လေပြင်းတိုက်ခတ်မှုကြောင့် ကျောင်းဆရာ၊ ဆရာမ နေထိုင်မယ့်အိမ် ပျက်စီး၊ အိမ်တစ်အိမ် မိုးကြိုးပစ်ခံရပြီး မီးလောင်

လေပြင်းတိုက်ခတ်မှုကြောင့် ကျောင်းဆရာ၊ ဆရာမ နေထိုင်မယ့်အိမ် ပျက်စီး၊ အိမ်တစ်အိမ် မိုးကြိုးပစ်ခံရပြီး မီးလောင်

ရွှေဖီမြေ၊ မေလ ၃၁ ရက်၊ ခိုလမ်

မနေ့ မေလ ၃၀ ရက် ညနေပိုင်း ၃ နာရီမှာ ရှမ်းပြည်နယ်တောင်ပိုင်း ခိုလမ်မြို့နယ်ခွဲ ဝမ်ဆင်းကျေးရွာအုပ်စု

လွယ်ဆိုင်းကျေးရွာမှာ မိုးသက်လေပြင်း ကျရောက်ပြီး မိုးကြိုးပစ်တာကြောင့် နေအိမ်တစ်အိမ် မီးလောင်သွားပါတယ်။

ကျေးရွာထဲက စာသင်ကျောင်းဆောင်ရဲ့ နေရာအချို့လည်း ထိခိုက်ပျက်စီးခဲ့ပါတယ်။

ကျောင်းဆောင် ဆောက်လုပ်ပြီးစီးခဲ့ပေမဲ့ ဖွင့်ပွဲမလုပ်ရသေးသလို ဆရာ၊ ဆရာမတွေ နေထိုင်မယ့်

အိမ်လည်း လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးသွားပါတယ်။

ဝမ်ဆင်းကျေးရွာထဲက မိသားစုအများစုဟာ ဆင်းရဲတဲ့သူတွေ ဖြစ်တယ်လို့ သိရပါတယ်။

ဓာတ်ပုံ- အလင်းရောင်