ကြက်ပွဲ ရှုံးလာပြီးနောက် ယောက္ခထီး ရဲ့  ဝှေးစေ့ ကို ညှစ်ကာ သတ်ခဲ့တဲ့အမျိုးသမီးရဲ့ လုပ်ရပ် …

ကြက်ပွဲ ရှုံးလာပြီးနောက် ယောက္ခထီး ရဲ့  ဝှေးစေ့ ကို ညှစ်ကာ သတ်ခဲ့တဲ့အမျိုးသမီး …

Jharkhand ပြည်နယ်၊ Saitola မြို့နယ်ရှိ အကျဉ်းထောင် မူခင်းဆိုင်ရာရဲတပ်ဖွဲ့ရဲ့ထုတ်ပြန်ချက်အရ Gauဟာ သားနဲ့ ချွေးမဖြစ်သူတို့ ကြက်ပွဲတိုက်ပြီး ရှုံးလာတာကြောင့် အငြင်းပွားနေတာကို ဖျန်ဖြေဖို့ကြိုးစားခဲ့ တာဖြစ်ပါတယ်။ ဒါကို ကြက်ပွဲရှုံးလို့ ဒေါသထွက်နေတဲ့ ချွေးမဖြစ်သူက Gauရဲ့ဝှေးစေ့ကို ညစ်ပစ်ခဲ့တာပါ။ Gauဟာ ဝှေးစေ့ကြေပြီး သွေးထွက်လွန်ကာပွဲချင်းပြီး သေဆုံးခဲ့တာဖြစ်ပါတယ်။

ဒေသခံရဲမှူး Ashok Kumarက ”လင်မယားနှစ်ဦးစလုံးက အရက်တွေသောက်ထားပုံရပါတယ်။ သားနဲ့ ချွေးမအကြားဖျန်ဖြေရင်း ဝှေးစေ့ညစ်ခံရကာ Gau သေဆုံးခဲ့တာဖြစ်ပါတယ်။ အလောင်းခွဲစိတ်မှုအရ ဝှေးစေ့ဟာ ထိခိုက်မှုများပြီး သွေးထွက်လွန်ကာ သေဆုံးခဲ့တာဖြစ်ပါတယ်”လို့ ပြောခဲ့ပါတယ်။

ဒေသခံရဲတွေဟာ တရားခံ ချွေးမဖြစ်သူ Anima Kharia ကို Jharkhand ပြည်နယ်၊ Saitolaမြို့နယ်ရှိ အကျဉ်းထောင်မှာ ဖမ်းဆီးထားပြီး စစ်ဆေးမှုတွေ အဆင့်ဆင့်ပြုလုပ်နေပါတယ်။ ရဲတွေက တရားမ၀င်ကြက်ပွဲအမှုကိုပါ ထည့်သွင်းစစ်ဆေးခဲ့ပေမယ့် Anima Kharia နဲ့ ခင်ပွန်းဖြစ်သူတို့ကတော့ အဲဒီတရားမ၀င် ကြက်ပွဲအကြောင်းကို ရှောင်လွှဲကာ ဖြေထားတယ်လို့ သိရပါတယ်။

ဒီအဖြစ်အပျက်လေးဟာ ဟာသလို့ထင်ရပေမယ့် စာဖတ်သူ ပရိတ်သတ်ကြီး အသိတရားတွေ ရစေချင်ပါတယ်။ တစ်ခဏတာ အခိုက်အတန့်လေး ဒေါသကို ရှေ့တန်းတင်မိတဲ့အတွက် အားလုံး ဒုက္ခရောက်ကြရတယ်။ သေသူကသေ သတ်သူက ထောင်ကျ။ ပျော်စရာ လွတ်လပ်တဲ့ဘ၀တေ ကြေမွပျက်စီးကြရတယ်။

အားလုံးဟာ သာမန်ပုထုဇဉ်တွေဖြစ်တဲ့အတွက် ဒေါသတွေဖြစ်ကြပါတယ်။ ဒါပေမယ့် အဲဒီဒေါသတွေကို အသိတရား သတိရားလေးတွေနဲ့ ထိန်းချုပ်ကြပါလို့ ဆန္ဒပြုပေးလိုက်ပါတယ်နော်….