ဒီလောကကြီးမှာ … လူသားမဆန်ကြတဲ့လူတွေ အများကြီးရှိတယ်…ဝဋ်ရှိရင်လဲ ကြေပါစေတော့အမရယ်

ဒီလောကကြီးမှာ … လူသားမဆန်ကြတဲ့လူတွေ အများကြီးရှိတယ် …

မနေ့ထဲက ကိုနန္ဒကျော်စွာ ရဲ့ သတင်းလေးတွေ့လို့ စောင့်ကြည့်နေတာ။ ခုသေသွားပြီးဆိုတော့လဲ ဝဋ်ကျွတ် သွားတယ်လို့ပဲ မှတ်ရတော့မှာပေါ့။

မနေ့တုန်းက သထုံမြို့ သထုံဘူတာအနီးမှာ အမျိုးသမီး တစ်ဦးကို ဘေးတွဲတစ်စီးက လာပစ်သွားတာပါ။ လူမှုကူညီရေးအဖွဲ့တွေနဲ့ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှုးများ အဖွဲ့တွေက လိုအပ်တာတွေ စီစဉ်ပေးပြီး ဆေးရုံကြီးသို့ ပို့ဆောင်ပြီး ဆေးကုသမှုခံယူနိုင်အောင် စီစဉ်ပေးခဲ့ကြပေမဲ့ သေဆုံး သွားပါတယ်လို့ သိရပါတယ်။

ယခု သထုံဆေးရုံမှ သုသန်တွင်မြေချနိုင်ရန်စီစဉ်နေပါသည်။ နောက်ဆုံးအချိန်စောင့်ရှောက်ပေးသော သထုံခရိုင်ဆေးရုံမှ ဆေးရုံအုပ်ကြီးနှင့် ဆရာဆရာမဝန်ထမ်းများအားလုံးကို ကျေးဇူးတင်ရှိပါသည်။ စဉ်းစားနေတာက လာစွန့်ပစ်သွားတယ်ဆိုတဲ့ ဘေးတွဲက လူတွေကိုပါ။ ငါ့လက်ကလွတ် ကျွတ်ဆိုတဲ့ သဘောပဲ။

အမေရိကန်မှာ လူသားတွေရဲ့ အသက်တချောင်းချင်းစီ အလိုက်တန်ဖိုးထားကြတယ်။ ခုလဲ လူမဲတယောက်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးစဉ် လည်ပင်းကို ဒူးနဲ့ထောက်ထားတာ အသက်ရှုကြပ်ပြီး သေဆုံးသွားတဲ့ ကိစ္စနဲ့ပတ်သတ်ပြီး ဆန္ဒပြပွဲတွေ အကြီးအကျယ် ဖြစ်နေတယ်။ အိမ်ဖြူ တော်လို နေရာမျိုးထိ ကျူးကျော်ဝင်ရောက်လာလို့

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် တောင် အိမ်ဖြူ တော် အောက်ထပ် ဗုံးခိုကျင်းထဲ ဝင်ခိုနေရတဲ့ အထိ ဖြစ်နေပြီး။ အဲဒါ အသက်တချောင်းထဲက စခဲ့တဲ့ ပြသာနာ။ တန်ဖိုးထားကြတာကိုး။ လူကိုလူလို ဆက်ဆံကြတာကိုး။ ကိုယ့်ဆီမှာတော့ လူ့အသက်တွေက တန်ဖိုးမရှိသေးဘူး။ ဘာအကြောင်းကြောင့် လာစွန့်ပစ်သွားမှန်း မသိလို့

ဘာမှ ထပ်မပြောချင်ပေမဲ့ သေဆုံးသွားတဲ့ အဆင့်ထိ ရောက်သွားတာ လူသတ်မှု ကျူးလွန်လိုက်သလိုပါပဲ။ လူသားချင်း စာနာတတ်ကြပါစေ။ လူ့အသက်တချောင်း လူ့ဘဝတခုချင်းစီအလိုက် တန်ဖိုးထားနိုင်ကြပါစေ။ ကိုယ်လုပ်ခဲ့တဲ့ လုပ်ရပ်တိုင်းက မထင်မှတ်ပဲ လူသတ်မိသလိုဖြစ်နေရင် တသက်လုံး ဝဋ်လိုက်နေမှာပါ။ crd ဇင်မိုး