ခိုးရာလိုက်ပြေးတဲ့ သမီးကိုခေါင်းဖြတ်သတ်လိုက်တဲ့ ဖခင်… ပုံကိုနှိပ်ပြီး အပြည့်အစုံဖတ်နိုင်ပါသည်

မိဘသဘောမတူသူနဲ့ ခိုးရာလိုက်ပြေးလို့ ဖခင်ရဲ့ ခေါင်းဖြတ်သတ်မှုကို ခံလိုက်ရတဲ့ အမျိုးသမီးလေး

”မလုံခြုံတဲ့ မိဘအိမ်” . . .။ ဒါကတော့ ပြုပြင်ပြောင်းလဲရေး လိုလားတဲ့ အီရန်သတင်းစာတစ်စောင်ရဲ့ သတင်းခေါင်းစဉ်ပါ။ မိဘသဘောမတူတဲ့ ချစ်သူနဲ့ ခိုးရာလိုက်ပြေးခဲ့တဲ့ ၁၄ နှစ် သမီးကို ဖခင်ကိုယ်တိုင် တံစဉ်နဲ့ ခေါင်းဖြတ်သတ်ခဲ့တဲ့ဖြစ်ရပ်အကြောင်း ရေးသားထားတာပါ။ ရှေးရိုးစွဲဆန်လွန်းတဲ့ လူ့အဖွဲ့အစည်းမှာတော့

ဒီလိုဖြစ်ရပ်မျိုးကို မိသားစုသိက္ခာဆည်တဲ့ သတ်ဖြတ်မှု (Honour killing)လို့ ခေါ်ကြပါတယ်။အီရန်နိုင်ငံမြောက်ပိုင်း ဂီလန်ပြည်နယ်မှာ နေထိုင်တဲ့ အသက် ၁၄ နှစ်အရွယ် မိန်းကလေးငယ် ရိုမီနာဟာ ဖခင်ဖြစ်သူ သဘောမတူတဲ့ ၃၅ နှစ်အရွယ် ချစ်သူအမျိုးသားနဲ့ ခိုးရာလိုက်ပြေးခဲ့ပါတယ်။

သူတို့စုံတွဲကို ရဲတပ်ဖွဲ့က တွေ့သွားချိန်မှာ ရိုမီနာက အိမ်ပြန်ရင် အသတ်ခံရလိမ့်မယ်၊ ပြန်မပို့ပါနဲ့လို့ တောင်းပန်ခဲ့ပေမဲ့ ရဲတပ်ဖွဲ့က အိမ်ပြန်ပို့ခဲ့ပါတယ်။ပြီးခဲ့တဲ့ကြာသပတေးနေ့ညမှာ သူ့အဖေက ရိုမီနာရဲ့ အိပ်ခန်းထဲဝင်၊ တံစဉ်နဲ့ လည်လှီးသတ်ပြီး အဖမ်းခံခဲ့ပါတယ်။ နာကျည်းခံပြင်းစရာ ဖြစ်စေခဲ့တဲ့ ဒီဖြစ်ရပ်ကြောင့်

တွစ်တာပေါ်မှာ Romina_Ashrafi လို့ ရေးသားဖော်ပြခဲ့သူ ၅၀၀၀၀ ကျော်ရှိခဲ့ပြီး အများစုကတော့ အဲဒီလူသတ်မှုနဲ့ အမျိုးသားတွေပဲ ဗိုလ်ကျကြီးစိုးနေတဲ့ အီရန်လူ့အဖွဲ့အစည်းရဲ့ သဘောသဘာဝကို ရှုတ်ချခဲ့ကြပါတယ်။” ရိုမီနာက မိသားစုသိက္ခာဆည်ဖို့ အသတ်ခံရတဲ့ ပထမဆုံးနဲ့ နောက်ဆုံးတစ်ယောက် မဟုတ်ပါဘူး။

ဒေသတွင်းနဲ့ ကမ္ဘာ့လူ့အသိုက်အဝန်းမှာ ဗိုလ်ကျကြီးစိုးနေတဲ့ ဓလေ့ထုံးစံနဲ့ ဥပဒေကို ထိထိရောက်ရောက် မတားဆီးသရွေ့ ဒီလိုလူသတ်မှုတွေ ဖြစ်နေဦးမှာပဲ”လို့ အီရန်နိုင်ငံ အမျိုးသမီးအခွင့်အရေးကာကွယ်မှု လူ့အဖွဲ့အစည်းရဲ့ အတွင်းရေးမှူး မိုလာဗာဒီက ပြောပါတယ်။အီရန်နိုင်ငံရဲ့ အစ္စလာမ်ပြစ်မှုစီရင်ထုံးအရ

အိမ်တွင်းအကြမ်းဖက်မှု ဒါမှမဟုတ် မိသားစု သိက္ခာဆည်တဲ့ သတ်ဖြတ်မှုတွေမှာ ဖခင်နဲ့ တခြားမိသားစုဝင်တွေက ကလေးတွေကို သတ်တာ၊ ထိခိုက်ဒဏ်ရာရအောင်လုပ်တာ အစရှိတဲ့ စီရင်ချက်ချမှတ်ခံရရင် ပြစ်မှုလျှော့ပေါ့ပေးလေ့ရှိပါတယ်။ ပုံမှန်အတိုင်းဆိုရင် လူသတ်မှုအတွက် သေဒဏ်ဒါမှမဟုတ် နစ်နာကြေးပေးရပေမဲ့

ဖခင်တစ်ယောက်က သူ့သမီးကို သတ်လိုက်ရင်တော့ ထောင်ဒဏ် ၃ နှစ်ကနေ ၁၀ နှစ်ကြားပဲ ကျခံရမှာပါ။အရှေ့အလယ်ပိုင်းနဲ့ အာရှတောင်ပိုင်း နိုင်ငံတွေမှာ မိသားစုသိက္ခာဆည်တဲ့ သတ်ဖြတ်မှုတွေ ဖြစ်လေ့ရှိပြီး နှစ်စဉ်နှစ်တိုင်း ကမ္ဘာတစ်ဝန်းမှာ အသတ်ခံရတဲ့ အမျိုးသမီး ၅၀၀၀ လောက်ရှိတယ်လို့ ကုလသမဂ္ဂက ခန့်မှန်းထားပါတယ်။