ပိုက်ဆံ ၁၄၀၀ အတွက် လူသတ်မှု့ဖြစ်ခဲ့သော လက်ပံတန်းမြို့နယ်က အဖြစ်ပျက်

အကြွေး (၁၄၀၀)ကျပ်တောင်းရာမှ လူသတ်မှုဖြစ်

အမှုဖြစ်စဉ်မှာ ၂၄.၅.၂၀၂၀ရက် ည၁၁နာရီအချိန်ခန့်က ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် ကြက်အတောင်ပံနှင့် ဓညင်းသီးဖိုးအကြွေး ၁၄၀၀ကျပ်တောင်းရာမှ စကားများရန်ဖြစ်ကာ လူသတ်မှုဖြစ်ခဲ့ကြောင်း သတင်းအရ လက်ပန်တန်းမြို့မရဲစခန်းမှုး ဒုရဲမှုးမျိုးညွန့်နှင့် နယ်ထိန်းတပ်ဖွဲ့ဝင်တို့ကသွားရောက်စစ်ဆေးခဲ့ရာ

ဖြစ်စဉ်မှာ ၂၄.၅.၂၀၂၀ရက်နေ့ည ၁၁နာရီအချိန်ခန့်က လက်ပံတန်းမြို့နယ်၊ ကွမ်းခြံကျေးရွာအုပ်စု၊ ကျောင်းစုကျေးရွာနေ ဈေးရောင်းချသူ မျိုးကိုကိုဦး (၃၅)နှစ်သည် တစ်ရွာထဲနေ ဂွတို(ခ)မင်းအောင်ဆီမှ ကြက်တောင်ပံနှင့် ဓညင်းသီးရောင်းချထားသော ဈေးဖိုးအကြွေး (၁၄၀၀)ကျပ်တောင်းရာမှ တယောက်တခွန်းစကားများကာ မျိုးကိုကိုဦးမှ

အသင့်ပါလာသော ဂိုက်(ခေါ်)ဓားလှံဖြင့် ဂွတို(ခ)မင်းအောင်၏ ဘယ်ဘက်နံအောက်ကို ထိုးခဲ့ရာ နရာတွင်လဲကျသေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသောကြောင့် အခင်းဖြစ်ရပ်စစ်ဆေးခြင်း၊ မြေပုံကြမ်းရေးဆွဲခြင်း၊ မှတ်တမ်းပုံရိုက်ကူးခြင်း၊ သေဆုံးသူကို ရဲဆေးစာနှင့်အတူလက်ပန်တန်းမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကာ

ဂွတို(ခ)မင်းအောင်သေဆုံးမှုနှင့်ပတ်သက်၍ ၎င်း၏ဇနီးဖြစ်သူမှ ကျေးရွာအုပ်ချုပ်ရေးမှူးမှတဆင့် လက်ပံတန်းမြို့မရဲစခန်းသို့တရားလိုပြုလုပ်အမှုဖွင့်တိုင်ကြားခဲ့ရာ လက်ပန်တန်းရဲစခန်း(ပ) ၄၅၉/၂၀၂၀ ရာဇသတ်ကြီးဥပဒေ ၃၀၂ အရ အမှုရေးဖွင့်ကာ အမှုစစ်ဒုရဲမှုးမျိုးညွန့်က နယ်ထိန်းအဖွဲ့များနှင့် ရဲတပ်ဖွဲ့ဝင်များလိုက်ပါလျက်

ပြစ်မှုကျူးလွန်အား ညတွင်းချင်းသွားရောက်ဖမ်းဆီးကာ အမုနှင့်အသေးစိပ်စစ်ဆေးနေကြောင်းသိရသည်။ မြင့်ရွှေ(လက်ပန်တန်း)S .H ရှုထောင့်မှုခင်းနှင့်သတင်းဂျာနယ်

Add a Comment

Your email address will not be published. Required fields are marked *