သမီးက အိပ်မက်ပေးလို့ သမီးဆီ ကို သွားလည်ရာမှ အဖြစ်ဆိုး တစ်ခု တွေ့လိုက်ရတဲ့ ဖခင်ဖြစ်သူ

သမီးက အိပ်မက်ပေးလို့ သမီးဆီ ကို သွားလည်ရာမှ အဖြစ်ဆိုး တစ်ခု တွေ့လိုက်ရတဲ့ ဖခင်ဖြစ်သူ

မိဘမေတ္တာဆိုတာ အဆုံးအဆမရှိ ကြီးမားတာပါ သားသမီးတွေနဲ့ ပတ်သက်လာရင် မိဘတွေက မိမိအသက်တောင်ပေးပြီး ချစ်ကြတာပါ ခုပြောပြမယ့် အဖြစ်အပျက်လေးကလည်း သမီးအပေါ် အရမ်းချစ်တဲ့ဖခင်တစ်ဦးရဲ့ ကြေကွဲဖွယ် အဖြစ်အပျက်လေးတစ်ခုပဲ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မြောက်ပိုင်း

Pathum Thani ပြည်နယ်မှာ နေအိမ်တစ်ခုအတွင်းကနေ သေဆုံးပြီး ၆ လခန့် ရှိနေပြီဖြစ်တဲ့ အမျိုးသမီးတစ်ဦးရဲ့ ရုပ်အလောင်းကို ရှာတွေ့ခဲ့တယ်လို့ ထိုင်းရဲတပ်ဖွဲ့က ဆိုခဲ့ပါတယ် ဒီလိုသေဆုံးနေတဲ့ ရုပ်အလောင်းကို ရှာတွေ့ခဲ့တာကလည်း ထူးဆန်းပါတယ် အိပ်မက်တစ်ခုအရ ရှာတွေ့ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

အသက် ၇၁ နှစ်အရွယ် Boonlong Boonplum အမည်ရှိတဲ့ ရုပ်အလောင်းရဲ့ ဖခင်ဟာ အိပ်မက်ထဲမှာ သေဆုံးသွားပြီဖြစ်တဲ့ ဇနီးသည်နဲ့ အသက် ၄၆ နှစ်အရွယ် Thiphaphat phaksuk လို့ ခေါ်တဲ့ သမီးဖြစ်သူတို့ဟာသူ့ဆီလာလည်တယ်လို့ အိပ်မက်မက်ခဲ့ပါတယ်။ အိပ်ရာက နိုးလာတဲ့ ဖခင်ဖြစ်သူဟာ

စိတ်ထဲမှာ တခုခုဖြစ်နေပြီလို့ ထင်လာတာကြောင့် သူ့သမီးဆီကို သွားလည်မယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။သမီးအိမ်ကိုရောက်တဲ့အခါမှာတော့ အိမ်ဟာ ပေါင်းပင်၊ မြက်ပင်တွေနဲ့ ထူထပ်နေတာဖြစ်ပြီး ခြံထဲကို ဝင်လာတဲ့အချိန်မှာလည်း အနံ့တစ်မျိုးရနေတာကြောင့် လုံခြုံရေးဝန်ထမ်းတွေကို ခေါ်ခဲ့ပါတယ် အဲဒီနောက် အိမ်တံခါးဖျက်ပြီး

အိမ်ထဲကို ဝင်ကြည့်တဲ့ အခါမှာတော့ အိမ်ထဲက သန့်စင်ခန်းအနီး ကြမ်းပြင်ပေါ်မှာ သေဆုံးနေပြီ ဖြစ်တဲ့ သမီးဖြစ်သူရဲ့ ရုပ်အလောင်းကိုတွေ့ရှိခဲ့ရပါတော့တယ်။ သမီးဖြစ်သူဟာအိမ်ထောင်နဲ့ကွဲနေလို့ တစ်ယောက်တည်း နေသူ ဖြစ်ပြီးတော့ အိမ်နီးချင်းတွေကလည်း သမီးဖြစ်သူဟာ အိမ်အပြင်ထွက်ပြီး မီတာခပေးဆောင်တာတွေ မတွေ့ရလို့

အိမ်ပြောင်းသွားပြီလို့ ထင်ခဲ့ကြတာပါ ခုတွေ့တဲ့ အခါမှာတော့ ကြေကွဲဖွယ်သေဆုံးနေတဲ့အဖြစ်ကို တွေ့ခဲ့ကြတာဖြစ်ပါတယ် ဖခင်ဖြစ်သူက သမီးဆီသွားလည်ချင်ပေမဲ့ သမီးဖြစ်သူက အလုပ်များနေကြောင်း ခဏခဏငြင်းနေခဲ့တာကြောင့် မတွေ့ဖြစ်ခဲ့ဘူးလို့ ဝမ်းနည်းတကြီးငိုကြွေး ပြောဆို ခဲ့ပါတယ်။

ရဲတွေရဲ့စစ်ဆေးချက်အရ အဆိုပါအမျိုးသမီးဟာ နှလုံးရောဂါနဲ့ သေဆုံးခဲ့ရတာ ဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။ ဒီအဖြစ်အပျက်လေးကတော့ ထူးဆန်းသလို ကြေကွဲဖွယ်ကောင်းတဲ့ အဖြစ်အပျက်လေးပါပဲ။ ခရက်ဒစ်