ကိုယ့်တိုင်းသူ ပြည်သားအတွက် ရှေ့တန်းမှ မားမားမတ်မတ်ရပ်တည်ပေးပြီး ထိုင်းတွေကို စိတ်ဆိုးပေါက်ကွဲနေသော ထိုင်းအလုပ်သမားသံအရာရှိ ဦးဝေလင်းမောင် ရုပ်သံ

ကိုယ့်တိုင်းသူ ပြည်သားအတွက် ရှေ့တန်းမှ မားမားမတ်မတ်ရပ်တည်ပေးပြီး ထိုင်းတွေကို စိတ်ဆိုးပေါက်ကွဲနေသော ထိုင်းအလုပ်သမားသံအရာရှိ ဦးဝေလင်းမောင် ရုပ်သံ

ထိုင်းရောက်အလုပ်သမားတွေဟာ အလုပ်ရှင်တွေရဲ့ ညစ်ပတ်မှု့ အနိုင်ကျင့်မှု့တွေကို မိသားစု စားဝတ်နေရေးအတွက် ခါးစည်းခံနေရသူတွေပါ…

ထိုင်းရောက်အလုပ်သမားတွေဟာ မုဒိန်းကျင့်ခံရတာတောင် မတိုင်ရဲ့ မိုက်ကြေးခွဲတာတောင် မတိုင်ရဲပဲ ခေါင်းငုံ့ခံခဲ့ရတာတွေ အပြင် ဝင်းနဲ့ ဇော်လို မတရားစွပ်စွဲပြီး အနိုင်ကျင့်ခံရတာတွေလဲ မကြာခဏ တွေ့မြင် ကြားသိနေခဲ့ရတာပါ

အခု ကိစ္စမှာလဲ ချစ်ကြည်​ရေးတံတား ၂ ထိုင်းဘက်ခြမ်းမှာ အိမ်ပြန်အလုပ်သမားတွေ နယ်စပ်ထိ ခေါ်လာပြီးတာဝန်မယူတဲ့ ကားသမားတွေရဲ့ လုပ်ရပ်နဲ့ ပတ်သက်ပြီး ဖြစ်ပေါ်လာခဲ့တာပါ

ထိုင်းအလုပ်သမားရေး လုပ်ကိုင်ပေးနေသူ ကိုရဲမင်းကတော့ သူ့ရဲ့ လူမှု့ကွန်ယက်အကောင့်မှာ ” ပြည်ပမှာ ကိုယ့်လူမျိုးအတွက် အလုပ်သမား ရေးလုပ်ရင် ဒီလိုပဲ ဖိုက်နိင်မှ ရင်းရဲမှ… သံအရာရှိလည်း ကြာတော့ ဘယ်သီးခံ နိင်မလဲ…

သံအရာရှိအဆက်ဆက် ငွေမျက်နှာပဲ ကြည့်ခဲ့ကြတာ ဒီလိုသံအရာရှိမျိုးကို ထိုင်းရောက်မြန်မာတွေ ခုမှ မြင်ဖူးတာ… ဒီလို သံအရာရှိမှ မထားရင် ထိုင်းမှာ ဘယ်သူ့ကို ထားမလဲ…

ချစ်ကြည်​ရေးတံတား ၂ ထိုင်းဘက်ခြမ်းမှာ အိမ်ပြန်အလုပ်သမားတွေ နယ်စပ်ထိ ခေါ်လာပြီးတာဝန်မယူတဲ့ ကားသမားတွေကို Challen ခေါ်နေတဲ့ပုံရိပ်တွေပါ ငါ့လူမျိုးငါ့ နိုင်ငံသားအတွက် ငါအရမ်းစိတ်မကောင်းဘူး

မင်းတို့ ထိုင်းအစိုးရပေါ်လစီအတိုင်း မင်းတို့ လုပ်ကြလေဆိုပြီး ပေါက်ကွဲနေတဲ့ အလုပ်သမားသံအရာရှိ ဦးဝေလင်းမောင်…. “ကိုဝေ ရေ စိတ်လျှော့ပါ ထိုင်းရောက်မြန်မာ တွေအတွက် ကိုဝေလို သံအရာရှိတွေ ဆက်ရှိ နေသင့်တယ်” ရဲမင်း(AAC) ဆိုပြီး သူ့ရဲ့အမြင်ကို ရေးသားထားပါတယ်

ထိုင်းရောက် အလုပ်သမားတွေ အကျိုးအတွက် အလုပ်သမားသံအရာရှိ ကိုဝေလင်းမောင် ယခုထက်ပိုမို လုပ်ဆောင်ပေးနိုင်ပါစေ…ထိုင်းရောက် မြန်မာအလုပ်သမာူတိုင်းလဲ အချိန်တန်လို့ အိမ်ပြန်နိုင်ကြပါစေဗျာ

ရုပ်သံကြည့်ရန်

ပြည်ပမှာ ကိုယ့်လူမျိုးအတွက် အလုပ်သမားရေးလုပ်ရင် ဒီလိုပဲ ဖိုက်နိင်မှ ရင်းရဲမှ… သံအရာရှိလည်း ကြာတော့ ဘယ်သီးခံနိင်မလဲ…သံအရာရှိအဆက်ဆက် ငွေမျက်နှာပဲကြည့်ခဲ့ကြတာ ဒီလိုသံအရာရှိမျိုးကိုထိုင်းရောက်မြန်မာတွေ ခုမှ မြင်ဖူးတာ…ဒီလို သံအရာရှိမှ မထားရင် ထိုင်းမှာဘယ်သူ့ကို ထားမလဲ…ချစ်ကြည်​ရေးတံတား ၂ ထိုင်းဘက်ခြမ်းမှာ အိမ်ပြန်အလုပ်သမားတွေ နယ်စပ်ထိခေါ်လာပြီးတာဝန်မယူတဲ့ ကားသမားတွေကိုChallen ခေါ်နေတဲ့ပုံရိပ်တွေပါ ငါ့လူမျိုးငါ့နိုင်ငံသားအတွက် ငါအရမ်းစိတ်မကောင်းဘူးမင်းတို့ ထိုင်းအစိုးရပေါ်လစီအတိုင်းမင်းတို့ လုပ်ကြလေဆိုပြီးပေါက်ကွဲနေတဲ့ အလုပ်သမားသံအရာရှိဦးဝေလင်းမောင်…."ကိုဝေ ရေ စိတ်လျှော့ပါ ထိုင်းရောက်မြန်မာတွေအတွက် ကိုဝေလို သံအရာရှိတွေ ဆက်ရှိနေသင့်တယ်''ရဲမင်း(AAC)Cardit…Thai video

Posted by Ye Min on Tuesday, May 19, 2020