ကျိုက်ထီးရိုး စေတီတော် မြတ်ကြီး၏ ဘဏ္ဍာငွေများ ကို လစားပေးခန့်ထားသော စာရေးမျာက အလွဲသုံစား ပြုလုပ်ထားသဖြင့် စာရင်းစစ်ချုပ် အဖွဲ့ကစစ်ဆေးနေ

ကျိုက်ထီးရိုး စေတီတော် မြတ်ကြီး၏ ဘဏ္ဍာငွေများ ကို လစားပေးခန့်ထားသော စာရေးမျာက အလွဲသုံစား ပြုလုပ်ထားသဖြင့် စာရင်းစစ်ချုပ် အဖွဲ့ကစစ်ဆေးနေ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ကျိုက်ထီးရိုး စေတီတော် မြတ်ကြီး၏ ဘုရားဘဏ္ဍာ ငွေများအား အလွဲ သုံးစား ပြုလုပ်ထားသူများကို အရေးယူမှုနှင့် ပက်သက်၍ ပြည်ထောင်စု စာရင်းစစ်ချုပ် အစီစဉ်ခံစာအပေါ် မူတည်ကာ လုပ်ဆောင်သွား မည်ဖြစ်ကြောင်း ကျိုက်ထီးရိုး စေတီတော် ဂေါပကအဖွဲ့မှ ဦးကျော်ဝင်းလှိုင် ကပြောသည်။

ဘဏ္ဍာငွေ အလွဲသုံးစားတာနဲ့ ပက်သက်ပြီး ပြောလို့မရသေး ပါဘူးခင်ဗျ။ စာရင်းစစ်ချုပ် အစီရင်ခံစာအရ ဂေါပက အဖွဲ့နဲ့ အထက်က ညွန်ကြားချက်အတိုင်း လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ ဘယ်လို လုပ်မယ်ဆိုတာ ပြောလို့မရ သေးပါဘူး။ စာရင်းစစ်ချုပ် အစီရင် ခံစာ ထွက်ပြီးရင်တော့ ကျွန်တော်တို့ ဖြေလို့ရပါမယ်။ အစီရင်ခံစာ မထွက်ခင် သီးခံပေးပါ။

တရားစွဲ မစွဲက အစီရင်ခံစာပေါ် မူတည်နေ ပါတယ်။ ကျွန်တော်တို့က ဘုရားဘဏ္ဍာငွေ ဆုံးရှုံးမှု မရှိအောင်တော့ ဆောင်ရွက်ပေးရမှာ ဖြစ်ပါတယ်။ အစီရင်ခံစာဘယ်တော့ ထွက်မလဲ ဆိုတာတော့ သူ့တို့အဖွဲ့ဘဲသိမှာပါ။ ပြည်ထောင်စု စာရင်းစစ်ချုပ် အဖွဲ့က လာစစ်နေတာပါဟု ဂေါပကအဖွဲ့မှ ဦးကျော်ဝင်းလှိုင် ကပြောသည်။

ဘုရားဘဏ္ဍာ ငွေများကို အလွဲသုံးစား ပြုလုပ်ထားသည့် သူများမှာ ဘုရားဘဏ္ဍာငွေဖြင့် ခန့်အပ်ထားသော ဝန်ထမ်းများ ဖြစ်ပြီး ရင်ပြင်တော်စခန်း ငွေစာ ရင်းဌာန ဝန်ထမ်းတစ်ဦးမှ ငွေကျပ်သိန်း ၉၀၀ ကျော်၊ ရင်ပြင်တော်စခန်း စာရေးကြီး တစ်ဦးမှ ငွေကျပ်သိန်း ၂၀ ကျော်၊ ရင်ပြင်တော်စခန်း စာရေးငယ်တစ်ဦးမှ ငွေကျပ် ၃ သိန်းကျော်၊ ကင်မွန်းစခန်း ဂေါပကရုံးစာ ရေးတစ်ဦးမှ ငွေကျပ် သိန်း ၂၀ ကျော်

အလွှဲသုံးစား ပြုလုပ်ထား ကြောင်း သိရသည်။ကျိုက်ထီးရိုး စေတီတော်သည် မြန်မာတွင် သာမက ကမ္ဘာတွင်ပါ ထင်ရှားကျော်ကြားသော စေတီတော်တစ်ဆူ ဖြစ်သည့်အတွက် နှစ်စဉ် ပြည်တွင်း ပြည်ပ ဘုရားဖူး ၃ သန်းခန့် လာရောက် ဖူးမျှော်နေကြောင်း သိရသည်။

ကျိုက်ထီးရိုး စေတီတော်နှင့် ပတ်သက်ပြီး ကဏ္ဍစုံမှ ရရှိသော အလှူငွေများ၊ နိုင်ငံခြားငွေများ၊ ရတနာများအား တိကျသေချာစွာရှိ မရှိ သိရှိနိုင်ရန် နိုင်ငံတော်အဆင့် စာရင်းစစ်အဖွဲ့မှ လာရောက် စစ်ဆေးပေး စေလိုပြီး ခေတ်အဆက်ဆက် ဂေါပက အလွှဲအပြောင်းများကြောင့် ဘုရားဘဏ္ဍာတော်ငွေ တည်ရှိမှု အခြေနေအား ယခုအစိုးရဘလက်ထက်တွင် တိကျသေချာစွာ စစ်ဆေးပေး နိုင်စေရန် တင်ပြထားကြောင်း သိရသည်။

ကျိုက်ထီးရိုး စေတီတော်ကြီးသို့ အလှူရှင်များ၏ လှူ ဒါန်းငွေများ၊ ဘက်စုံကဏ္ဍများမှ ရရှိနေသည် ဖြစ်ရာ ၂၀၂၀ ဧပြီလ ၃၀ ရက်အထိ ကျိုက်ထီးရိုး ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့၏ လက်ကျန်ငွေ စာရင်းချုပ်အရ ငွေကျပ် ၁၅၉၇၅၉၁၃၆၅၉ ဒုတိ ၈၂ လက်ကျန်ရှိကာ နိုင်ငံခြားငွေများနှင့် ရတနာများလည်းရှိနေသေးကြောင်း သြဝါဒစရိယ ဆရာတော်များထံမှ သိရသည်။

Tags: