မြောက်ဦးမြို့နယ်၊ လက္ကာကျေးရွာအတွင်းရှိ နေအိမ်များကို AA အဖွဲ့ မီးရှို့ဖျက်ဆီးခဲ့ရကြောင်း တပ်မတော် သတင်းထုတ်ပြန်

မြောက်ဦးမြို့နယ်၊ လက္ကာကျေးရွာအတွင်းရှိ နေအိမ်များကို AA အဖွဲ့ မီးရှို့ဖျက်ဆီးခဲ့ရကြောင်း တပ်မတော် သတင်းထုတ်ပြန်

မြောက်ဦးမြို့နယ်၊ လက္ကာကျေးရွာအတွင်းက နေအိမ်တွေကို AA အဖွဲ့ မီးရှို့ဖျက်ဆီးခဲ့ရတယ်လို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးကသတင်းထုတ်ပြန်ပါတယ်။ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်အတွင်း နယ်မြေ လုံခြုံရေးဆောင်ရွက်နေတဲ့ တပ်ဖွဲ့ဝင်တွေဟာ နယ်မြေလုံခြုံရေးလုပ်ငန်းတွေ ဆောင်ရွက်စဉ်

မေ(၁၆)ရက် နေ့လယ်(၂)နာရီခွဲခန့်က လက္ကာကျေးရွာအနီးအရောက် AA အဖွဲ့က ကျေးရွာအတွင်းကနေပြီး လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ စတင်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။ အဲဒါကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ပြန်လည်ပစ်ခတ်ခဲ့ရာ AA အဖွဲ့ဟာ နေ့လယ်(၂)နာရီ (၄၅)မိနစ်ခန့်မှာ ကျေးရွာအတွင်းက

နေအိမ်တွေကို မီးရှို့ပြီး ရွာရဲ့အရှေ့ဘက်တောင်ကြောတွေပေါ်ကို ဆုတ်ခွာထွက်ပြေး သွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။ AAအဖွဲ့ မီးရှို့ခဲ့မှုကြောင့် ကျေးရွာအတွင်းက နေအိမ် အလုံး(၂၀)ခန့် မီးလောင်ပျက်စီးသွားခဲ့တယ်လို့ဆိုပါတယ်။ AA အဖွဲ့အနေနဲ့ ကျေးရွာတွေအတွင်း အရပ်သား အသွင်နဲ့ ရောနှောနေထိုင်ပြီး

လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို ချောင်း မြောင်းပစ်ခတ်တာ၊ မိုင်းထောင်ဖောက်ခွဲတိုက်ခိုက်တာတွေ ဆောင်ရွက်နေတဲ့အပြင် အခုလိုလုံခြုံရေး တပ်ဖွဲ့ဝင် တွေ ကျေးရွာအနီးကိုရောက်ရှိလာစဉ် ပြည်သူတွေ ထင်ယောင်ထင်မှားဖြစ်စေဖို့ ကျေးရွာတွေကို မီးရှို့ခဲ့တာ ဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။