မြောက်ဒဂုံမြို့နယ်က KTV တစ်ခုတွင် ပိတ်လှောင်ခံခဲ့ရသည့် အမျိုးသမီ၏ ဖြစ်ရပ်

မြောက်ဒဂုံမြို့နယ်အတွင်းရှိ KTV တစ်ခုတွင် ပိတ်လှောင်ခံခဲ့ရသည့်အမျိုးသမီးကို ကယ်တင်နိုင် / ၁၈ နှစ်အရွယ် အမျိုးသမီးငယ်တွင် အမှုဖွင့်နိုင်သည့် အင်အားမရှိသဖြင့် အမှုမဖွင့်ဘဲ ရွာပြန်သွားခဲ့ဟု ဆို

ရန်ကုန်တိုင်းဒေသကြီး မြောက်ဒဂုံမြို့နယ်အတွင်းရှိ KTV တစ်ခုတွင်ပိတ်လှောင်ခံခဲ့ရသည့်အမျိုးသမီးတစ် ဦးကို တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးနိုင်ဇော်လင်းအပါအ၀င် ရဲတပ်ဖွဲ့ဝင်များ၊သက်ဆိုင်ရာ တာဝန်ရှိသူများ၏ ကြိုးပမ်းမှုဖြင့် ကယ်တင်ပေးနိုင်ခဲ့သော်လည်း အဆိုပါအမျိုးသမီးမှာ

အမှုဖွင့်နိုင်သည့် အင်အားမရှိခြင်းကြောင့် ရွာပြန်သွားကြောင်း ဒဂုံမြို့ သစ်(မြောက်ပိုင်း)အမှတ်(၂)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးနိုင်ဇော်လင်းက The Ladies သို့ ယနေ့ (မေလ ၂၃ ) ညနေပိုင်းက ပြောသည်။ အမျိုးသမီးတစ်ယောက်က ရပ်ကွက်အုပ်ချုပ်ရေးကို ဖုန်းဆက်လာတယ်။

အမျိုးသမီးတစ်ယောက်ပိတ်လှောင်ခံထားရတယ်ဆိုပြီး။ အဲ့ဒီမှာ ကျွန်တော်ကသက်ဆိုင်ရာ ရဲတပ်ဖွဲ့တွေဆီဆက်သွယ်ဆောင်ရွက် ပေးတာပါ။ ပြန်ခေါ်ထုတ်နိုင်တော့ ကောင်မလေးက သူ့အဒေါ်ကိုခေါ်ပေးဖို့ပဲပြောတယ်။ အမှုဖွင့်နိုင်တဲ့အင်အားလည်းမရှိဘူးဆိုပြီး သူ့အဒေါ်နဲ့အတူရွာပြန် သွားပါပြီ”ဟု ဦးနိုင်ဇော်လင်းကပြောသည်။

အဆိုပါအမျိုးသမီးသည် မြေလတ်မြို့တစ်မြို့တွင် နေထိုင်သည့် အသက် ၁၈ နှစ်အရွယ်ခန့်ရှိ မိန်းကလေးငယ်ဖြစ်သည်။ အလှပြင်ဆိုင်နှင့်အလွန်ရင်းနှီးသည် ဆိုသည့်အမျိုးသမီးတစ်ဦးနှင့် လူမှုကွန်ယက်စာမျက်နှာ( Facebook ) မှတစ်ဆင့် မိတ်ဆွေဖွဲ့ရင်းနှီးခဲ့ရာမှ အလုပ်လုပ်ချင်သဖြင့်အကူအညီတောင်းခဲ့ရာ အလှပြင်ဆိုင်နှင့် ရင်းနှီးသည်ဆိုသည့်အမျိုးသမီးက

မိန်းကလေး ၂ ဦးစာ အလုပ်ရှိသည်ဟုဆိုခြင်းကြောင့် သူငယ်ချင်းဖြစ်သူ အမျိုးသမီးနှင့် ရန်ကုန်သို့လာခဲ့ခြင်းဖြစ်သည်ဟု သိရှိရသည်။ ယင်းနောက် လူမှုကွန်ယက်စာမျက်နှာတွင် သိကျွမ်းခဲ့သည့်အမျိုးသမီး၏အိမ်တွင်တည်းခိုခဲ့ကြောင်း၊အတူပါလာသည့်သူငယ်ချင်းကို အလှပြင်ဆိုင်တွင် အလုပ် ရသည်ဟုပြောဆိုပြီးနောက်

၎င်းကိုမူ မြောက်ဒဂုံမြို့နယ်အတွင်းရှိ KTVတစ်ခုသို့ လွှဲပေးလိုက်ပြီးနောက် တွင် ယင်း KTVတွင်ပိတ်လှောင်ခံခဲ့ရခြင်းဖြစ်ကြောင်းသိရှိရသည်။ လေးစားစွာဖြင့် ခရစ်ဒက်………The Ladies News

Add a Comment

Your email address will not be published. Required fields are marked *