၉ နှစ်အရွယ် သမီးငယ်ကို ဖခင်၏တပည့်ဖြစ်သူက အဓမ္မပြုကျင့်မှုဖြစ်ပွား

၉ နှစ်အရွယ် သမီးငယ်ကို ဖခင်၏တပည့်ဖြစ်သူက အဓမ္မပြုကျင့်မှုဖြစ်ပွား

မြစ်ကြီးနားမြို့နယ်တွင် မိဘများမရှိခိုက် ၉ နှစ်အရွယ် သမီးငယ်ကို ဖခင်၏တပည့်ဖြစ်သူက အဓမ္မပြုကျင့်မှုအား အမှုဖွင့်အရေးယူထားကြောင်း ယနေ့မေ ၃၀ ရက်တွင် ရဲတပ်ဖွဲ့ထံမှ သိရသည်။ ဖြစ်စဉ်မှာ မေလ ၂၇ရက်နေ့ ည၉နာရီခန့်တွင် မြစ်ကြီးနားမြို့နယ်နေ အသက် (၃၀)နှစ်အရွယ် အမျိုးသားတစ်ဦးသည်

၎င်း၏ဇနီးဖြစ်သူနှင့်အတူ လုပ်ငန်းကိစ္စဖြင့် အပြင်သို့ထွက်သွားခဲ့သည်။ထိုသို့ ၎င်းတို့ဇနီးမောင်နှံ အပြင်သို့ထွက်သွားစဉ် ၎င်းတို့၏ ၉နှစ်အရွယ် သမီးငယ်မှာ နေအိမ်၌ တစ်ဦးတည်း ကျန်ရစ်ခဲ့သည်။ ည၉နာရီခွဲခန့်တွင် ၎င်းတို့က နေအိမ်သို့ပြန်လာစဉ် နေအိမ်ခြံဝင်းပေါက်ဝအရောက် နေအိမ်သို့ လှမ်းကြည့်ရာ

သမီးငယ်မှာ နေအိမ်အိပ်ခန်းအတွင်းမှကုန်းထပြီးဘောင်းဘီဝတ်နေသည်ကိုတွေ့မြင်ခဲ့ရပြီး တစ်အိမ်တည်းနေ တပည့်ဖြစ်သူ မင်းခန့်ကို လှမ်းကြည့်ရာ နေအိမ်အိပ်ခန်းအတွင်း မတ်တပ်ရပ်နေသည်တွေ့မြင်ခဲ့ရသည်။ ဇနီးကသမီးငယ်ကိုနေအိမ်နှင့် (၃)ခြံအကျော် ရှိညီမဖြစ်သူ၏နေအိမ်သို့ခေါ်ယူကာ

အကျိုးအကြောင်း မေးမြန်းခဲ့ပြီး နေအိမ်အိပ်ခန်းအတွင်းသို့ ဝင်ရောက်ကြည့်ရှုရာ အိပ်ခန်းဝင်ပေါက်၏ညာဘက်အခန်းထောင့်တွင်သမီးဖြစ်သူ၏ကျောင်းစိမ်းဘောင်းဘီအရှည်ကိုတွေ့ရှိခဲ့ရပြီး ထို့နောက် ကျောင်းစိမ်းဘောင်းဘီအား ကောက်ယူကြည့်ရှုရာ ဘောင်းဘီတွင် သွေးများပေနေသည်ကို တွေ့မြင်ခဲ့ရသည်။

သမီးဖြစ်သူသည် မိဘများ၏ နေအိမ်အိပ်ခန်းအတွင်း စောင်ခြုံကာ ဖုန်းနှင့်ဂိမ်းဆော့နေစဉ် နေအိမ်တွင်ခေါ်ယူထားသည့် ဖခင်ဖြစ်သူ၏တပည့် မင်းခန့်(၂၃)နှစ်ရောက်လာခဲ့ပြီး ခြုံထားသည့်စောင်အောက်ဝင်ကာဘောင်းဘီအားဆွဲချွတ်၍ သမီးငယ်ကို အဓမ္မပြုကျင့်ခဲ့ကြောင်း ပြောပြသိရှိရသောကြောင့် အရေးယူပေးရန်

သက်ဆိုင်ရာထံ တိုင်ကြားခဲ့သည်။ တာလောကြီးနယ်မြေရဲစခန်းကအမှုကြီးအမှတ်စဉ်(၁/၂၀၂၀)၊(ပ)၁၄/၂၀၂၀၊ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၆အရ အမှုဖွင့် အရေးယူထားသည်။ Crd : MyanmarTime