အစိုးရဝန်ထမ်းများအားလုံး ဇွန်(၁)ရက်မှစ၍ မူလအင်အားအတိုင်း ပြန်လည်တာဝန်ထမ်းဆောင်ရမည်

အစိုးရဝန်ထမ်းများအားလုံး ဇွန်(၁)ရက်မှစ၍ မူလအင်အားအတိုင်း ပြန်လည်တာဝန်ထမ်းဆောင်ရမည်

အစိုးရဌာနဆိုင်ရာရုံးတွေမှာ ဝန်ထမ်းအင်အားတစ်ဝက်နဲ့ ဆောင်ရွက်နေရာကနေ လာမယ့်ဇွန်(၁)ရက်ကစပြီး မူလအတိုင်း ဝန်ထမ်းအင်အားပြည့်နဲ့ ပြန်လည်တာဝန်ထမ်းဆောင်ရမှာဖြစ်တယ်လို့ COVID-19ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီက မေ(၂၈)ရက် ရက်စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။

အခုအခါမှာ COVID-19ရောဂါကို အတိုင်းအတာတစ်ခုထိ ထိန်းချုပ်နိုင်ပြီဖြစ်တာကြောင့် ဇွန်(၁)ရက်ကစပြီး မူလအင်အားအတိုင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ထုတ်ပြန်ထားတဲ့ အချက်တွေနဲ့အညီ လိုက်နာပြီး ပြန်လည်တာဝန်ထမ်းဆောင်ရမှာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဝန်ထမ်းတွေကို ကြို/ပို့ပေးရာမှာလည်း ယာဉ်ပေါ်မှာ Social Distancingနဲ့အညီ စီးနင်းနိုင်ဖို့ တစ်ဝက်စီခွဲပြီး တစ်နာရီခြားကြို/ပို့ပေးသွားမှာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။