ကိုဗစ်ကြောင့် ယောက်ျားရဲ့ နောက်ဆုံးအချိန်းလေးတောင် တွေ့မသွားရတဲ့ စလုံးက အမျိုးသမီးယဉ်မောင်း

ဪ…. Covid ကာလ ဘဝတွေ….

မေလ 23 ရက်နေ့ ညနေမှောင်ရီတရောမှာစင်ကာပူ Clementi Avenue 1 က ကားမှတ်တိုင်အမှတ် 16891 မှာ Bus နံပါတ် 189 တစ်စီးထိုးရပ်ထားပြီး အထဲမှာ အမျိုးသမီးဒရိုင်ဘာတစ်ယောက် ချုံးပွဲချ ငိုနေပါတယ်။ Clementi ဆိုတာ မြန်မာတွေအနေများတဲ့နေရာပေါ့။ Circuit breaker ကာလမို့ထင်ပါတယ်။

Bus ကားထဲမှာ ခရီးသည်မပါပါဘူး။ ဖြတ်လျှောက်သွားတဲ့လူတစ်ယောက်ကတွေ့သွားပြီး Bus ကားပေါ်တက်ကာ အခြေအနေကို မေးမြန်းပါတယ်။ နောက်တော့ လူတစ်ယောက်ထပ်ရောက်လာပြီး ရဲကိုဖုန်းဆက်ကာ အမျိုးသမီး Bus ဒရိုင်ဘာတစ်ယောက် ငိုနေကြောင်း အကြောင်းကြားလိုက်ပါတယ်။

Bus ကုမ္ပဏီက သိသွားပြီး လူစားထိုးဖို့ လွှတ်လိုက်ပါတယ်။ အဲ့ဒီအမျိုးသမီးက မလေးရှားနိုင်ငံက ဖြစ်ပါတယ်။ Covid-19 ကာလမှာ အများပြည်သူကိုပို့ဆောင်ပေးနေစဉ်မှာ သူ့အမျိုးသားက မလေးရှားမှာ ကွယ်လွန်သွားခဲ့ကြောင်း အကြောင်းကြားလို့ ဖြစ်ပါတယ်။ သူ့ခမျာဘယ်လိုမှ ကားဆက်မမောင်းနိုင်တော့လို့

တစ်ယောက်တည်းကားဂိတ်မှာ ကားရပ်ထားရင်း ငိုနေတာဖြစ်ပါတယ်။ ရဲကိုအကြောင်းကြားနေစဉ်မှာ အဲ့ဒီအမျိုးသမီးဟာ ဖုန်းစခရင်ကိုကြည့်ကာ တရှုပ်ရှုပ်နမ်းလိုက် ငိုလိုက်ဖြစ်နေပါတယ်။ ​ပါးစပ်ကလည်း “စိတ်ချမ်းသာစွာနဲ့ သွားပါတော့ရှင်” လို့ ရေရွတ်ကာ နုတ်ဆက်နေရှာပါတယ်။ Covid-19 ကာလအတွင်းမှာ

သူ့ခမျာ သူ့ရဲ့ ချစ်လှစွာသောခင်ပွန်းနဲ့ မတွေ့ရတာဘယ်လောက်ကြာပြီဆိုတာ မသိပါခင်ဗျား။ ဒီမှာရပ်ပါမယ်။ တော်ကြာ မိကျောင်းသေလို့ ငိုခိုင်းလိုက် မလေးရှားကမမြင်ဖူးတဲ့ ကုလားကြီးသေလို့ ငိုခိုင်းလိုက်နဲ့လို့ ပြောနေကြအုံးမယ်။ Richard Myo Thant 27-May-2020