တနိုင်းမြို့နယ်မှ မူးယစ်ဆေးရောင်းချသည့်နေရာအား ဝင်ရောစီးနင်းစဉ် ပြန်လည်ခုခံ၍ ပစ်ခတ်ဖမ်းရာတွင် ခုခံသူတစ်ဦးသေဆုံး

မူးယစ်ဆေးဝါးရောင်းချနေကြောင်း နာမည်ကြီးနေရာသို့ တနိုင်းမြို့နယ်ရဲတပ်ဖွဲ့မှဝင်ရောက်စီးနင်းစဉ် ပြန်လည်ခုခံသူ တစ်ဦးသေဆုံး

တနိုင်း မေ ၁၅ ကချင်ပြည်နယ် တနိုင်းမြို့နယ် မိုင်ခွန်ရွာအနီး မှော်အပေါက်ဝ၌ မူးယစ်ဆေးဝါးများအကြီးအကျယ် ရောင်းချနေကြောင်း လူမှုကွန်ယက်ပေါ်တွင် ပျံ့နှံ့လျက်ရှိရာမှ တနိုင်းမြို့နယ်ရဲတပ်ဖွဲ့မှ ၎င်းသတင်းအား အတည်ပြုအခိုင်မာတည်ဆောက်ခဲ့ပြီး ဖမ်းဆီးရေးအဖွဲ့ဝင်များကို မြို့နယ်ရဲတပ်ဖွဲ့မှုးနှင့် စခန်းမှူးတို့မှ အနီးကပ် လမ်းညွန်မှာကြားမှုများပြုလုပ်ခဲ့သည်၊၊

ယင်းနောက် မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့်စခန်းမှူးဦးစီးသော ဖမ်းဆီးရေးအဖွဲ့သည် မှော်အပေါက်ဝသို့ ဒီနေ့ မေ (၁၅) ရက် နံနက် အာရုံတက်ချိန်၌ မိုင်ခွန်ရွာအုပ်ချပ်ချုပ်ရေးမှူး ဦးရဲလွင်အဖွဲ့နှင့်အတူ သွားရောက်ခဲ့ရာ မှော်ပေါက်ဝရှိ မအေး၏ ယာယီမိုးကာတဲအား ဝင်ရောက်ရှာဖွေကြရာ မအေးနှင့်မူးယစ်ဆေးဝါးများဖမ်းဆီးရမိခဲ့သည် ဆက်လက်ပြီး ဖမ်းဆီးရမိသည့်

မ‌အေး၏တဲ အနောက်ဖက်ရှိ အစ်ကိုတော်စပ်သူ ဖိုးထွေး (၅၂) နှစ် ယာယီတဲသို့ ဝင်ရောက်ရှာဖွေသွားစဉ် တဲပေါ်မှခုန်ဆင်းကာ ဓားရှည်ကိုင်ကာ ဖမ်းဆီးရေး ရဲတပ်ဖွဲ့ဝင် တစ်ဦးအား လိုက်ခုတ်၍ နောက်ဆုတ်ခဲ့ရာ ဖိုးထွေးအား ဓားချ အဖမ်းခံရန် ပြောနေစဉ် ထပ်မံ ခုတ်ရန် ရွယ်နေစဉ် ဝိုင်းဝန်းပိတ်ဆို့လျက်ရှိသော ရဲတပ်ဖွဲ့ဝင် တစ်ဦးမှ (m-22) သေနတ်ဖြင့်

ခြောက်လှန့် ပစ်ခတ်လိုက်ရာတွင် ခါးအောက်ပိုင်း၌ ထိမှန်ကာ လဲကျသွားခဲ့ရာ သက်သေများနှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေးရာ ဖိုးထွေး၏ ယာဘက်လက်တွင် ကိုင်လျက် (၁၉လက္မ) ဓားရှည်နှင့်ခါးကြားမှ မူးယစ်ဆေးဝါးဗူးကို တွေ့ရှိရ၍ သိမ်းဆည်းပြီးနောက် ဒဏ်ရာရလူနာအား တနိုင်းဆေးရုံသို့ ပို့ဆောင်စဉ် လမ်း၌ သေဆုံးခဲ့သည် ထို့နောက် ဒုရဲအုပ်အောင်ကျော်မင်းနှင့်အဖွဲ့သည်

၎င်း မှော်အပေါက်ဝရှိအောင်ကိုကိုဇင်နှင့်ညိုဇင်အောင်တို့၏ ယာယီမိုးကာတဲအား ဝင်ရောက်ရှာဖွေခဲ့ရာ မူးယစ်ဆေးဝါးနှင့်အတူ ထပ်မံ ဖမ်းဆီးရမိခဲ့သည် အဆိုပါ ဖမ်းဆီးရမိနေရာသည် အလွန်အန္တရာယ်ကြီးမားသော နေရာဖြစ်ပြီး တနိုင်းမြို့နယ် ရဲတပ်ဖွဲ့မှူး ဝင်းညွန့်နှင်စခန်း မှူး ဝင်းနိုင်တို့၏ ကြိုးစားခဲ့ခြင်းကြောင့် အခုလိုဖမ်းဆီးရမိခဲ့ခြင်းလည်းဖြစ်သည်

ဖမ်ဆီးရ ပြစ်မှုကျူးလွန်သူ ကျား (၂ဦး) /မ (၁ဦး) (သေဆုံး ကျား ၁-ဦး)နှင့်စုစုပေါင်း ဘိန်းဖြူ(၁၄.၄)ဂရမ်/စိတ်ကြွဆေး (၄၀)ပြားတို့နှင့်အတူ တနိုင်းမြို့မရဲစခန်း၌ အမှုဖွင့်အရေးယူဆောက်ရွက်ထားရှိကြောင်သိရသည်၊၊

Crd သတင်း-အောင်ကြိုင် တနိုင်းအထူးဟစ်တိုင် အမှန်တရားဂျာနယ်/ရှုထောင့် မှုခင်းဂျာနယ် (SH-သတင်းဌာန)