သမိုးဝင်တောင်လဲဖြစ်…သဘာဝအလှတရားတွေလဲရှိတဲ့တောင်ကို…ကျောက်ထုပ်လုပ်ငန်းနဲ့ ဖျက်နေကြပြီ… အချိန်မီတားပေးပါ

သမိုးဝင်တောင်လဲဖြစ်…သဘာဝအလှတရားတွေလဲရှိတဲ့တောင်ကို…ကျောက်ထုပ်လုပ်ငန်းနဲ့ ဖျက်နေကြပြီ… အချိန်မီတားပေးပါ

မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ကော့နွတ်ရွာမှာတည်ရှိပီး သမိုင်းဝင်တောင်ဖြစ်ပါတယ် ဟံသာဝတီကျရှုံးခဲ့တဲ့ ခေတ်မှာ မွန်လူမျိုးတွေ လူမျိုးပျက်သုဉ်းလုနီးပါး အသတ်ခံခဲ့ရပြီး

ထွက်ပြေးကြ ဒီတောင်ထဲကို လာပုန်းနေကြရ ပါတယ်၊ တစ်ချို့ဆို ဒီဂူထဲမှာပဲ အစာငတ် သေဆုံးကြရပါတယ်၊ စစ်ကြောင်းတွေလည်း ဝင်ရှာပါတယ် ဂူရဲ့အဝင်အထွက် လမ်းတွေမသိတော့ ရှာလို့မတွေ့ပါ၊

ထိုကြောင့် ကော့စွယ်,ကော့သပ်,ကော့နွတ်,ကော့ဘိန်းရွာတွေ ရွာလုံးကျွတ် မီးရှိ့ခံခဲ့ရပါတယ် ယခု ရခိုင်ပြည်နယ်က စစ်မြေပြင်လိုပါပဲပေါ့၊ အခုဆို ဒီတောင်က

စီးပွားရေးသမား ကျောက်မိုင်းလုပ်ငန်းလုပ်နေတာ (၃)နှစ်ရှိပြီ။ ဒီလောက်လှတဲ့တောင်တွေပျက်သုန်းသွားရင် နှမြောဖို့ကောင်းတယ်ဗျာ။ Crd-Mehn Htaw Nai Nai

ဒီလို သမိုင်းဝင်ပြီး လှပတဲ့ သဘာဝအမွေတွေကို ထိန်းသိမ်းစေချင်ပါတယ်…သက်ဆိုင်ရာ တာဝန်ရှိသူများ … အချိန်မီ တားဆီးနိုင်ကြပါစေ…