မႏၲေလးတိုင္း ဝန္ႀကီးခ်ဳပ္ ေဒါက္တာ ေဇာ္ျမင့္ေမာင္ ႏွင့္ ရန္ကုန္တိုင္း ဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္း တို႔ႏွစ္ဦးဟာ (၂၀၂၀) ေ႐ြးေကာက္ပြဲ မဝင္ေတာ့

မႏၲေလးတိုင္း ဝန္ႀကီးခ်ဳပ္ ေဒါက္တာ ေဇာ္ျမင့္ေမာင္ ႏွင့္ ရန္ကုန္တိုင္း ဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္း တို႔ႏွစ္ဦးဟာ (၂၀၂၀) ေ႐ြးေကာက္ပြဲ မဝင္ေတာ့

မႏၲေလးတိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္ ေဒါက္တာ ေဇာ္ျမင့္ေမာင္ နဲ႕ ရန္ကုန္တိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္းတို ၂၀၂၀့ ေ႐ြးေကာက္ပြဲ ဝင္/မဝင္ ကိစၥဟာ ေဒၚေအာင္ဆန္းစုၾကည္ ကိုယ္တိုင္ ဆုံးျဖတ္ခ်က္ခ်မွာ ျဖစ္တယ္လို႔ အန္အယ္လ္ဒီ ပါတီရဲ႕ သဘာပတိ အဖြဲ႕ဝင္ ဦးဝင္းထိန္က ေျပာၾကား ခဲ့ပါတယ္။

ေဒါက္တာ ေဇာ္ျမင့္ေမာင္ နဲ႕ ဦးၿဖိဳးမင္းသိန္း တို႔ ႏွစ္ဦးလုံးဟာ က်န္းမာေရး အေျခအေန ေတြေၾကာင့္ လာမယ့္ ၂၀၂၀ ေ႐ြးေကာက္ပြဲကို ဝင္မၿပိဳင္ဘူးလို႔ ပါတီကို ႏႈတ္နဲ႕ တင္ျပထားၿပီး ပါတီ CEC အဖြဲ႕ကအေနနဲ႕ လက္ခံသင့္၊ မခံသင့္ မဆုံးျဖတ္ရ ေသးဘူးလို႔ ဦးဝင္းထိန္က ဆိုပါတယ္။

မႏၲေလးတိုင္း ဝန္ႀကီးခ်ဳပ္ ေဒါက္တာ ေဇာ္ျမင့္ေမာင္ ဟာ ေသြးကင္ဆာ ေရာဂါကို ထိုင္းနိုင္ငံမွာထိ သြား ေရာက္ ကုသခဲ့ရၿပီး ဦးၿဖိဳးမင္းသိန္း ကေတာ့ လြန္ခဲ့တဲ့ ႏွစ္ႏွစ္ခန႔္က ႏွလုံးေရာဂါ ခြဲစိတ္မႈ ခံယူထားခဲ့ရကာ (၂) ဦးလုံးကေတာ့ က်န္းမာေရး အေျခအေန ေၾကာင့္ဆိုၿပီး အေၾကာင္းျပ ထားၾကပါတယ္။

လက္ရွိမွာ ဝန္ႀကီးခ်ဳပ္ႏွစ္ဦး ေ႐ြးေကာက္ ပြဲ ဝင္/မဝင္ ကိစၥကို ေဒၚေအာင္ဆန္းစုၾကည္ ဆုံးျဖတ္ခ်က္ မခ်ရေသးဘူးလို႔ ေျပာပါတယ္။ ေဒါက္တာ ေဇာ္ျမင့္ေမာင္ဟာ ေ႐ြးေကာက္ပြဲအတြက္ ပါတီအမတ္ေလာင္း ေ႐ြးခ်ယ္ေရးအပါအဝင္ ပါတီလုပ္ငန္းေတြ လက္ရွိမွာ ေဆာင္႐ြက္ဖို႔ ရွိေန ပါတယ္။

မႏၲေလးတိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္ ေဒါက္တာ ေဇာ္ျမင့္ေမာင္ဟာ အမ်ိဳးသားဒီမိုကေရစီ အဖြဲ႕ခ်ဳပ္ပါတီရဲ႕ ဒုတိယဥကၠဌ တစ္ဦး ျဖစ္ၿပီး ရန္ကုန္တိုင္းေဒသႀကီးဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္း ကေတာ့ ပါတီ ဗဟိုအလုပ္အမႈေဆာင္ အဖြဲ႕ဝင္တဦး ျဖစ္ပါတယ္။ crd : whitesone

(Unicode version) မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင် နှင့် ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း တို့နှစ်ဦးဟာ (၂၀၂၀) ရွေးကောက်ပွဲ မဝင်တော့

မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင် နဲ့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းတို ၂၀၂၀့ ရွေးကောက်ပွဲ ဝင်/မဝင် ကိစ္စဟာ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဆုံးဖြတ်ချက်ချမှာ ဖြစ်တယ်လို့ အန်အယ်လ်ဒီ ပါတီရဲ့ သဘာပတိ အဖွဲ့ဝင် ဦးဝင်းထိန်က ပြောကြား ခဲ့ပါတယ်။

ဒေါက်တာ ဇော်မြင့်မောင် နဲ့ ဦးဖြိုးမင်းသိန်း တို့ နှစ်ဦးလုံးဟာ ကျန်းမာရေး အခြေအနေ တွေကြောင့် လာမယ့် ၂၀၂၀ ရွေးကောက်ပွဲကို ဝင်မပြိုင်ဘူးလို့ ပါတီကို နှုတ်နဲ့ တင်ပြထားပြီး ပါတီ CEC အဖွဲ့ကအနေနဲ့ လက်ခံသင့်၊ မခံသင့် မဆုံးဖြတ်ရ သေးဘူးလို့ ဦးဝင်းထိန်က ဆိုပါတယ်။

မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင် ဟာ သွေးကင်ဆာ ရောဂါကို ထိုင်းနိုင်ငံမှာထိ သွား ရောက် ကုသခဲ့ရပြီး ဦးဖြိုးမင်းသိန်း ကတော့ လွန်ခဲ့တဲ့ နှစ်နှစ်ခန့်က နှလုံးရောဂါ ခွဲစိတ်မှု ခံယူထားခဲ့ရကာ (၂) ဦးလုံးကတော့ ကျန်းမာရေး အခြေအနေ ကြောင့်ဆိုပြီး အကြောင်းပြ ထားကြပါတယ်။

လက်ရှိမှာ ဝန်ကြီးချုပ်နှစ်ဦး ရွေးကောက် ပွဲ ဝင်/မဝင် ကိစ္စကို ဒေါ်အောင်ဆန်းစုကြည် ဆုံးဖြတ်ချက် မချရသေးဘူးလို့ ပြောပါတယ်။ ဒေါက်တာ ဇော်မြင့်မောင်ဟာ ရွေးကောက်ပွဲအတွက် ပါတီအမတ်လောင်း ရွေးချယ်ရေးအပါအဝင် ပါတီလုပ်ငန်းတွေ လက်ရှိမှာ ဆောင်ရွက်ဖို့ ရှိနေ ပါတယ်။

မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်ဟာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီရဲ့ ဒုတိယဥက္ကဌ တစ်ဦး ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ကတော့ ပါတီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တဦး ဖြစ်ပါတယ်။ crd : whitesone

Tags:

Add a Comment

Your email address will not be published. Required fields are marked *