ကိုဗစ်ရောဂါရှိ မရှိ အချိန် ၁၀ မိနစ်ဖြင့် သိရှိနိုင်တော့မည်…ပုံကိုနှိပ်ပြီး အပြည့်အစုံ ဖတ်နိုင်ပါသည်

ကိုဗစ်ရောဂါရှိ မရှိ အချိန် ၁၀ မိနစ်ဖြင့် သိရှိနိုင်တော့မည်…ပုံကိုနှိပ်ပြီး အပြည့်အစုံ ဖတ်နိုင်ပါသည်

Covid-19 အတွက် နောက်ဆုံးတွေ့ရှိချက်များ (၉) ပိုမိုတိကျ လွယ်ကူ မြန်ဆန် ဈေးသက်သာလာမည့် COVID_Test

အမေရိကန်နိုင်ငံ University of Maryland က School of Medicine မှ Dr Dipanjan Pan ဦးဆောင်တဲ့ သုသေသနပညာရှင်တွေဟာ COVID-19 ဖြစ်စေတဲ့ SARS-CoV-2 ဗိုင်းရပ်စ်ပိုး လူမှာရှိ မရှိ အမြန်ဆုံးနဲ့ အလွယ်ဆုံးစစ်လို့ရမယ့်နည်းတစ်ခုကို ကြေညာခဲ့ပါတယ်။

University of Maryland ဟာ Covid RNA vaccine ကာကွယ်ဆေးကို အမေရိကန်နိုင်ငံမှာ ပထမဆုံးစအပြီးစမ်းသပ်တဲ့ ဆေးပညာကျောင်းတစ်ခုလည်းဖြစ်ပါတယ်။ အဲ့ဒီနည်းကို Nake-eye detection of SARS-CoV-2 လို့ခေါ်ပါတယ်။ သဘောက Covid ဖြစ်စေတဲ့ ဗိုင်းရပ်စ်ပိုးရှိမရှိကို သာမန်မျက်စိနဲ့ စမ်းသပ်စစ်ဆေးနိုင်မယ့်နည်းပါ။

ကျနော် Covid-19 ရောဂါရှိမရှိ အဓိက Test လုပ်နည်းနှစ်ခုကို ရေးသားခဲ့ဖူးပါတယ်။ မဖတ်ရသေးသူများ ဒီနေရာကိုနှိပ်ပါ လက်ရှိစမ်းသပ်နေတဲ့နည်းတွေက PCR Test နဲ့စမ်းသပ်နေတာများပြီး SARS-CoV-2 လို့ခေါ်တဲ့ Covid-19 ဖြစ်စေတဲ့ ရောဂါပိုးရဲ့ မျိုးရိုးဗီဇ အစီအစဉ် Genome sequence ကိုရှာယူတာပါ။ အဲ့ဒီမှာ မျိုးရိုးဗီဇ အစီအစဉ် Genome sequence ကိုရဖို့ အကြိမ်ကြိမ်ချဲ့ပွားယူရတာရှိပါတယ်။

အဲ့လိုလုပ်ဖို့ သိန်းထောင်နဲ့ချီပြီး ဈေးကြီးတဲ့ PCR Test လုပ်တဲ့စက်တွေကို ဝယ်ရပါတယ်။ စက်ကိုကျွမ်းကျင်စွာသုံးတတ်တဲ့ ဓာတ်ခွဲခန်းပညာရှင်တွေလိုပါတယ်။ အခုနည်းပညာအသစ်မှာက အဲ့ဒီ သိန်းထောင်ချီတဲ့စက်ကြီးတွေမလိုတော့သလို စက်ကိုင်တဲ့ကျွမ်းကျင်ပညာရှင်တွေလည်း မလိုတော့ပါဘူး။ ဒီစမ်းသပ်မှုမှာသုံးထားတဲ့အဓိကပစ္စည်းကဘာလဲ

ဒီစမ်းသပ်စစ်ဆေးမှုမှာ အဓိကသုံးထားတာက gold nanoparticles လို့ခေါ်တဲ့ အလွန့်အလွန်သေးတဲ့ ရွှေမှုန်ကလေးတွေပါပါတယ်။ AuNP ဆိုတာက Au မှာ ရွှေရဲ့သင်္ကေတဖြစ်ပြီး NP က အလွန့်အလွန်သေးငယ်တဲ့ အမှုန်ကိုပြောချင်တာပါ။ အဲ့ဒီ AuNP လေးတွေကို thiol-modified antisense oligonucleotides (ASO) လို့ခေါ်တဲ့ ဗိုင်းရပ်စ်ရဲ့

N-gene ပရိုတိန်းကို ဖမ်းမယ့်အရာလေးတွေအုပ်ထားပါတယ်။ AuNP လေးတွေဟာ ဗိုင်းရပ်စ်ရဲ့ RNA အစီအစဉ်တွေကို စုစီးပြီး အရောင်ပြောင်းစေပါတယ်။ အဲ့ဒီတော့ Covid ဖြစ်စေတဲ့ ဗိုင်းရပ်စ်ရဲ့ RNA ကိုတွေ့ရင် အရောင်ပြောင်းမယ်။ မတွေ့ရင် အရောင်မပြောင်းဘူး။ #စမ်းသပ်စစ်ဆေးတဲ့နည်းကတော့… Test လုပ်ခံမယ့် လူရဲ့နှာခေါင်းတွင်းက RNA swab နမူနာကိုယူမယ်။

ပြီးရင် AuNP ပါတဲ့အရည်ထဲမှာ ရောမယ်။ 10 မိနစ်ကြာရင်…. အကယ်လို့ ဗိုင်းရပ်စ်ရဲ့ RNA ကို တွေ့ရင် အရောင်ပြောင်းပြီး စမ်းသပ်ပြွန်ရဲ့ အောက်ခြေမှာ အပြာရင့်ရောင်အနည်လေးတွေကျမယ်။ ဒါဆိုရင် Positive ရောဂါပိုးရှိတယ်။ အကယ်လို့ ဗိုင်းရပ်စ်ရဲ့ RNA ကို မတွေ့ရင် အရောင်မပြောင်းပဲ မူလ ခရမ်းရောင်အရည်အဖြစ် ဆက်ရှိနေမယ်။

ဒါဆိုရင် Negative ရောဂါပိုးမရှိဘူး။ အဲ့သလောက်ရှင်းတယ်လို့ဆိုပါတယ်။ အခု FDA ရဲ့ ခွင့်ပြုချက်ကိုတောင်းခံနေပါတယ်။ နောက်လထဲမှာ FDA နဲ့ဆွေးနွေးမှာဖြစ်ပါတယ်။ ခွင့်ပြုချက်ရရင် နေရာစုံမှာသုံးလို့ ရတော့မှာပါ။ ကျောင်းတွေ၊ ရုံးတွေ၊ လုပ်ငန်းခွင်တွေမှာပါ သုံးလို့ရတော့မှာပါ။ ဒါဆိုရင် လုပ်ငန်းခွင်ထဲလူအသစ်ဝင်ရင်၊ ရှိပြီးသားလူကို မသင်္ကာရင်

10 မိနစ်အတွင်း လွယ်ကူစွာ စစ်ဆေးနိုင်မှာဖြစ်ပါတယ်။ ကျနော်တွေးမိတာက ကျနော်တို့အားလုံး လုပ်ငန်းခွင်ကို လွယ်လွယ်ကူကူပြန်ဝင်နိုင်မယ့်ကိစ္စပါ။ ဒီနည်းအသစ်ဟာ PCR Test ထက်စာရင် ငွေကုန်ကျေးကျသက်သာတဲ့အတွက်… ကျောင်းတွေပြန်ဖွင့်နိုင်တာ၊ လုပ်ငန်းခွင်တွေ စက်ရုံတွေပြန်စနိုင်တာ၊ လေကြောင်းလိုင်းတွေ၊ ဟော်တယ်တွေ၊

Travel & Tour တွေ အကုန်ပြန်စဖို့လွယ်သွားနိုင်တယ်လို့ ယူဆပါကြောင်း။ Richard Myo Thant 31-May-2020