












50000 မှာ 1000
500000 မှာ 10000
5000000 မှာ 100000
50000000 မှာ 1000000






(Unicode version) သိန်းငါးထောင်ဆု ပေါက်တဲ့သူက မုန့်ဖိုးသိန်း ၂၀ ပဲပေးလို့ သိန်း၂၀ပေးတယ် ဆိုတာ သာမာန် အချိန်မှာ သူတောင်းစားကို ၂၀တန်ပေးသလို ဖြစ်နေတာဆိုပြီး ရင်ဖွင့်လာတဲ့ ထီရောင်းသူ တစ်ဦး

ယခု သတင်းကို ( Kaung Lub Moe ) စာမျက်နှာ မှ တစ်ဆင့် ပြန်လည် မျှဝေ တင်ဆက်ခြင်း ဖြစ်ပါသည်

ဘာရယ်မဟုတ်ပါဘူး မနေ့က အတွေ့အကြုံ လေးကြောင့် ခံစားမိတာလေးကို တင်ပြတာပါ။

ကျွန်တော်တို့ထီလောကသားတွေရဲ့ အိပ်မက် ဘယ် လိုဆိုတာ ဘော်ဒါတွေအသိဆုံးပါ ကိုယ့်ဆီက ဆုကြီးကံထူးသွားရင် မျှော်လင့်ချက်တွေ တော့ ရှိမှာပေါ့ဗျာ

တခုပြောရအုံးမယ်ဗျ ကျွန်တော်ရဲ့ ထီရောင်းသက် တမ်းက ၂၀၀၄ ခု ကစခဲ့တာဆိုတော့ ခုဖွင့်တဲ့ ပင်ရင်းအချို့တောင် မဖွင့်ရသေးဘူး

လူအမျိုးမျိုး စိတ်အထွေထွေ တွေ့ကြုံခဲ့ဘူးတယ် ဆိုပါတော့ဗျာ ခုလက်ရှိ အချိန်ပဲပြောပါ့မယ် ခုအစိုးရလက်ထက်မှာ ဆုစနစ်တွေအရတော့ ကျွန်တော်တို့ အများဆုံး အကြောင်းကြားရတာ ငါးသောင်းဆုတွေပါ

ဆုကြီးပါဖို့ဆိုတာ အင်မတန် ခဲရင်းပါတယ်။ ငါးသောင်းဆုတွေ အကြောင်းကြားရင် အရမ်း ဝမ်းသာတဲ့သူတွေကတော့ မရှိတဲ့ အခြေခံ လူတန်းစားတွေပါပဲ

ဝန်းနဲ့ခြံနဲ့ တိုက်နဲ့တာနဲ့နေတဲ့သူတွေက မုန့်ဖိုးမပြောနဲ့ ကိုယ်ပဲ တောင်းပန်ပီးပေးရမလိုကြုံတတ်ကြပါတယ် ဒါပေမဲ့ တခုတော့ ပြောတတ်ကြတယ် သိန်းတစ်သောင်းခွဲပေါက်ရင် မင်းကို ကားဝယ်ပေးမယ် ဆုကြီးဆိုဘာပေးမယ် ဆိုပြီးတော့ပေါ့

မနေ့က ကံထူးရှင် ကိုအစအဆုံး ကူညီပေးခဲ့ပါတယ် ထီတိုက်တာတောင် ကျွန်တော်က pauk ဆော့ဝဲသုံးတော့ အရင်ဆုံး အကြောင်းကြားခဲ့တာပါ ထားပါတော့

မနေ့က အားလုံးပီးတော့ ကျွန်တော့်ကို ကျေးဇူး တင်တဲ့အတွက် သိန်း 20 ပေးပါတယ် ကျွန်တော် ဘယ်ကံထူးရှင်ကိုမှ မုန့်ဖိုးမတောင်းပါ

သူတို့ သဒ္ဒါ လို့ပေးတဲ့အခါ အနဲအများ မတောင်းဆိုပါဘူး ဒါပေမဲ့ တွေးကြည့်ရင် နဲနေတယ်လို့ ဘော်ဒါတွေ တွက်မိမှာပါ

ဟုတ်တယ်လေ ငါးသောင်းပေါက်တဲ့သူ တောင် အနဲဆုံးတော့ တစ်ထောင်ပေးတတ်ကြမှပါ ခုက သိန်းငါးထောင်ဆိုတော့ ဘော်ဒါ တို့ ဒီကောင် သိန်း 100 လောက်ရမယ် ထင်မှာ

No. No No ဘုရားစူးသိန်း 20 ပဲရပါတယ်ဗျာ
50000 မှာ 1000
500000 မှာ 10000
5000000 မှာ 100000
50000000 မှာ 1000000

သိန်း ၅၀၀၀ မှာ သိန်း ၁၀၀ရမယ် မထင်နဲ့ ဘော်ဒါ တို့ရေ … ခုခေတ်မှာ သူတောင်းစားကို ၂၀ တန်ပေးရင်မယူဘူး ကိုရင်လေးတွေ ဆိုလွင့်ပစ်မှာ

သိန်းငါးထောင်ပေါက်လို့ သိန်း၂၀ ပေးတယ် ဆိုတာ သာမာန် အချိန်မှာ သူတောင်းစားကို၂၀ကျပ် တန်ပေးသလိုဖြစ်နေတာ တွက်တတ်ရင်သိမှာပါ

ဘော်ဒါတို့ရာ လိုချင်လို့ ပြောပြတာ မဟုတ်ဘူးနော်.. ဘဝက မျှော်လင့်ထားသလို အမြဲဖြစ်တတ်ပါတယ် …. ရဲရင့်အောင် သီချင်းပဲ နားထောင်နေတယ် သီချင်း နာမည်ကဒီလောက်နဲ့ပဲ ကျေနပ်ပါတယ်

**စကားမစပ် ကျွန်တော် သူတောင်စား တယောက်လောက်တောင် သိက္ခာ မရှိဘူးဖြစ်သွားတယ်** မည်သူကိုမှ မရည်ရွယ်ပါ လှူတန်း ပေးကမ်းတယ် ဆိုပေမဲ့ သူတောင်းစားတော့ ထမင်းဝအောင် ကျွေးကျပါ

မထိမရောက်ဆိုရင် မလှူတာကောင်းပါတယ် ဘေးလူတွေ အကုသိုလ် ဖြစ်နေမှာ စိုးလို့ပါ သူတောင်းစားလောက် အဆင့်အတန်းမရှိတော့ သော ကျွန်တော် #Kaung Lub Moe

Tags: