အေအေအဖွဲ့အား ရိက္ခာသွားရောက်ပို့ပေးရသူ အရပ်သားတစ်ဦး သေဆုံးသွားသည်ကို အေအေက မိသားစုထံအကြောင်းမပေး…အလောင်းတွေ့မှ သေမှန်းသိရ

AA အဖွဲ့ အား ရိက္ခာသွားရောက်ပို့ပေးသူ အရပ်သားတစ်ဦး သေဆုံးသွားသော်လည်း မိသားစုအားအကြောင်း မကြားပေးသောကြောင့် အလောင်းတွေ့မှ သေမှန်းသိရ

AA အဖွဲ့ အား ရိက္ခာသွားရောက်ပို့ပေးသူ အရပ်သားတစ်ဦး သေဆုံးသွားသော်လည်း မိသားစုအားအကြောင်း မကြားပေးသောကြောင့် အလောင်းတွေ့မှ သေမှန်းသိရကြောင်း သေဆုံးသူ၏ မိသားစုထံမှ သိရှိရသည်။ ဖြစ်စဉ်မှာ ရခိုင်ပြည်နယ်၊ မင်းပြားမြို့၊ သင်ပုန်းချောင်းကျေးရွာနေ ကိုဝင်းမောင်၊ အသက် ၃၂နှစ်၊ (ဘ)ဦးကျော်စိန်၏သားဆိုသူသည်

၂၀၂၀ခုနှစ်၊ ဇန်န၀ါရီလ၊ ၇ ရက်နေ့ နံနက်ပိုင်းတွင် AA စစ်ကြောင်းရှိရာနေရာအား ရိက္ခာသွားပို့မည်ဟုဆိုကာ အိမ်မှထွက်သွားပြီး မိသားစုနှင့် (၄)လနီးပါး အဆက်အသွယ်ပျက်ခဲ့ရာမှ မနေ့က ထင်းခုတ်သမားတစ်ယောက် တောင်ပေါ်သို့ ထင်းခုတ်ရန် သွာရောက်ရာစဉ် လူသေအလောင်းတစ်လောင်းမြုပ်နှံထားသည်ကို တွေ့ရှိခဲ့ပြီး မိသားစုများ သွားရောက်ကြည့်ရှုခဲ့ရာမှ

ကိုဝင်းမောင်သွားသည့်အခါ၌ ၀တ်ဆင်ထားသော အကျီင်္အားတွေရှိခဲ့ပြီး မိသားစုဝင်များမှ ၎င်း၏အလောင်းဖြစ်ကြောင်း အတည်ပြုခဲ့ခြင်း ဖြစ်သည်။ “ ပျောက်တာတော့ (၄)လကျော်ပြီ အခု ရန်ကုန်-စစ်တွေ ကားလမ်းပေါ်က ကြက်ယက် ဘုရားတောင်ပေါ်မှာ မြုပ်နှံထားသည့် အလောင်းတွေ့တယ်ဆိုလို့ သွားကြည့်တာကနေ ကျမ ခင်ပွန်းဝတ်ထားတဲ့အကျီင်္ကိုတွေလို့ အတည်ပြုလိုက်တာ၊

အရင်က တိုက်ပွဲဖြစ်ခဲ့တာရှိတယ်။ သေတယ်ဆိုလည်း AA ဘက်က ဖုန်းဆက်ပြီးအကြောင်းကြားသင့်တယ်၊ သူတို့ဆီရိက္ခာပို့တာ မရောက်သေးလို့ ခဏခဏဖုန်းဆက်နေလို့ မပို့လို့မဖြစ်တဲ့အဆုံး သူတို့မှာထားတဲ့ စစ်ရှောင်စခန်းကခွဲတမ်းတွေ သွားတင်ပြီးပို့လိုက်တာကနေ ပျောက်သွားတာ၊ အခုသူ့အတွက် အသုဘလုပ်ဖို့ စီစဉ်ရဦးမယ်၊ ရွာကလည်း ၀ိုင်းထောက်ပံ့ပေး တာတွေရှိတယ်” ဟု

ကိုဝင်းမောင်ရဲ့ဇနီးဖြစ်သူ မနီနီမှ ပြောသည်။ ကိုဝင်းမောင်မှာ ကိုယ်ပိုင်ကားဖြင့် ခရီးသည်များအား တင်ဆောင်ပြေးဆွဲနေသူတစ်ဦး ဖြစ်ပြီး မင်းပြားမြို့၊ သင်ပုန်းချောင်းကျေးရွာတွင် နေထိုင်သူတစ်ဦးဖြစ်ကာ လူမှုရေးအရှုပ်အရှင်း ကင်းသူတစ်ဦးဖြစ်ကြောင်း ဒေသခံများထံမှ သိရှိရသည်။

AA အဖွဲ့အနေဖြင့် ၎င်းတို့ရိက္ခာအတွက် အရပ်သားများအား ပို့ဆောင်ခိုင်းမှုများရှိနေပြီး ကားပိုင်ရှင်များဖြင့်သာမက ရေကြောင်းမှ စက်လှေပိုင်ရှင်များအား ပို့ဆောင်ခိုင်းလျှက်ရှိကြောင်း ဒေသခံများထံမှ သိရှိရသည်။ May Yu Nadi