စားစရာမရှိပေမယ့် လျော်စရာငွေတော့ ရှာဖွေရမည့် YGW ပရဟိတ မိဘမဲ့ကျောင်း မန္တလေးရဲ့ အဖြစ်

စားစရာမရှိပေမယ့် လျော်စရာငွေတော့ ရှာဖွေရမည့် YGW ပရဟိတ မိဘမဲ့ကျောင်း မန္တလေးရဲ့ အဖြစ်

ဒီနေ့ လူမှု့ကွန်ယက်အကောင့် သုံးနေစဉ် သတင်းတစ်ပုဒ် တွေ့လိုက်မိသည်

Covid – 19 ကပ်ရောဂါကာလမှာ စားစရာမရှိပေမဲ့ လျော်စရာငွေတော့ရှာရအုံးမယ် ဆိုတဲ့ ခေါင်းစဉ် လေးနဲ့ပါ

စိတ်ဝင်စားလို့ ဖတ်ကြည့်တော့ စာက များများမပါ

” Covid – 19 ကပ်ရောဂါကာလမှာ စားစရာမရှိပေမဲ့ လျော်စရာငွေတော့ရှာရအုံးမယ်

ဒီလမီတာခ ၃,၈၂၆,၆၀၀ သုံးဆယ့်ရှစ်သိန်း နှစ်သောင်း ခြောက်ထောင် ခြောက်ရာကျပ်

မိဘမဲ့ကျောင်းနဲ့ စက်ရုံကြီးနဲ့ မှားကောက်တာတော့ မဖြစ်နိုင်ဘူးနဲ့တူတယ် ” ဆိုပြီးပဲ ရေးထားတာပါ

သူတို့ ပြထားတဲ့ ပုံးလေးကို သေခြာကြည့်မိတော့ May 25 2020 ရက်စွဲဖြင့် ပေးဆောင်ရမည့် မီတာစာရွက်လေး

အပူပင်ကင်းမဲ့နေတဲ့ မိဘမဲ့ ကလေးလေးတွေရဲ့ ပုံရိပ်တွေ…

မိတာခ ဒီလောက်ထိ ကျသင့်နေရင် ရေရှည်မှာ ဒီမိဘမဲ့ကျောင်းလေး ရပ်တည် နိုင်ပါအုံးမလား

တွေးမိရင်း စိတ်မကောင်း ဖြစ်မိတယ်…မိဘမယ့်လေးတွေ ထပ်ပြီး နားခိုရာ မမဲ့စေချင်…

ကိုယ်ကိုတိုင်ကလဲ ပေးလှုနိုင်တဲ့ အင်အားမရှိသေးတော့ စားစရာမရှိ လျော်စရာရှိဆိုတဲ့ စကားပုံထဲကလို

ပေးဆောင်လိုက်ပါအုံး YGW ပရဟိတ မိဘမဲ့ကျောင်းရေ…ရေရှည်ရပ်တည်နိုင်ပါစေလို့လဲ ဆုတောင်းလိုက်ပါတယ်…

YGW ပရဟိတ မိဘမဲ့ကျောင်း မန္တလေး

ဆက်သွယ်ရန် ဖုန်း 09402695999 / 09778334734

Add a Comment

Your email address will not be published. Required fields are marked *