ဆီဆိုင်မြို့နယ် တပ်သိမ်းမြေတွင် သွားရောက်ထွန်ယက်သည် ဟုဆိုကာ လက်တွန်းထွန်စက် ၁၂ စီးအားထပ်မံသိမ်းဆည်း

ဆီဆိုင်မြို့နယ် တပ်သိမ်းမြေတွင် သွားရောက်ထွန်ယက်သည် ဟုဆိုကာ လက်တွန်းထွန်စက် ၁၂ စီးအားထပ်မံသိမ်းဆည်း

ခမ်းသား​ငေါဝ်း မေ ၃၁ ရက်၊ ၂၀၂၀ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ် နောင်ကျော ကျေးရွာအုပ်စု (နောင်လုံ) ဟိုခဲရပ်ကွက်ရှိ တောင်သူများက တပ်သိမ်းမြေတွင်သွားရောက်ထွန်ယက်သည်ဟုဆိုကာ မေလ ၃၁ ရက်တွင် လက်တွန်းထွန်စက် ၁၂ အားထပ်မံသိမ်းဆည်းခဲ့ကြောင်း သိရသည်။ လက်တွန်းထွန်စက်သိမ်းဆည်းခြင်းနှင့်ပတ်သက်ပြီး စစ်တပ်ဘက်မှ

မှတ်တမ်းတင်ဗွီဒီယို၊ ဓာတ်ပုံများရိုက်ကူးခဲ့ပြီး တောင်သူများဘက် ကိုရိုက်ကူးခွင့်မပြုခဲ့ကြောင်း ရိုက်ကူးထားသည့် မှတ်တမ်းဗွီဒီယို၊ ဓာတ်ပုံများအားစစ်တပ်မှ ဖျက်ဆီးခြင်းများပြုလုပ်ခဲ့ကြောင်း တောင်သူများပြောပြချက်အရသိရသည်။ ‘’သူတို့တွေကျတော့ရိုက်တယ် ငါတို့ကိုကျမပေးရိုက်ဘူး ဖုန်းကို လာလုတော့ ကျမလည်းဖုန်းကိုပြန်လုတယ် ပြီးတော့ ပြောင်းမျိုး စေ့ထဲထဲ့ထားလိုက်တယ်’’ ဟု

တောင်သူမွိုးလီ ကပြောသည်။ ထွန်ယှက်နေသည့်တောင်သူတစ်ဦးအား ဖမ်းဆီးရန်အရာရှိတစ်ဦး ကအမိန့်ပေးခဲ့ကြောင်း စစ်တပ်ဘက်မှဖမ်းဆီးရန်ပြုလုပ်နေစဉ် တခြားတောင်သူများက မဖမ်းဆီးရန်လာရောက်ဝန်းရံခဲ့ကြောင်း တောင်သူများပြောပြချက်အရသိရသည်။ ‘’သူတို့တွေမှာ သေနတ်တွေပါကြတယ် ကျွန်တော်တို့တောင်သူမှာက ခြေနဲ့လက်ပဲရှိတာ ဖမ်းမယ်ဆိုရင်အားလုံးကိုဖမ်း

တစ်ယောက်နှစ် ယောက်ကိုဖမ်းစရာမလိုဘူး’’ ဟုတောင်သူတစ်ဦးကဆိုသည်။ နောင်လုံရွာသည် နှစ်ပေါင်းရာချီတည်ရှိခဲ့သောရွာဖြစ်ပြီး ၁၉၉၂ တွင်စစ်တပ်ရောက်ရှိလာစဉ် နေထိုင်ရန်အဆောက်အဦးတည် ​ဆောက်ပေးခြင်း၊ ရေခပ်ပေးခြင်း၊ ထင်းပို့ပေးရခြင်း လုပ်ပေးလုပ် ခဲ့သော်လည်း ၁၉၉၈ ခုနှစ်တွင်ဟိုခဲရွာအနီးသို့ပြောင်းရွေ့ရန် အတင်းအဓမ္မပြောင်းစေခဲ့ကြောင်းသိရသည်။

သူတို့ကိုလည်း ဘာမှမလုပ်ခဲ့ဘူး စားပြီးရင်ခြံသွားတယ် အဆောက်အဦးဆောက်ပေးရ၊ ရေခပ်ပေးရ၊ ထင်းခွေပေးရ အိမ်ဝိုင်း ကိုလည်းသူတို့ယူတယ် ငါတို့ဘာမှမလုပ်နိုင်ခဲ့ဘူး သူတို့စိတ်ချမ်း စွာနေထိုင်နိုင်ရင်ပြီးရော ဆက်ပြီးမအနိုင်​မကျင့်ရင်ပြီးရော ဘုန်းကြီးကျောင်းတစ်ခုတည်းအတူတက်ကြတယ် ခုလိုဘာ လို့အနိုင်ကျင့်ရတာလဲ ပြီးခဲ့တဲ့အချိန်တွေမှားလည်း ဘာပဲလိုအပ်ပါစေ

ငါတို့မငြင်းပဲလုပ်ပေးခဲ့တယ် ခုတော့ငါတို့မြေတွေကိုယူတယ်သိမ်း တယ်’’ ဟုနောင်လုံကျေးရွာနေ အသက် ၆၅ နှစ်အရွယ် မွိုးအုပ်က ငိုရင်း ခမ်းသား​​​ငေါဝ်းကိုပြောခဲ့သည်။ မြေယာသိမ်းဆည်းပြီး လုပ်ခွင့်မရှိသည့်အခါတွင် စားစရာမရှိကြောင်း စစ်တပ်ကဲ့သို့ လစာများလည်းမရှိကြောင်း ပြည်သူလူထုကို ဒီလောက်ထိမရက်စက်သင့်ကြောင်း ၄င်းကဆက်ပြောသည်။

တပ်သိမ်းမြေတွင်သွားရောက်ထွန်ယက်သည်ဟုဆိုကာ မေလ ၃၀ ရက်နေ့တွင်လည်း ဆီဆိုင်မြို့နယ်ပင်စုံကျေးရွာအုပ်စု ထီမန်းရွာက ထွန်စက် ၁၄ စီးအားသိမ်းဆည်းခဲ့ကြောင်း၊ ယခုအခါ ဟိုခဲနောင်လုံရှိ ထွန်စက် ၁၂ စီးကို ထပ်မံသိမ်းဆည်းခဲ့ပြီး စစ်တပ်က ရဲစခန်းတွင် ပုဒ်မ ၄၄၇ နှင့်အမှုဖွင့်ထားကြောင်းသိရသည်။ စစ်တပ်ကသိမ်းဆည့်ထားသည့် ဧက ၁၉၀၀ တွင်

ပင်စုံအုပ်စု ကတောင်သူ ၇၉ ဦးနှင့် နောင်ကျောအုပ်စု ဟိုခဲနောင်လုံတွင် တောင်သူ ၁၁၀ ကျော်က မိသားစုဝင် တစ်ထောင်ဦးခန့်ရှိပြီး လုပ်ကိုင်ခွင့်မရပါက အခက်အခဲများစွာရှိနေကြောင်း သိရသည်။ Km

Add a Comment

Your email address will not be published. Required fields are marked *