ျမန္ေအာင္ၿမိဳ႕နယ္တြင္ တစ္႐ြာတည္းသားခ်င္း အိိမ္ကိုလာၿပီး ႏြားေပ်ာက္တာ ရွာသည့္ကိစၥႏွင့္ ပတ္သတ္ၿပီး စကားမ်ားရာက ဓားႏွင့္ခုတ္သတ္

ျမန္ေအာင္ၿမိဳ႕နယ္တြင္ တစ္႐ြာတည္းသားခ်င္း အိိမ္ကိုလာၿပီး ႏြားေပ်ာက္တာ ရွာသည့္ကိစၥႏွင့္ ပတ္သတ္ၿပီး စကားမ်ားရာက ဓားႏွင့္ခုတ္သတ္

ျမန္ေအာင္ၿမိဳ႕နယ္တြင္ ႏြားေပ်ာက္တာ ရွာသည့္ကိစၥႏွင့္ စကားမ်ားရာက တစ္႐ြာတည္းသားခ်င္း ဓားႏွင့္ခုတ္သတ္မႈ ျဖစ္ပြားခဲ့မႈကို အေရးယူထားေၾကာင္း ဇြန္ ၄ ရက္ေန႕တြင္ ရဲတပ္ဖြဲ႕ထံမွသိရသည္။ ဇြန္လ ၃ ရက္ ညေန ၅ နာရီခြဲအခ်ိန္ခန႔္တြင္ ျမန္ေအာင္ၿမိဳ႕နယ္၊ အ မွတ္ (၃) ရပ္ကြက္၊

အညာစုေက်း႐ြာ၊ အင္ပင္ၿမိဳ႕ေန တိုင္တန္းသူ အမ်ိဳး သမီး ေနအိမ္၌ ရွိေနစဥ္ သားျဖစ္သူသိန္းဝင္းမွာ မီးေသြးျမႇောင္ေက်း႐ြာေန ဦးဝင္း(ခ)ငဝင္း (၇၀) ႏွစ္ ဓားႏွင့္ ခုတ္သျဖင့္ ေသဆုံးသြားေၾကာင္း သတင္းအရ အခင္းျဖစ္ေနရာသို႔ သြား ေရာက္ၾကည့္ရႈခဲ့သည္။

စုံစမ္းခ်က္အရ သားျဖစ္သူ သိန္းဝင္း (ေသဆုံးသူ)က ႏြားေပ်ာက္ေနေသာေၾကာင့္ ရွာရန္သြားစဥ္ ဦးဝင္း(ခ) ငဝင္း၏ ၿခံဘက္သို႔ ေရာက္ရွိသြားခဲ့သည္။ ထိုအခ်ိန္တြင္ ဦးဝင္း(ခ) ငဝင္းႏွင့္ ၎၏သား ေဇာ္နိုင္ဝင္းတို႔ အရက္အတူေသာက္ စကားမ်ားေနစဥ္ ဦးဝင္း(ခ)ငဝင္းက ဦးသိန္းဝင္းက”

မင္းကေကာ ဘာလာ လုပ္တာလဲ”ဟုေမးရာ သိန္းဝင္းက”ႏြားေပ်ာက္လို႔ လာရွာတာ”ဟုျပန္ေျပာခဲ့ရာ ဦးဝင္း (ခ) ငဝင္းက”ႏြားေပ်ာက္တာ ငါ့အိမ္လာ ရွာစရာလား၊ ဟိုေန႕က ငါ့အိမ္က ေခြးကိုဘာလို႔ သတ္စားတာလဲ” ဟုေျပာဆိုၿပီး အနီးရွိ အရိုးအသြား (၂၂)လကၼခန႔္ ရွိဝါးရိုးတပ္သံ ေကြးပါဓားမႏွင့္ ခုတ္ခဲ့သည္။

သားျဖစ္သူ၏ ဦးေခါင္းဝဲဘက္ျခမ္း၌ ျပတ္ရွဒဏ္ရာ၊ ယာဘက္ခ်ိဳစြန္းတြင္ ျပတ္ရွဒဏ္ရာ၊ ဝဲဘက္တံ ေတာင္ ဇစ္တြင္ ပြန္းျခစ္ဒဏ္ရာမ်ား ရရွိခဲ့သည္။ ထို သို႔ ျဖစ္စဥ္ ဦးဝင္း(ခ)ငဝင္း၏ သားျဖစ္သူ ေဇာ္ခိုင္ဝင္းမွာ ေနအိမ္ေနာက္ေဖး ထရံကို ကန္ဖြင့္ကာခုန္ခ် ထြက္ေျပးသြားခဲ့ၿပီး

သားျဖစ္သူ သိန္းဝင္းမွာ ဒဏ္ရာမ်ားျဖင့္ ေနအိမ္၏ ေျမာက္ဘက္ရွိ ေတာင္ယာဘက္သို႔ ထြက္ေျပးစဥ္ ေျမပဲခင္းအတြင္း လဲက်ေသဆုံး ခဲ့ေၾကာင္း သိရသည္။ အင္ပင္ၿမိဳ႕ မရဲစခန္း (ပ)၂၄၁/၂၀၂၀၊ ဦး ရာဇသတ္ႀကီးဥပေဒပုဒ္မ ၃၀၂ အရ အမႈဖြင့္ကာ ဦဝင္း (ခ)ငဝင္းကို ဖမ္းဆီးခဲ့သည္။

အမႈႏွင့္ပတ္သက္ ၍ စစ္ေဆးခ်က္အရ သားျဖစ္သူႏွင့္ အရက္အတူေသာက္စားရင္း စကားမ်ားရန္ျဖစ္ေနစဥ္ သိန္းဝင္း (ေသဆုံးသူ)က ႏြားေပ်ာက္မႈကို လာေရာက္ေမးျမန္းစဥ္ စိတ္ဆိုးကာ ဓားႏွင့္ခုတ္သတ္ခဲ့ေၾကာင္း ေပၚေပါက္ခဲ့သည္။

မြန်အောင်မြို့နယ်တွင် တစ်ရွာတည်းသားချင်း အိိမ်ကိုလာပြီး နွားပျောက်တာ ရှာသည့်ကိစ္စနှင့် ပတ်သတ်ပြီး စကားများရာက ဓားနှင့်ခုတ်သတ်

မြန်အောင်မြို့နယ်တွင် နွားပျောက်တာ ရှာသည့်ကိစ္စနှင့် စကားများရာက တစ်ရွာတည်းသားချင်း ဓားနှင့်ခုတ်သတ်မှု ဖြစ်ပွားခဲ့မှုကို အရေးယူထားကြောင်း ဇွန် ၄ ရက်နေ့တွင် ရဲတပ်ဖွဲ့ထံမှသိရသည်။ ဇွန်လ ၃ ရက် ညနေ ၅ နာရီခွဲအချိန်ခန့်တွင် မြန်အောင်မြို့နယ်၊ အ မှတ် (၃) ရပ်ကွက်၊

အညာစုကျေးရွာ၊ အင်ပင်မြို့နေ တိုင်တန်းသူ အမျိုး သမီး နေအိမ်၌ ရှိနေစဉ် သားဖြစ်သူသိန်းဝင်းမှာ မီးသွေးမြှောင်ကျေးရွာနေ ဦးဝင်း(ခ)ငဝင်း (၇၀) နှစ် ဓားနှင့် ခုတ်သဖြင့် သေဆုံးသွားကြောင်း သတင်းအရ အခင်းဖြစ်နေရာသို့ သွား ရောက်ကြည့်ရှုခဲ့သည်။

စုံစမ်းချက်အရ သားဖြစ်သူ သိန်းဝင်း (သေဆုံးသူ)က နွားပျောက်နေသောကြောင့် ရှာရန်သွားစဉ် ဦးဝင်း(ခ) ငဝင်း၏ ခြံဘက်သို့ ရောက်ရှိသွားခဲ့သည်။ ထိုအချိန်တွင် ဦးဝင်း(ခ) ငဝင်းနှင့် ၎င်း၏သား ဇော်နိုင်ဝင်းတို့ အရက်အတူသောက် စကားများနေစဉ် ဦးဝင်း(ခ)ငဝင်းက ဦးသိန်းဝင်းက”

မင်းကကော ဘာလာ လုပ်တာလဲ”ဟုမေးရာ သိန်းဝင်းက”နွားပျောက်လို့ လာရှာတာ”ဟုပြန်ပြောခဲ့ရာ ဦးဝင်း (ခ) ငဝင်းက”နွားပျောက်တာ ငါ့အိမ်လာ ရှာစရာလား၊ ဟိုနေ့က ငါ့အိမ်က ခွေးကိုဘာလို့ သတ်စားတာလဲ” ဟုပြောဆိုပြီး အနီးရှိ အရိုးအသွား (၂၂)လက္မခန့် ရှိဝါးရိုးတပ်သံ ကွေးပါဓားမနှင့် ခုတ်ခဲ့သည်။

သားဖြစ်သူ၏ ဦးခေါင်းဝဲဘက်ခြမ်း၌ ပြတ်ရှဒဏ်ရာ၊ ယာဘက်ချိုစွန်းတွင် ပြတ်ရှဒဏ်ရာ၊ ဝဲဘက်တံ တောင် ဇစ်တွင် ပွန်းခြစ်ဒဏ်ရာများ ရရှိခဲ့သည်။ ထို သို့ ဖြစ်စဉ် ဦးဝင်း(ခ)ငဝင်း၏ သားဖြစ်သူ ဇော်ခိုင်ဝင်းမှာ နေအိမ်နောက်ဖေး ထရံကို ကန်ဖွင့်ကာခုန်ချ ထွက်ပြေးသွားခဲ့ပြီး

သားဖြစ်သူ သိန်းဝင်းမှာ ဒဏ်ရာများဖြင့် နေအိမ်၏ မြောက်ဘက်ရှိ တောင်ယာဘက်သို့ ထွက်ပြေးစဉ် မြေပဲခင်းအတွင်း လဲကျသေဆုံး ခဲ့ကြောင်း သိရသည်။ အင်ပင်မြို့ မရဲစခန်း (ပ)၂၄၁/၂၀၂၀၊ ဦး ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ အရ အမှုဖွင့်ကာ ဦဝင်း (ခ)ငဝင်းကို ဖမ်းဆီးခဲ့သည်။

အမှုနှင့်ပတ်သက် ၍ စစ်ဆေးချက်အရ သားဖြစ်သူနှင့် အရက်အတူသောက်စားရင်း စကားများရန်ဖြစ်နေစဉ် သိန်းဝင်း (သေဆုံးသူ)က နွားပျောက်မှုကို လာရောက်မေးမြန်းစဉ် စိတ်ဆိုးကာ ဓားနှင့်ခုတ်သတ်ခဲ့ကြောင်း ပေါ်ပေါက်ခဲ့သည်။

Add a Comment

Your email address will not be published. Required fields are marked *