မြဆည်းဆာမှ ဖိုးဖိုး ဖွားဖွားတွေ နှင့် ပတ်ဝန်ကျင်မှ လူများကို သနားပါအုံး
|မြဆည်းဆာမှ ဖိုးဖိုး ဖွားဖွားတွေ နှင့် ပတ်ဝန်ကျင်မှ လူများကို သနားပါအုံး
မော်လမြိုင်မြို့၊ မုရောင်းကျေးရွာမှ တည်ဆောက်နေတဲ့ အမှိုက်ကြိတ်စက် အဆောက်အဦးဟာ မြဆည်းဆား ဘိုးဘွားရိပ်သာနဲ့ ပေ ၅၀ ဝန်းကျင်သာ ကွာဝေးပါတယ်။
မြဆည်းဆာ ဘိုးဘွားရိပ်သာနဲ့ ပေ ၅၀ ဝန်းကျင် အကွာမှာ တည်ဆောက်နေတဲ့ အမှိုက်ကြိတ်စက်ကို အမှိုက်စွန်ပစ်တဲ့ စည်ပင်ဧရိယာ အစွန်းဘက်မှာတည်ဆောက်သင့်ပါတယ်။
စည်ပင်ရဲ့အမှိုက်စွန့် ဧရိယာက ဧက ၃၀ ကျော်လောက်ကျယ်ဝန်းတဲ့ အနေအထားတွေ့ရတာကြောင့် လူနဲ့ဝေးရာ အစွန်းနားမှာ တည်ဆောက်ခြင်းက ပိုမိုသင့်တော်ပါတယ်။
ဒေသဖွံဖြိုးရေးကိစ္စတွေ လုပ်သင့်ပါတယ်။ ဒေသခံလက်ခံသော၊ အများပြည်သူ မထိခိုက်သော၊ ရေရှည်တည်တန့်သော နေရာမှာလုပ်သင့်ပါတယ်။
လက်ရှိတော့ ဒေသခံ ၁၄၀ ဦးဝန်းကျင်က သူတို့နေရာနဲ့နီးနေတယ်လို့ ကန့်ကွက်ထားပါတယ်။ သို့သော်လုပ်ငန်း ပြောင်းရွှေ့မူတော့ မတွေ့ရသေးပါဘူး။