လူတိုင်းကိုမကူညီနိုင်ခဲ့ပေမယ့် ဒီမောင်နှမသုံးယောက်အတွက် ကျနော်တင်တဲ့ပို့စ်လေးကို ဆုံးအောင်ဖတ်ပေးပြီး ဝိုင်းကူပေးနိုင်ဖို့ နိုးဆော်ပါတယ်နော်

အဆင်မပြေသူတွေမြင်တိုင်း မကူညီနိုင်ခဲ့ပေမယ့် ဒီမောင်နှမသုံးယောက်အတွက် ကျနော်တင်တဲ့ပို့စ်လေးကို ဆုံးအောင်ဖတ်ပေးပြီး ဝိုင်းကူပေးနိုင်ဖို့ နိုးဆော်ပါတယ်နော်

အဖေက AIDSရောဂါနဲ့ဆုံးတာလေးနှစ်ရှိပြီ။အခုအမေကပါ AIDSရောဂါနဲ့ထပ်ဆုံးတယ်။ကျန်ရစ်တဲ့သမီးကြီးက 14နှစ် သားလတ်က 9နှစ် သားငယ်က 6နှစ်အမေ Aရောဂါနဲ့အလုပ်မလုပ်နိုင်တော့လို့အိမ်ေ နာက်ဖေးက 8ပေ14ပေရှိတဲ့ ခြံလေးကို ပိုင်းပြီး အပေါင်ခံကာ25,000/30,000 နည်းနည်းစီယူရင်း

အတိုးအရင်းပေါင်းမှ 5-သိန်းလောက်နဲ့မြေကွက်ရှုံးသွားပြီ။ သမီးကြီးကခုနှစ်တန်း 2019 ပညာသင်နှစ်အစမှာ တစ်လလောက်ပဲကျောင်းတက်လိုက်ရပြီး အမေအိပ်ယာထဲလဲတော့ ကျောင်းမတက်ပဲ တစ်ရက်2,500ကျပ်နဲ ဈေးဆိုင်ကူရောင်းရင်း လုပ်ကျွေးလာတာအမေဆုံးတော့လည်း ဆိုင်မှာယူထားတဲ့ အမေ့ဆေးဖိုးအကြွေးကို တစ်ရက်

1,000ကျပ်ဆပ်ရင်း မောင်လေးနှစ်ယောက်ကို ကျွေးနေရှာတယ်။အိမ်ပြန်ရောက်ရင် သမီးကြီးကဘာမှမစားတော့ဘူး သူစားခဲ့ပြီးပဲပြောပြီး အငယ်လေးနှစ်ယောက်ကိုပဲကျွေးတယ်လေ သားလတ်ကတော့အခုလက်ရှိမှာ ကိုရင်ဝတ်နေတယ် ကျောင်းဖွင့်ရင်တော့ကိုရင်ထွက်မယ်နဲ့တူပါတယ်။သားငယ်လေး သူ့ကိုမွေးတဲ့အချိန် အမေမှာရောဂါရှိနေပြီမို့

ရင်သွေးကို နို့မတိုက်ရဘူးဆိုတာသိပေမယ့် နို့မှုန့်ဖိုးမတတ်နိုင်လို့ နို့တိုက်မွေးလာကြတာ အာ့တာကြောင့်သားငယ်လေးမှာ ရောဂါကူးစက်နေမလားဆိုတာစိတ်ပူစရာမို့ စစ်ဆေးမှုတွေလုပ်ပေးရမှာပါ။လက်ရှိကျန်နေတဲ့မြေကွက်လေးက 8ပေ14ပေ/အိမ်အနေအထားကတော့ကျောခင်းလို့ရတယ်ဆိုရုံ မိုးမလုံလေမလုံအခြေအနေ

အိမ်သာမရှိလို့ နောက်ဖေးမှာအုတ်နီခဲလေးနှစ်ခုချ ကျွတ်ကျွတ်အိတ်နဲ့ပါရတဲ့အဖြစ် ဆွေမျိုးတွေဆိုတာလည်း မိဘနှစ်ယောက်လုံးA ရောဂါသည်မှန်းသိတည်းကဖယ်ကျဉ်ထားကြတယ်။ အဖေရဲ့အဖွားဖြစ်သူကလည်းကျန်တဲ့ ချွေးမတွေနဲ့အဆင်မပြေတော့မြေးသုံးယောက်ကိုစောင့်ရှောက်ရင်း တူတူလာနေပေးတယ် အဖွားအသက်က 67နှစ် ကျနော်လုပ်ပေးချင်တာလေးကတော့

  1.  ပထမ သူတို့အိမ်လေး လုံခြုံအောင်ပြုပြင်ပေးချင်တယ်။
  2. ဖြစ်နိုင်ရင်အပေါင်ဆုံးသွားတဲ့နောက်ဖေးမြေကွက်လေးပြန်ဝယ်ပေးချင်တယ် ဒါမှအိမ်သာလေးဆောက်ဖို့မြေရှိလာမှာ။
  3. သမီးကြီးကိုကျောင်းပြန်တက်စေချင်တယ်။
  4. လစဉ်ထောက်ပံ့ပေးတာမလုပ်နိုင်တော့ မိသားစုကိုတစ်ခုခုရောင်းဖို့ အရင်းတည်ပေးချင်တယ်။

အလှူငွေရတဲ့အခြေအနေပေါ်မူတည်ပြီး ပထမ ဒုတိယ တတိယ စတုတ္ထ တစ်ဆင့်ချင်း လုပ်ပေးနိုင်အောင်ကြိုးစားကြည့်ချင်ပါတယ်။ တစ်ယောက်အားနဲ့မနိုင် အများအားနဲ့ဆိုရင် မိဘမဲ့မောင်နှမသုံးယောက်အတွက် အောင်မြင်စွာကူပေးနိုင်မယ် ဆိုတာယုံကြည်လို့ တစ်ဦးတစ်ယောက်စီကနေ အလှူငွေ နည်းများမဆိုကူပေးကြပါအုံးနော်။

မိဘမဲ့ကလေးဖြစ်တိုင်း မိဘမဲ့ဂေဟာသွားရမယ်ဆိုတာ ကျနော်မဖြစ်ချင်ဆုံးဆန္ဒပါ။အတတ်နိုင်ဆုံးမောင်နှမတွေ တူတူနေကြပြီး ရှင်သန်စေချင်တယ် ကလေးတွေနေရပ်ကတော့ တောင်တွင်းကြီးမြို့ပါ။ ရွှေစင်ငြိမ်းသူကွန်ရက်။ 09259768499 ခရက်ဒစ်