့တော့ စီစဉ်နေ ပါတယ် ။ အဲ့အမကတော့ ကလေးလည်း ပြန်ပေးလိုက်ရပြီး ငွေလည်း ဆုံးပါတယ်။ ငွေက လှူတယ်လို့ပဲ သဘော ထားလိုက်ပေမယ့် နှစ်ရက်သုံးရက် သားလို ခံစားချက်နဲ့ အတူနေလိုက် ရတဲ့

ကလေးလေးကို ပြန်ပေးလိုက်ရတဲ့အတွက် တစ်မိ သားစုလုံး အတော် စိတ်မကောင်း ဖြစ်နေကြ ပါတယ် ။ ကိုယ်ကတော့ မေတ္တာအခြေခံတဲ့ ယုံလွယ်မှုမျိုးဆိုတော့ အပြစ်လည်း မပြောရက် ပါဘူး။ ဒါပေမယ့် မြန်မာပြည်မှာ ကလေးဗန်းပြပြီး

လိမ်လည်တဲ့ လိမ်လည်မှုတွေက အများကြီးမို့ ဂရု စိုက်ကြစေချင် ပါတယ်။ ကလေးကိစ္စ ကူညီရတာ တာဝန်လည်း ကြီးပါတယ်။ အခန့်မသင့်ရင် အန္တဘရာယ်လည်း ရှိပါတယ်။ နောက်ပိုင်း ကူညီဖို့ကို လက် တွန့်မိပါတယ်။ ဒါပေမယ့်

နှလုံးသားက မနေနိုင် လောက်တဲ့ အတွက်တော့ ဖြစ်လာတဲ့ အခြေအနေပေါ် ကူညီဖို့ စဉ်းစားရပါတော့ မယ်။ ဒီလိုဖြစ်ရပ်မျိုးတွေ ထပ်မကြုံစေဖို့ ဒီပိုစ့် ကို ခွင့်ပြုချက်တောင်းပြီး ရေးပါတယ်။ ကလေး မွေးစားတယ်ဆိုတာ

လွယ်ကူတဲ့ကိစ္စ မဟုတ်ပါဘူး။ တစ်ဘဝလုံး တာဝန်ယူရမယ့်ကိစ္စ ဖြစ်သလို ရေရှည်ကို ခဏထား၊ က လေးမွေးစားခွင့် ခိုင်လုံဖို့ကို အတော်ကြိုးစား ရပါတယ်။ ကလေးမွေးစားခွင့် ဥပဒေတွေမှာ ယိုကွက်ဟာကွက်တွေ ရှိနေပါသေးတယ်။

ကလေးပေး သူဘက်က ရိုးသားမှု ရှိမရှိ၊ ကလေးယူသူ ဘက်ကလည်း ရိုးသားမှု ရှိမရှိနဲ့ နောက်ပိုင်းဆက် နွယ်လာနိုင်တဲ့ ပြသနာတွေဟာ အင်မတန် ခေါင်းကိုက်စရာ ကောင်း ပါတယ်။ ဒါပေမယ့် စွန့်ပစ်ခံ ကလေးငယ်တွေဟာ

ဂေဟာတွေမှာပဲ မိဘမဲ့အဖြစ် ဘဝကို ရှင်သန်သွားရမှာထက် မိဘလိုစောင့်ရှောက်မယ့် ရင်ခွင်တစ်ခုကို ရသွားသင့်ပါတယ်။ ရင်ခွင်မဲ့ကလေးတွေ နဲ့ ကလေးမဲ့ ရင်ခွင်တွေ ကို ဆုံစည်းပေးနိုင်မယ့် ခိုင်လုံတဲ့ ကာကွယ်ပေးနိုင်တဲ့

ဥပဒေတွေ လိုအပ်ပါတယ်။ နောက်တစ်ချက် သတိ ပြုရမယ့် ကိစ္စက အထိအရှ များပေမယ့် အရဲစွန့် ရေးပါရစေ။ ကလေးမွေးစား ချင်သူတွေကို အလှူငွေလို့ အမည်တပ်ထားတဲ့ ကလေးရောင်းစားမှု ဆန်ဆန်တွေ ရှိနေ ပါတယ်။ ပြီးခဲ့တဲ့ရက်က

မွေးစားခံလိုက်ရတဲ့ ကလေးလေးကိစ္စမှာ ကိုယ့်က တော့ ရှင်းလင်းအောင် ဆောင်ရွက် ပေးခဲ့ပါတယ်။ လိုက်လံ ကူညီတဲ့ စရိတ်စကတွေနဲ့ ကလေးနို့မှုန့်ဘူးကအစ ကိုယ့်ပိုက်ဆံနဲ့ကိုယ် ကုန်ကျခံခဲ့ပါတယ်။ မွေး စားသွားတဲ့ မိဘတွေကိုလည်း

မွေးစားခွင့် ပေးမပေး မပြောခင် ကတည်းက မွေးစားခွင့် ပေးခဲ့မယ်ဆိုရင် အဲ့အတွက် ကိုယ့်ကို တစ်ပြား တစ်ချပ်မှ ပေးစရာ၊ လှူစရာ မလိုပါကြောင်း၊ ကလေးဘဝ ကို အကောင်းဆုံး စောင့်ရှောက်ပေးဖို့နဲ့ ကိုယ်နဲ့အမြဲ အဆက်အသွယ် ရှိနေရမယ်ဆိုတဲ့

ကတိကိုပဲ တောင်းခံ ခဲ့ပါတယ်။ ဒုက္ခသည် ကလေးတစ်ယောက်ကို ကူညီဟန် ဗန်းပြပြီး ရရမယ့် ပိုက်ဆံမျိုးကို မမြိုရက်၊ မစားရက်ပါ။ စိတ်ကူးနဲ့တောင် မတွေးသလို အလားတူ ကိစ္စတွေ မြင်ရကြားရနေတဲ့အတွက် နှစ်ဦးနှစ်ဖက်

စိတ်ရှင်းအောင် ရှင်းရှင်း လင်းလင်း ဆောင်ရွက်ပေးခဲ့ပါတယ်။ (ဂုဏ်ဖော်တာ မဟုတ်ပါဘူး။ လိပ်ပြာလုံတဲ့အတွက် သို့လော သို့လော အထင်မခံနိုင်လို့ ထည့်ရေးရတာပါ) Publicမှာ ရေးသားနေတဲ့ ပိုစ့်တွေ ကောမန့်တွေမှာ ကိုယ့်ကို

ကိုယ်ရေး အချက်အလက် တွေကို လုံးဝမရေး သားမိဖို့ သတိထားကြ စေလိုပါတယ်။ ဒီလိမ်လည်ခံရမှုဟာ ကိုယ့်ပိုစ့်အောက်က ကောမန့်တစ်ခုကို အခြေခံပြီး ဖြစ်သွားတဲ့အတွက် ကိုယ့်မှာ စိတ်မကောင်း ဖြစ်ရပါတယ်။ ကိုယ်ကလည်း ကောင်းတဲ့

လုပ်ရပ်လေးကို လုပ်ချင်လို့ ပိုစ့်တင်တယ်။ မွေးစားချင်တဲ့အမကလည်း ကောင်းတဲ့လုပ်ရပ်လေးကို လုပ်ချင်လို့ ကောမန့်ရ

ဒါပေမယ့် မကောင်းတဲ့လူတွေရဲ့ အကွက်ဆင် လိမ်လည်မှုတွေ ပါဝင်လာတဲ့အခါ ကိုယ်တို့ရဲ့ ကောင်းတဲ့စိတ်လေးတွေ ညှိုးနွမ်းရပါတယ်။

ဘာပဲဖြစ်ဖြစ်ပါ။ ကိုယ်ကူညီခွင့်ရလိုက်တဲ့ ကလေးလေးကတော့ ရင်ခွင်သစ် ရင်ခွင်စစ် တစ်ခုမှာ အ တော် အဆင်ပြေ နေပါပြီ။ ပုံလေးတွေ ပြဖို့မသင့်လို့ မပြပါဘူး။ သူလေး အတော်ကို ဟုတ်သွားပါပြီ။ ကလေးလိုချင်တာ ရူးမတတ်

ဖြစ်နေတဲ့ လင်မယား နှစ်ယောက်လည်း ပျော်ရွှင်တဲ့ မိသားစုလေး ဖြစ်နေပါပြီ။ အဖိုး၊အဖွား တွေလည်း ပျော်ရွှင်နေပါပြီ။ အဖေရယ် အမေရယ် ခေါ်စရာ မိသားစုဘဝနဲ့ မေတ္တာတရားကို ပိုင်ဆိုင်ခွင့် ရသွားပါပြီ။ ကူညီဖူးသမျှထဲမှာ အမှတ်တရ

ဖြစ်ရတဲ့ ကူညီနိုင်မှုပါပဲ။ ပန်ဆယ်လိုဆိုတဲ့ ဖြစ်တည်မှုကို မုန်းတီးမိ ချိန်တွေမှာ ဒီကူညီနိုင်မှု လေးကို အမြဲသတိတရ ပြန်တွေးမိ နေဦးမှာပါ။ လိမ်လည် ခံလိုက်ရတဲ့ အမ ကလည်း သူ့လို မကြုံရစေချင်လို့ ရေးစေချင်ပါတယ်ဆိုတဲ့ အတွက်

ခွင့်ပြုချက် နဲ့ ရေးလိုက်တယ်။ မေတ္တာတရားကို လိမ်လည်ခြင်း ကင်းရှင်းကြပါစေ။ မေတ္တာတရားကို လိမ်ခံရခြင်း ကင်းဝေးကြပါစေ။ အိ ပန် ဆယ် လို

Tags:

Add a Comment

Your email address will not be published. Required fields are marked *