ျမစ္ႀကီးနား ၊တပ္ကုန္းရပ္ကြက္တြင္ လမ္းေဆာက္ လုပ္ရာတြင္ အသုံးျပဳေနေသာ ကား ၂ စီး မီးရွို႔ခံရ

ျမစ္ႀကီးနားၿမိဳ႕ တပ္ကုန္း ရပ္ကြက္တြင္ လမ္းေဆာက္ လုပ္ရာတြင္ အသုံးျပဳေနေသာ ကား ၂ စီး မီးရွို႔ခံရ

ျမစ္ႀကီးနားၿမိဳ႕ တပ္ကုန္း လမ္းပိုင္းတြင္ လမ္းတိုးခ်ဲ့ျပဳျပင္ရာတြင္ အသုံးျပဳေသာ ကားႏွစ္စီး ယေန႕ ဇြန္လ ၄ ရက္ေန႕ မနက္ ၂ နာရီအခ်ိန္ခန႔္က မီးရွို႔ခံရမႈ ျဖစ္ ပြားခဲ့ေၾကာင္း တပ္ကုန္း အုပ္ခ်ဳပ္ေရးမႉးထံမွ သိရသည္။

အဆိုပါ ကားႏွစ္စီးသည္ လမ္းေဆာက္လုပ္ ေနေသာ ပါဝါဖိုက္စတား ကုမၸဏီ၏ ‌ေရသယ္ယာဥ္ ႏွင့္ေျမတူးယာဥ္ တို႔ ျဖစ္ေၾကာင္းသိရသည္။ ျဖစ္နိုင္ေျခ ၃ မ်ိဳးရွိတယ္။

သူတို႔ လမ္းလုပ္ေနတာ ဆိုေတာ့ လမ္းသြား လမ္းလာ ျပည္သူေတြထဲက အဆင္မေျပ ျဖစ္ၾကတာ မ်ိဳးရွိၿပီး မေက်နပ္လို႔ လာရွို႔သြားတာလား။ လုပ္ငန္းရွင္ျဖစ္တာေၾကာင့္ ၿပိဳင္ဘက္ လုပ္ငန္းရွင္ အခ်င္းခ်င္း မနာလို အဆင္မေျပမႈ ေတြေၾကာင့္ ရွို႔တာလား၊

အလုပ္သမားေတြကို လုပ္ငန္းရွင္ေတြက လုပ္အားခေကာင္းစြာ မရွင္းေပးလို႔လား ဆိုတာေတြက ေတာ့စဥ္စားစရာ ျဖစ္ေနပါတယ္” ဟု တပ္ကုန္းအုပ္ခ်ဳပ္ေရးမႉး ဦးေဘာက္ေနာ္က ေျပာသည္။

ယင္းျဖစ္စဥ္ႏွင့္ ပတ္သက္ၿပီး ကုမၸဏီ အေနျဖင့္ အမႈဖြင့္သြားရန္ အစီအစဥ္ရွိေၾကာင္း ႏွင့္ ကုမၸဏီတာဝန္ခံဘက္သို႔ အုပ္ခ်ဳပ္ေရး ဆိုက္မွ ဆက္သြယ္နိုင္ျခင္းbမရွိေသးေၾကာင္း သိရပါသည္။ (မြန္းမြန္းပန္ (photo – Wunzup aung pang long ျမစ္ႀကီးနားသတင္းဂ်ာနယ္)

(Unicode version) မြစ်ကြီးနား ၊တပ်ကုန်းရပ်ကွက်တွင် လမ်းဆောက် လုပ်ရာတွင် အသုံးပြုနေသော ကား ၂ စီး မီးရှို့ခံရ

မြစ်ကြီးနားမြို့ တပ်ကုန်း လမ်းပိုင်းတွင် လမ်းတိုးချဲ့ပြုပြင်ရာတွင် အသုံးပြုသော ကားနှစ်စီး ယနေ့ ဇွန်လ ၄ ရက်နေ့ မနက် ၂ နာရီအချိန်ခန့်က မီးရှို့ခံရမှု ဖြစ် ပွားခဲ့ကြောင်း တပ်ကုန်း အုပ်ချုပ်ရေးမှူးထံမှ သိရသည်။

အဆိုပါ ကားနှစ်စီးသည် လမ်းဆောက်လုပ် နေသော ပါဝါဖိုက်စတား ကုမ္ပဏီ၏ ‌ရေသယ်ယာဉ် နှင့်မြေတူးယာဉ် တို့ ဖြစ်ကြောင်းသိရသည်။ ဖြစ်နိုင်ခြေ ၃ မျိုးရှိတယ်။

သူတို့ လမ်းလုပ်နေတာ ဆိုတော့ လမ်းသွား လမ်းလာ ပြည်သူတွေထဲက အဆင်မပြေ ဖြစ်ကြတာ မျိုးရှိပြီး မကျေနပ်လို့ လာရှို့သွားတာလား။ လုပ်ငန်းရှင်ဖြစ်တာကြောင့် ပြိုင်ဘက် လုပ်ငန်းရှင် အချင်းချင်း မနာလို အဆင်မပြေမှု တွေကြောင့် ရှို့တာလား၊

အလုပ်သမားတွေကို လုပ်ငန်းရှင်တွေက လုပ်အားခကောင်းစွာ မရှင်းပေးလို့လား ဆိုတာတွေက တော့စဉ်စားစရာ ဖြစ်နေပါတယ်” ဟု တပ်ကုန်းအုပ်ချုပ်ရေးမှူး ဦးဘောက်နော်က ပြောသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး ကုမ္ပဏီ အနေဖြင့် အမှုဖွင့်သွားရန် အစီအစဉ်ရှိကြောင်း နှင့် ကုမ္ပဏီတာဝန်ခံဘက်သို့ အုပ်ချုပ်ရေး ဆိုက်မှ ဆက်သွယ်နိုင်ခြင်းbမရှိသေးကြောင်း သိရပါသည်။ (မွန်းမွန်းပန် (photo – Wunzup aung pang long မြစ်ကြီးနားသတင်းဂျာနယ်)

Tags:

Add a Comment

Your email address will not be published. Required fields are marked *