ဇနီးအား သေနတ်ဖြင့် ပစ်သတ်ပြီး မိမိကိုယ်ကိုလဲ အဆုံးစီရင်သွားသည့် ဖခင်ကြောင့် ကလေးသုံးယောက် မိဘမဲ့ ဖြစ်ရရှာပြီ

ကလေးသုံးယောက်ရှိတဲ့သူက ဇနီးကိုသေနတ်နဲ့ပစ်သတ်ပြီး ကိုယ့်ကိုယ်ကိုလည်းသတ်သေသတဲ့ ကျန်ခဲ့တဲ့ကလေးသုံးယောက်က မိဘမဲ့ဖြစ်ရရှာပေါ့

အမှုဖြစ်စဉ်မှာ၂၆.၅.၂၀၂၀ရက်နံနက် ၇နာရီ၃၀မိနစ်အချိန်ခန့်ကတနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ ဇဝဲကျေးရွာအုပ်စု၊ လေးမိုင်ဒူးကျိုးရွာတွင် ခင်ပွန်းဖြစ်သူမှ ဇနီးသည်အား (တူမီး) ယမ်းထောင်းသေနတ်ဖြင့် ပစ်သတ်၍ မိမိကိုယ်ကို သေနတ်ဖြင့်ပစ်၍ သေကြောင်းကြံစည်မှုဖြစ်ပွားကြောင်း

ကျေးရွာတာဝန်ရှိသူက အကြောင်းကြားချက်အရ တနသ်ာရီမြို့မရဲစခန်းမှ စခန်းမှုးမြင့်အောင်၊ ဒုရဲအုပ်သော်တာမျိုးနှင့်ရဲတပ်ဖွဲ့ဝင်တို့က အခင်းဖြစ်ကျေးရွာသို့ ရောက်ရှိစစ်ဆေးရာ နေအိမ်အတွင်း ကြမ်းပြင်ပေါ်တွင် ဦးရွှေထွန်းဗိုလ်၏ဇနီးဖြစ်သူ ဒေါ်စန်းတင့်(ခ)ဒေါ်မီးတင့်(၄၉)နှစ်သည် ပက်လက်အနေအထားနှင့်

ကျည်ဖောက်ဝင်ဒဏ်ရာဖြင့် သေဆုံးနေသည်ကို စစ်ဆေးတွေ့ရှိရကာ ဦးရွှေထွန်းဘိုသည် နေအိမ်ပေါ်တွင် ဒင်ပြောင်းအရှည်(၅)ပေ (၁)လက်မခန့်ရှိ (တူမီး) ယမ်းထောင်းသေနတ်၏ မောင်းခလုတ်တွင် အရှည်(၁)ပေခန့်ရှိ ခြင်ထောင်ကြိုးဖြင့် ချည်လျှက် သေနတ်ပြောင်းအား ဝဲဘက်လက်ဖြင့် ဆုပ်ကိုင်၍

ဝဲဘက်ရင်ဘတ်တွင် ခဲသီးဝင်ပြီး ဝဲဘက်ကျောပြင်မှ ဖောက်ထွက်ဒဏ်ရာရရှိကာ သေဆုံးနေကြောင်း၊ ဇနီးဖြစ်သူအား သေနတ်ဖြင့်ပစ်သတ်ကာ မိမိကိုယ်ကိုသတ်သေခဲ့သူ ရွှေထွန်းဗိုလ်အား အရေးယူပေးပါရန် မိခင်ဖြစ်သူ ဒေါ်…က တရားလိုပြုလုပ် အမှုဖွင့်လှစ်ခဲ့ရာ တနင်္သာရီမြို့မရဲစခန်း (ပ)၂၁၇/၂၀၂၀၊

ရာဇသတ်ကြီးဥပဒေပုဒ်မပုဒ်မ ၃၀၂ဖြင့် အမှုဖွင့်လှစ်ကာ အမှုစစ်အဖြစ်ဒုရဲမှုးမြင့်အောင်က လက်ခံစစ်ဆေးကာ အခင်းဖြစ်ရပ်စစ်ဆေးခြင်း၊ မြေပုံကြမ်းရေးဆွဲခြင်း၊ မှတ်တမ်းပုံရိုက်ကူးခြင်း၊ သက်သေခံပစ္စည်း တူမီးယမ်းထောင်းသေနတ်ကို သိမ်းဆည်းကာ သေဆုံးသူနှစ်ဦးးကို ရဲဆေးစာနင့်အတူ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကာ

တရားလိုနှင့် မိခင်ဖြစ်သူကို စစ်မေးရာ မိခင်ဖြစ်သူက ၎င်းသည် နံနက်၇နာရီအချိန်ခန့်က နေအိမ်တွင်ရှိနေစဉ် ဦးရွှေထွန်းဗိုလ်+ဒေါ်မီးတင့်တို့နေထိုင်သော အိမ်ဘက်က သေနတ်သံကြားရသောကြောင့် သွားရောက် ကြည့်ရှုရာ ဒေါ်မီးတင့်မှာ သေနတ်ဒဏ်ရာဖြင့် သေဆုံးနေသည်ကို မြင်တွေ့ရကာ သူ့ကိုယ်သူလည်း

သေနတ်နှင့်ပြန်လည်ပစ်ခတ်ရန် ကြံစည်နေကာ တူမီးသေနတ်ကို ခဲယမ်းပြန်ထောင်းနေသည့်အတွက် ၎င်းကဘေးပါတ်ဝန်းကျင်သို့ အော်ဟစ်အကူအကူအညီတောင်းခံခဲ့ရာ ဦးရွှေထွန်းဗိုလ်က တံခါးဝကနေ မည်သူ့ကိုမျှ ပေးအဝင်မခံဘဲ လက်ထဲကဓားနှင့် ယမ်းနေသဖြင့် မည်သူမျှမတက်ရဲဘဲရှိနေစဉ် ဦးရွှေထွန်းဗိုလ်က

ခေါင်းအုံးတစ်လုံးယူကာ ဇနီးအနားလှဲကာ ကိုယ့်ကိုကိုယ် ပစ်သတ်ခဲ့ကြောင်း ပေါ်ပေါက်ကာ သေဆုံးသူ ရွှေထွန်းဗိုလ်နှင့် ဒေါ်မီးတင့်တို့တွင် သားသမီး (၃)ဦးရှိပြီး ဦးရွှေထွန်းဗိုလ်သည် စိတ်ဖောက်ပြန်ရောဂါနှင့် စိတ်ကျန်းမာရေးဆေးရုံတွင် ကုသမှုခံယူဘူးသူဖြစ်ကြောင်းနှင့် ရွှေထွန်းဗိုလ်သည် လွန်ခဲ့သော ၁၅နှစ်ခန့်က

မိုင်းနင်းမိသောဒဏ်ရာဖြင့် ယာဘက်ဒူးအောက်မှ ပြတ်နေသူဖြစ်ကာ အရက်သေစာသောက်စား၍ စိတ်ကျရောဂါ ခံစားနေရသူဖြစ်ကြောင်း၊ အိမ်တွင်းရေး အဆင်မပြေမှုကြောင့် လင်မယားချင်း မကြာခဏ ရန်ဖြစ်စကားများလေ့ရှိရာမှ ၂၆ .၅.၂၀၂၀ရက်နေ့ နံနက် ၇ နာရီ အချိန်တွင် ဇနီးဖြစ်သူ ဒေါ်စန်းတင့် (ခ) မမီးတင့်

အသက် (၄၉) နှစ်ကို (တူမီး) ယမ်းထောင်းသေနတ်ဖြင့် ပစ်သတ်ပြီးမိမိကိုယ်ကိုလည်းသေနတ်ဖြင့်ပစ်၍ သတ်သေကြောင်းကြံစည်ခဲ့ခြင်းဖြစ်ကြောင်း ပေါ်ပေါက်ချက်အရအသေးစိတ် စစ်ဆေးနေကြောင်းသိရသည်။ အောင်ကျော်ဦး(ပြည်မျက်လုံး)S .H ရှုထောင့်မှုခင်းနှင့်သတင်းဂျာနယ် အမှန်တရားသတင်းဂျာနယ်