လူသုံးဦးသေဆုံးခဲ့သည့် ယာဉ်တိုက်မှုမှ ထွက်ပြေးတိမ်းရှောင်နေသည့် YBS-40 ယာဉ်မောင်းကို ဖမ်းဆီးရမိ

လူသုံးဦးသေဆုံးခဲ့သည့် ယာဉ်တိုက်မှုမှ ထွက်ပြေးတိမ်းရှောင်နေသည့် YBS-40 ယာဉ်မောင်းကို ဖမ်းဆီးရမိ

လူသုံးဦးသေဆုံးခဲ့သည့် ယာဉ်တိုက်မှုဖြစ်စဉ်မှ ထွက် ပြေးတိမ်းရှောင်နေသည့်YBS-40 ယာဉ်မောင်းကို ယနေ့ (ဇွန် ၆) ဖားအံမြို့တွင် ဖမ်းဆီးရမိပြီဖြစ်ကြောင်း အမှတ်(၂) ယာဉ်ထိန်းရဲ တပ်ဖွဲ့ခွဲမှူးရုံး(ရန်ကုန်) မှသိရသည်။ ” မိသွားပါပြီ။ ဘားအံမှာ မိတာပါ။ ဘားအံယာဉ်ထိန်းနဲ့ ချိတ်ဆက်ပြီး ဖမ်းတာပါ။

ဖမ်းပြီးတော့ ကျွန်တော်တို့ဆီက အဲဒီကို သွားပြီးတော့ ကမာရွတ်ရဲစခန်းကို သယ်လာဖို့ လုပ်နေပါပြီ ” ဟု အမှတ်(၂) ယာဉ်ထိန်းရဲ တပ်ဖွဲ့ခွဲမှူးရုံး(ရန်ကုန်) မှ တာဝန်ရှိသူတဦးက ပြောသည်။ ပြီးခဲ့သည့် ဇွန်လ ၂ရက်နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်မြို့နယ်၊ ကမ်းနားလမ်း၊ သဘော်ကျင်းမှတ်တိုင်အနီးတွင်

လမ်းပြောင်းပြန် မောင်းနင်လာသော YBS -40 က အငှားယာဉ် Taxi တစီးကို ဝင်တိုက်ကာတက်ကြိတ်မှု ဖြစ်ပွားခဲ့သည်။ ထိုယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် Taxi ယာဉ်မောင်းအပါ အဝင် နှင့် Taxi ပေါ်တွင် လိုက်ပါစီးနင်းခဲ့သည့် ခရီးသည် မောင်နှမနှစ်ဦးတို့ သေဆုံးခဲ့ပြီး YBS- 40 ယာဉ်မောင်း

ဦးဇော်ထိုက်မှာလည်း ထွက်ပြေးတိမ်းရှောင်ခဲ့ကြောင်း သိရသည်။ ထိုဖြစ်စဉ်ကြောင့် YBS -40 ယာဉ်မောင်းအား ကမာ ရွတ်မြို့မရဲစခန်းမှ(ပ)အမှတ် ၉/၂၀၂၀၊ ပုဒ်မ ၄၀၄ က ၊ ၂၇၉ ၊ ၂၀၂ တို့ဖြင့် အမှုဖွင့်အရေးယူခဲ့ကြောင်း သိရသည်။ ကိုလင်း

Add a Comment

Your email address will not be published. Required fields are marked *