ထန်တလန်မြို့တွင် ဆာကိုဗိုင်းရပ်စ်ကြောင့် ဝက် ၁၈၇ ကောင် သေဆုံး အပြည့်အစုံးအား ပုံကိုနှိပ်ပြီးဖတ်နိုင်ပါသည်

ထန်တလန်မြို့တွင် ဆာကိုဗိုင်းရပ်စ်ကြောင့် ဝက် ၁၈၇ ကောင် သေဆုံး

ကလေး မေ ၂၉-၂၀၂၀ ငြိမ်းသူမင်း(VOM) ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်က အိမ်တွေမှာမွေးမြူထားတဲ့ ဝက်တွေမှာ Porcine Circovirus Type-2 (PCV-2) လို့ခေါ်တဲ့ ဝက်အားနည်းရောဂါကြောင့် ဧပြီလကနေစပြီး မေလ ၂၉ ရက်နေ့ အထိ စာရင်းတွေအရ ဝက်အကောင်ရေ ၁၈၇ ကောင် သေဆုံးခဲ့တယ်လို့ ထန်တလန်မြို့နယ်

မွေးမြူရေးနဲ့ ကုသရေးဦးစီးဌာနရုံး ဦးစီးအရာရှိ ဒေါက်တာလျန်ဘွေး က ပြောပါတယ်။ ထန်တလန်မြို့ပေါ်မှာ ဧပြီလ ပထမပတ်ကနေစတင်ပြီးတော့ ဝက်တွေ သေဆုံးနေတာဖြစ်တဲ့အတွက် သေဆုံးတဲ့ဝက်တွေရဲ့ နမူနာကို မန္တလေးမြို့မှာရှိတဲ့ ဓါတ်ခွဲခန်းကို တင်ပို့ စစ်ဆေးခဲ့ရာမှာတော့ ဝက်ဗိုင်းရပ်စ်ရောဂါဖြစ်တဲ့ Porcine Circovirus Type 2 (PCV-2) ဝက်အားနည်းရောဂါကြောင့်

သေဆုံးကြတာ ဖြစ်တယ်လို့ မေလ ၁၈ ရက်နေ့က သိရှိခဲ့ရတာဖြစ်ပါတယ်။ ဒါကြောင့် ထန်တလန်မြို့နယ်မှာ ဝက် သယ်ယူဝင်ထွက်ခွင့်တွေ ပိတ်ထားပြီးတော့ ဝက်သားမစားကြဖို့ နဲ့ ဝက်ရောင်းချတဲ့သူတွေကို ဝက်သားမရောင်းဖို့ ဆိုပြီး ပိတ်ထားခဲ့ပါတယ်။ လက်ရှိ အခြေအနေနဲ့ ပတ်သက်လို့ ဒေါက်တာလျန်ဘွေး က “မြို့ပေါ်မှာ ဖြစ်ပွားနေတာပါ။ ခုထိလည်း သေဆုံးမှုတွေ ရှိနေပါသေးတယ်။

အခုက ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်တာဆိုတော့ ရောဂါကုတဲ့ဆေးက မရှိသလောက်ရှားတယ်။ အဲ့ဒါကြောင့် ရောဂါကာကွယ်ထိန်းချုပ်ရေးအပိုင်းကို ဦးစားပေးဆောင်ရွက်နေပါတယ်”လို့ ပြောပါတယ်။ ဝက်အားနည်းရောဂါဟာ အိမ်မွေးဝက် နဲ့ တောဝက်တွေမှာ အဖြစ်များပြီး ရောဂါလက္ခဏာတွေ ကတော့ အစာမစားတာ ၊အသဲရောင်အသားဝါဖြစ်တာ၊ အပြာကွက်တွေထတာ ဒီရောဂါကြောင့်

အခြားရောဂါတွေ ဝင်ရောက်ကာ သေဆုံးတာနဲ့ ရုတ်တရက် သေဆုံးတာတွေ ဖြစ်ပေါ်ပါတယ်။ ဒီရောဂါကတော့ လူကိုကူးစက်နိုင်ခြင်းမရှိဘဲ ဝက်အချင်းချင်းသာ ကူးစက်နိုင်တယ်လို့ သိရပါတယ်။ဒီရောဂါကိုကုသဖို့အတွက်တော့ ထိရောက်တဲ့ ဆေးဝါးမရှိတာကြောင့် ကာကွယ်ထိန်းချုပ်ရေးအပိုင်းကိုပဲ အဓိကဆောင်ရွက်နေတယ်လို့ သိရပါတယ်။ ကာကွယ်ထိန်းချုပ်ရေးအပိုင်း အနေနဲ့ကတော့

ရောဂါဖြစ်ပွားတဲ့ ဝက်ခြံထဲကို လူ နဲ့ ပစ္စည်းအဝင်အထွက်မရှိအောင်ထိန်းချုပ်တာ၊ ဝက်ခြံကို သန့်ရှင်းအောင်ထားတာ၊ လုံခြုံသော ခြံနဲ့မွေးမြူတာ လုပ်ဖို့ မွေးမြူရေးနဲ့ကုသရေးဦးစီးဌာနက အသိပေးနှိုးဆော်ထားတာလည်း ဖြစ်ပါတယ်…voiceofmyanmar