ပတ်တရောင်ရဲလှည့်ကင်းကားကိုမြင်၍ ထွက်ပြေးသူနောက်လိုက်ဖမ်းရင်း အမောဖောက်၍ သေဆုံးသွားသော ဒုရဲမှူး

ပတ်တရောင်ရဲလှည့်ကင်းကားကိုမြင်၍ ထွက်ပြေးသူနောက်လိုက်ဖမ်းရင်း အမောဖောက်၍ သေဆုံးသွားသော ဒုရဲမှူး

( Patrol )ပတ်တရောင်ရဲလှည့်ကင်းကားကိုမြင်၍ ထွက်ပြေးသူနောက်လိုက်ဖမ်းရင်း အမောဖောက်၍ သေဆုံးသွားသော ဒုရဲမှူးအား ရဲမှူးအဆင့်သို့ ရာထူးတိုးမြှင့်ပေးကာ ကျန်ရစ်သူမိသားစုအတွက် ထောက်ပံ့ကြေးများပေးအပ် ခဲ့တယ်လို့သိရပါတယ်

မေလ ၂၁ ရက် ထိုင်းနိုင်ငံ အမှတ် ( ၅ ) ရဲတိုင်းတပ်ဖွဲ့ဌာနချုပ် အုပ်ချုပ်မှုအောက်တွင်ရှိသော ချင်းမိုင်ခရိုင် ဒွိုင်းသောင်မြို့နယ် မစ်ကားကျေးရွာအုပ်စု ရပ်ကွက် ၂ အတွင်းရှိကားလမ်းတစ်လျှောက် နယ်မြေအေးချမ်းသာယာရေးနှင့်အများပြည်သူလုံခြုံရေးအတွက်လှည့်ကင်းဆောင်ရွက်နေစဉ်

မေလ ၂၁ ရက်နေ့ ၁၄:၀၀ ချိန်တွင် လမ်းဘေးတစ်နေရာတွင် ဆိုင်ကယ်ရပ်တန့်ပြီး မသင်္ကာစရာအမျိုးသားတစ်ဦး၏ကိုယ်တွင် သေနတ်ဟုထင်ရသည့် အရာဝတ္ထုကို ကိုင်ဆောင်ထားသဖြင့် ၎င်းအနားသ်ု့ဦးတည်သွားနေစဉ် အဆိုပါအမျိုးသားမှာ ဆိုင်ကယ်မောင်းနှင်၍ ထွက်ပြေးသွားခဲ့သည် ။

ထွက်ပြေးသွားသူနောက်သို့လိုက်ရာ ပါလေမော့ရွာအနီး တွင်ဆိုင်ကယ်ကိုရပ်ပြီး ကုန်းပေါ်သို့တက်ပြေးသဖြင့် ဒုရဲမှူးဦး စဝုန်း ချုမ်ဖူ ဦးစီးရဲတပ်ဖွဲ့ ဝင် ၃ ဦးသည်နောက်မှဆက်လိုက်၍ လိုက်ဖမ်းဆီး အသက် ၃၇ နှစ်အရွယ် အိုက်ကျက် မွန်းအိုင့် အား လုပ်သေနတ်အရှည် ၁ လက် ၊

ပွိုင့် ၂၂ ကျည် ၇ တောင့်တို့နဲ့အတူဖမ်းဆီးမိခဲ့ပြီး ရဲမှူးမှာနေရာတွင် အမောဆို့ကာ လဲကျသွားခဲ့သွားသည် ။ ထို့ကြောင့်အရေးပေါ်ဆေးရုံကားကိုခေါ်၍အသက်ကယ်ဘို့ကြိုးစားခဲ့သော်လည်း နှလုံးအမောဖောက်ကာ သေဆုံးသွားခဲ့သဖြင့် ရုပ်အလောင်းအား ဆေးရုံသို့ပို့ဆောင်ပေးခဲ့ပြီးနောက်

ချင်းမိုင်ခရိုင်ရဲတပ်ဖွဲ့မှူး ၊ ရဲမှူးချုပ် ဖိချေ့ ကျိလနန်းစင်သည် အသက်စွန့်၍တာဝန်ကိုကျေပြွန်စွာထမ်းဆောင်ခဲ့သူ ဒုရဲမှူး စဝုန်းချုမ်ဖူ (၄၂ ) နှစ်အား ရဲမှူးရာထူးအဆင့်ပင်စင်နှင့်ခံစားခွင့်ရရှိစေရန် ရာထူးတိုးမြှင့်ပေးခဲ့သလို ကျန်ရစ်သူမိသားစု အတွက် ထောက်ပံ့ကြေးငွေ ထိုင်းဘတ်ငွေ ၁,၅,၀၅,၃၇၀ ကိုစုပေါင်း၍

ဂုဏ်ပြုချီးမြှင့်ပေးခဲ့သည်ဟုသိရှိရသည် ။ သေဆုံးသွားသော ဒုရဲမှူးသည် နှလုံးရောဂါပင်ကိုအခံရှိနေပြီး ဆေးရုံတွင်လစဉ်ကုသမှုခံယူထားသူဖြစ်ကြောင်းဆေးမှတ်တမ်းများအရသိရ ။ အမိန့်မရလက်နက်ကိုင်ဆောင်သည့်တရားခံသည် မူးယစ်ဆေးဝါးသုံးစွဲထားကြောင်းစစ်ဆေးတွေ့ရှိရသဖြင့် ဥပဒေအရအရေးယူဆောင်ရွက်သွားမည်ဟုသတင်းရရှိသည် ။

Add a Comment

Your email address will not be published. Required fields are marked *