KBZ Pay … ချစ်သူ … သူခိုးကြီးနှင့် kbz pay မှ ပိုက်ဆံပျောက်ဆုံးမှု့ … Kbz pay သုံးသူတိုင်းဖတ်သင့်ပါသည်

မင်္ဂလာပါစာဖတ်သူတို့ ခင်ဗျာ…စာဖတ်သူတို့ထဲမှာ KBZ PAY သုံးတဲ့သူတွေ ရှိကြလားမသိဘူး…

အခု ပြောပြချင်တာက လွန်ခဲ့တဲ့ ရက် အနည်းငယ်က ကျွန်တော့် သူငယ်ချင်း တစ်ယောက် KBZ PAY နဲ့ ပတ်သက်ပြီး ဖြစ်သွားတာလေး ပြောပြချင်ပါတယ်

သူက ဘယ်သူ့ဆီမှ ဒီရက်ပိုင်း အတွင်း ငွေမလွှပါဘူးတဲ့…ဒါပေမယ့် သူ KBZ PAY ထဲကနေ 17000 ပျောက်နေတယ်…ဒါနဲ့သူက အဝင်အထွက်တွေ စစ်ဆေးတဲ့ အခါမှာတော့ 17000 ဟာ သူမလွှဲပဲ သူ့အသိ အမတယောက်ထံ ထွက်ထားတာ တွေ့ပါတယ်

ဒါနဲ့ သူက သူ့ကောင်မလေးကို အဲ့အမကို ပိုက်ဆံ လွှဲသေးလားမေးတာပေါ့… ကောင်မလေးကလဲ မလွှဲဘူးပေါ့…အဲ့မှာ သူတို့ အထင်လွှဲတယ်ပေါ့ဗျာ …

တကယ်ပြောချင်တာက အခုမှ စမှာ…

ကောင်မလေးက သူအထင်လွဲခံရတော့ အဲ့အမဆီက ပိုက်ဆံ ပြန်တောင်းတာပေါ့…ပြီးတော့ ဘာလို့ သုမလွှဲပဲ ပိုက်ဆံက သူ့ဆီရောက်တာလဲမေးတာပေါ့… ပိုက်ဆံယူသွားတဲ့ အမရဲ့အဖြေက KBZ အသုံးပြုသူတွေကို အလွန်ပဲ ထိပ်လန့် တုန်လှုပ်စေပါတယ်…ဒါကတော့

” KBZ PAY က ငွေထုတ်ရ အရမ်းလွယ်တယ်…KBZ BANK ဆို ပိုပြီးတော့ လွယ်တယ်…ဘာညာပေါ့ဗျာ…” သူတို့ လုပ်နည်းကို phot မှာ ကြည့်လိုက်ဗျာ တော်ကြာ စာတအားရှည်သွားလိမ့်မယ်…

ကျွန်တော် စမ်းကြည့်တယ် မယုံလို့ KBZ PAY LEVEL ONE နဲ့ရော LEVEL 2 နဲ့ရော တခါသုံး Password တောင်းပါတယ်…တခါသုံး pass မထည့်ပဲ ဝင်လို့မရပါ…ဒါဆိုရင် တဖက်က ခိုးလို့ရပါတယ်ပြောတဲ့သူက အရမ်းတော်နေလို့လား ပိုက်ဆံကတော့ တကယ်ထွက်သွားတယ်…

သူငယ်ချင်းရဲ့ ကောင်မလေးကပဲ ချစ်လို့ကြည့်စားတာလားဆိုတာကတော့ ကာယကံရှင်တွေသာ သိပါလိမ့်မယ်ဗျာ…ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်အကောင့်ကို လုံခြုံအောင်ထားရမှာ ကိုယ့်တာဝန်ပဲမို့လားခင်ဗျာ…Source – Yan Naing Htwe