မူးယစ်ရမ်းကားတဲ့ တရုတ်နိုင်ငံသားကိုထိန်းသိမ်းရာကနေ သေနတ်မှန်ပြီးသေဆုံး

မူးယစ်ရမ်းကားတဲ့ တရုတ်နိုင်ငံသားကိုထိန်းသိမ်းရာကနေ သေနတ်မှန်ပြီးသေဆုံး

မြဝတီ ၊ မေ၂၄-၂၀၂၀ သူရိန်(VOM) ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ်(၅)ရပ်ကွက်၊ စိုက်/ဇုန်ရပ်၊ ၁၈ဂိတ်(စောနေစိုးမြကျေးရွာ)အနီးမှာ အရက်သေစာ သောက်စားမူးယစ်ပြီး ဓါးရှည်ကိုင်ဆောင်ကာ ပတ်ဝန်းကျင်ကို ဆဲဆိုအော်ဟစ်သောင်းကျန်းနေတဲ့ တရုတ်နိုင်ငံသားကို ထိန်းသိမ်းရာက သေနတ်ကျည်ထွက်ပြီး သေဆုံးမှု

ဒီကနေ့မနက်(၂)နာရီလောက်က ဖြစ်ပွားခဲ့ပါတယ်။ အဲ့ဒီအခင်းဖြစ်နေရာကို မြဝတီမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များနဲ့ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တွေ သွားရောက်စစ်ဆေးခဲ့ရာမှာတော့ မူးယစ်ရမ်းကားသူကို သေနတ်နဲ့ပစ်ပြီး ထိန်းသိမ်းသူဟာ KNU/KNLA(PC)ရင်း(၇၇၇)မှ တသအဆင့်ရှိသူတစ်ဦးဖြစ်တယ်လို့ သိရပါတယ်။

သေနတ်ပစ်ခတ်မှုကြောင့် ဦးအောင်သန်းဆိုသူမှာ ဝဲ/ယာခြေသလုံး ကျည်ဖောက်ဝင်ဒဏ်ရာ၊ ဖြိုးဝေဦးဆိုသူမှာ လည်ပင်းရှတ်ထိဒဏ်ရာ(၁)ချက်၊ ဦးပေါ်ကြူးခိုဆိုသူမှာ ဝဲခြေသလုံး ကျည်ဖောက်ဝင်ဒဏ်ရာ(၁)ချက်တို့ရရှိပြီး ဦးအောင်သန်းဆိုသူရဲ့ တန်းလျားမှာ ငှားရမ်းနေထိုင်သူ ဝမ်ဖူစိုက်(တရုတ်နိုင်ငံသား)မှာတော့

ယာခေါင်းဘေး ကျည်ဖောက်ဝင်ဒဏ်ရာ(၁)ချက် အသီးသီး ရရှိခဲ့ပါတယ်။ ဒါကြောင့် KNU/KNLA(PC)ရင်း(၇၇၇)မှ တပ်ပိုင်မော်တော်ယာဉ်နဲ့ ဗိုလ်အဆင့်ရှိ စောနေစေးမှူးအဖွဲ့က မြဝတီခရိုင်ပြည်သူ့ဆေးရုံကို လိုက်လံပို့ဆောင်ပေးခဲ့ရာ ဝမ်စိုက်ဆိုသူ(တရုတ်နိုင်ငံသား)မှာ ရရှိတဲ့ဒဏ်ရာနဲ့ သွေးထွက်လွန်ပြီး မြဝတီခရိုင်ပြည်သူ့ဆေးရုံကြီးမှာပဲ သေဆုံးသွားခဲ့ပါတယ်။

ဒီဖြစ်စဉ်နှင့်ပတ်သက်ပြီး အိမ်ပတ်ဝန်းကျင်က မျက်မြင်တွေ့ခဲ့တဲ့ ကိုသန်းဝေ ဆိုသူကိုမေးမြန်းရာ “ဦးအောင်သန်းနေအိမ်တန်းမှာ ရှိနေချိန် ဦးအောင်သန်းတန်းလျားမှာ ငှားရမ်းနေထိုင်တဲ့ ဝမ်ဖူစိုက်က အရက်သေစာသောက်စားမူးယစ်ပြီး ဓါးရှည်(၁)လက်ကိုင်ဆောင်ပြီး ပတ်ဝန်းကျင်ကို ဆဲဆိုအော်ဟစ်သောင်းကျန်းနေလို့

KNU/KNLA(PC) ရင်း(၇၇၇)ဂိတ်ကင်းတာဝန်ကျနေသူ တသအဆင့်ရှိ စောဟန်ကိုကို သွားရောက်အကူညီ‌တောင်းခဲ့တယ်။ စောဟန်ကိုက သွားရောက်တားမြစ်ခဲ့နေချိန် သူကိုင်ဆောင်တဲ့ AK-47 မောင်းပြန်ရိုင်ဖယ်သေနတ်ကို မြေစိုက်ပြီး(၂)ချက်ခြောက်လှန့်ပစ်ခက်ခဲ့တာ အဲ့ဒီမှာပဲ ဒဏ်ရာများအသီးသီး ရရှိခဲ့တယ်”လို့‌ပြောပါတယ်။

ဖြစ်စဉ်နဲ့ပတ်သက်ပြီး မြဝတီမြို့မရဲစခန်းနဲ့ KNU/KNLA(PC) ရင်း(၇၇၇)က တာဝန်ရှိသူတွေကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့်လည်း ပြန်လည်ဖြေကြားခဲ့တာမရှိပါဘူး။ သေနတ်ပစ်ခတ်ခဲ့တဲ့ KNU/KNLA(PC) ရင်း(၇၇၇)က တပ်သားအဆင့်ရှိသူကို မြဝတီမြို့မရဲစခန်းမှာ ထိန်းသိမ်းခေါ်ဆောင်ထားရှိပြီး

ဥပဒေအရ ဆက်လက်အရေးယူဆောင်ရွက်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။လေးစားစွာဖြင့် VOMအားခရက်ဒစ်ပေးပါတယ်ခင်ဗျာ