စစ်ကိုင်း (အင်းဝ) တံတားအဟောင်း ပေါ်ကနေခုန်ချတဲ့ အမွှာညီအမထဲက တစ်ယောက်ရဲ့ ရုပ်အလောင်းတွေ့

စစ်ကိုင်း (အင်းဝ) တံတားအဟောင်း ပေါ်ကနေခုန်ချတဲ့ အမွှာညီအမထဲက တစ်ယောက်ရဲ့ ရုပ်အလောင်းတွေ့

စစ်ကိုင်း မေ ၂၆ ၂၀၂၀ ရှိုင်းအောင်+ စောပြည့်ချမ်းသာ (VOM) စစ်ကိုင်းတံတားအဟောင်းပေါ်ကနေ ခုန်ချခဲ့တဲ့ အမွှာညီအမ နှစ်ယောက်ထဲက တစ်ယောက်ရဲ့ ရုပ်အလောင်းကို ဒီနေ့ မေ ၂၆ ရက်နေ့ မနက်ပိုင်း ၁၁ နာရီခန့် စစ်ကိုင်းမြို့အနောက်ခြမ်း ရိပ်သာကျွန်းမှာတွေ့ရှိခဲ့တာပဲ ဖြစ်ပါတယ်။ မေလ ၂၄ရက်နေ့ မနက်ပိုင်းမှာ စစ်ကိုင်းတံတား လေးဂုံးမြောက်မှာ

Super Cub ဆိုင်ကယ်အမျိုးအစားကို တွေ့ရှိခဲ့တာဖြစ်ပြီး စစ်ကိုင်းတံတားပေါ်ကနေ ခုန်ချသွားတယ်လို့ ယူဆရတာကြောင့် စုံးစမ်းရှာဖွေနေတာဖြစ်ပြီး ဒီကနေ့မနက်မှာ စစ်ကိုင်းမြို့ အနောက်ဘက်ခြမ်း ရိပ်သာကျွန်းရွာက ရေလုပ်သားတယောက်ရဲ့ သတင်းပေးပို့ချက်အရ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ကနေ အဲ့ဒီရုပ်အလောင်းကို သွားရောက် သယ်ဆောင်ပြီး စစ်ကိုင်းဆေးရုံကြီးက

ရင်ခွဲရုံကို ပို့ဆောင်ပေးခဲ့တာပဲ ဖြစ်ပါတယ်။ အဲ့ဒီဖြစ်စဉ်မှာ ပျောက်ဆုံးနေတဲ့ညီအမနှစ်ယောက်ထဲက အင်းဝမြို့ ပြင်စည်တန်းရပ်ကွက်ကလို့ သိရပါတယ်။ နောက်တယောက်ကိုတော့ ရှာဖွေနေဆဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ် စက်တင်ဘာ ၂၉ ရက်နေ့ က မင်းလမ်းရပ်မှာနေတဲ့ ဦးနိုင်အောင်ရင် ၅၂ နှစ် က အင်းဝ(စစ်ကိုင်း) တံတား စစ်ကိုင်းဘက်ခြမ်းက ခုန်ချခဲ့ကာ ၊ နောက်ရက်

စက်တင်ဘာ ၃၀ မှာ ၁၅နှစ်အရွယ် သီလရှင်တပါးဟာ ရတနာပုံတပါးပေါ်က ခုန်ချခဲ့ပေမယ့် အချိန်မှီကယ်တင်နိုင်ခဲ့ပါတယ်။ သြဂုတ် လ ၂၉ ရက်နေ့ က မိုးကုတ်မြို့ ကျပ်ပြင်ရပ်မှာနေတဲ့ မစန္ဒီနွယ်နွယ်ထွန်း (၂၂)နှစ် က အင်းဝ (စစ်ကိုင်း) တံတား ၃ ဂုံးမြောက် က ခုန်ချခဲ့ပြီး ယနေ့အချိန်ထိ ရှာဖွေ တွေ့ရှိခြင်းမရှိသေးပါဘူး၊ ဇန်နဝါရီ ၂၇ ရက်ကလည်း

မျက်စေ့ဝေဒနာသည်သမီးလေးရဲ့ ရောဂါကြောင့် သားအဖ၂ယောက် ကုန်းနံပါတ်၎ကနေ ခုန်ချသေဆုံးခဲ့ပါသေးတယ်။ အင်းဝတံတား(စစ်ကိုင်း)ပေါ်ကနေဧရာဝတီမြစ်အတွင်းကို ခုန်ချသေဆုံးမှု ဒီအကြိမ်နဲ့ဆို ၆ ကြိမ်ရှိပြီး ဧရာဝတီတံတားရတနာပုံတံတားသစ်ပေါ်ကနေ ဧရာဝတီမြစ်အတွင်းခုန်ချမှုနှစ် ကြိမ်ဖြစ်ပွားခဲ့ပြီး သီလရှင်ဆရာလေးတပါးပဲ အသက်ရှင်လျှက်ကယ်တင်ရခဲ့ဘူးပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *