အမေရိကန်ကို ပေးစရာရှိတာတွေ အမြန်ပေးဖို့ တရုတ်သမ္မတက ဒဲ့ပြောလိုက်…အပြည့်စုံဖတ်ရန် ပုံကိုနှိပ်ပါ

ကောင်းသောညလေး ဖြစ်ပါစေခင်ဗျာ…အခုတင်ပြပေးချင်တာကတော့ အမေရိကန်ကို ပေးစရာရှိတာတွေပေးဖို့ တရုတ်သမ္မတက ဒဲ့ပြောလိုက်တဲ့ သတင်းထူးလေးပဲဖြစ်ပါတယ်

ပြီးခဲ့တဲ့ မေလ ၁၅ ရက်နေ့ထုတ်ပြန် ချက် အရ တရုတ်နိုင်ငံက UN အဖွဲ့ဝင်နိုင်ငံတွေအနေဖြင့် မိမိတို့သဘောတူညီထားတဲ့ ထောက်ပံ့ငွေကို UN သို့ပေးအပ်ကြဖို့ တိုက်တွန်း လိုက်ပါတယ်…အမေရိကန်ကတော့ UN ကို ဒေါ်လာ ၂ ဘီလီယံထောက်ပံ့ ဖို့ သဘောတူ ညီထား ခဲ့တာပါ…ပြီးခဲ့တဲ့ မေလ ၁၄ ရက်နေ့က UN ရန်ပုံငွေနဲ့ငြိမ်းချမ်းရေးဖော်ဆောင်မှု

လုပ်ငန်းရန်ပုံငွေ အတွက် အဖွဲ့ဝင်နိုင်ငံတွေထည့်ဝင် ဖို့ပျက်ကွက်နေတာကြောင့် ၁.၆၃ ကနေ ၂.၁၄ ဘီလီယံအထိ လိုငွေပြနေတယ် လို့ UN အကြီးအကဲ အစည်းအဝေးက ထုတ်ပြန်ချက် ကို ကိုးကားပြီး တရုတ်တို့က ဆော်သြလိုက်တာဖြစ်ပါတယ်…ဒါ့အပြင် လွန်ခဲ့တဲ့ခုနှစ်နှစ်ကနေ ယခုအချိန်အထိ အမေရိကန်ဟာ ထောက်ပံ့ငွေပေးအပ်ဖို့နောက်ကျတာတွေ ပျက်ကွက်ခဲ့တာတွေ များပြီး

လောလောဆယ်မှာတော့ ၁.၁၆၅ကနေ ၁.၃၃၂ ဘီလီယံအထိပေးအပ်ဖို့ ရှိနေတယ် လို့ တရုတ်က ထောက်ပြခဲ့တာလဲဖြစ် ပါတယ် ။ UN ရဲ့ နှစ်စဉ်ငြိမ်းချမ်းရေးထိန်းသိမ်းမှုအသုံးစရိတ် ၆ဘီလီယံထဲက ၂၅ ရာခိုင်နှုန်းကို အမေရိကန်ကထောက်ပံ့နေတာဖြစ်ပြီး အလားတူ အခြားသောလုပ်ငန်းဆောင်တာတွေ အတွက်နှစ်စဉ် အသုံးငွေ ၃ဘီလီယံရဲ့ ၂၂ ရာခိုင်နှုန်း ဟာလဲ အမေရိကန်နိုင်ငံမှ ထောက်ပံ့ပေးထားတာပဲ ဖြစ်ပါတယ် ။

သမ္မတဒေါ်နယ်ထရန့်အစိုးရမတိုင်ခင်က အမေရိကန်ဟာ UN ငြိမ်းချမ်းရေးထိန်းသိမ်းမှုအသုံးစရိတ်အတွက် ၂၇.၈၉ ရာခိုင်နှုန်းအထိထောက်ပံ့နေခဲ့ပေမယ့် သမ္မတထရန့်လက်ထက်မှာ ညှိနှိုင်းမှုတစ်ချို့ပြန်လည်ပြုလုပ်ခဲ့ကာ ၂၅ ရာခိုင်နှုန်းသို့ ဖြေလျော့ပေးခဲ့တာဖြစ်ခဲ့ပေမယ့် ဒါဟာ နှစ်စဉ်ဒေါ်လာ မီလီယံ ၂၀၀ ထောက်ပံ့နေရတာလည်းဖြစ်ပါတယ်။ ဒါ့အပြင် အမေရိကန်ရဲ့ နှစ်စဉ်ရသုံးမှန်းခြေ တွက်ချက်မှုဟာ အောက်တိုဘာလမှ နှစ်ချုပ်တာဖြစ်ပါတယ်။

တရုတ်ကိုစီးပွားရေးဖိအားပေးဖို့တာစူနေတဲ့ သမ္မတထရန့်အတွက် ရေငတ်တုန်းရေတွင်းထဲကျသလိုပါပဲ။ ယခုလို အိုးကမပူ စလောင်းကပူနေ တဲ့ တရုတ် ရဲ့ လုပ်ရပ်ကို အမေရိကန်က ” ဒါဟာ တရုတ်တို့ ရဲ့ Covid-19 အပြစ်ပေါ့လျော့အောင် အာရုံလွှဲတဲ့နည်း တစ်မျိုးပဲဖြစ်ပါတယ်လို့ ပြန်လည်ပြောကြားခဲ့ပါတယ်။ ” ဒါ့အပြင် အမေရိကန်အနေဖြင့် ယခုနှစ် အတွက်

UN ကို ဒေါ်လာ၇၂၆ မီလီယံထောက်ပံ့ထားပြီဖြစ်ကာ လက်ကျန်ငွေ ဒေါ်လာ ၈၈၈ မီလီယံကို နှစ်ချုပ်ကာလဖြစ်တဲ့ အောက်တိုဘာ မှာ ပေးသွားဖြစ်တယ် လို့လည်း ပြန်လည်ရှင်းလင်းခဲ့ပါတယ်။” နောက်တစ်ချက်က ယခုရန်ပုံငွေဟာ ကမ္ဘာတစ်လွှားက UN တပ်ဖွဲ့ဝင်တွေကို ထောက်ပံ့နေရတာဖြစ်တဲ့အတွက် အမေရိကန် တို့က အချိန်နဲ့တပြေးညီပေးအပ်သွားမှာ လည်းဖြစ်တယ်လို့လည်းပြောကြားခဲ့ပါတယ်။

UN အထွေထွေအသုံး စရိတ် နဲ့ ငြိမ်းချမ်းရေးရန်ပုံငွေအတွက် အမေရိကန်နောက် တရုတ်က ၁၂ ရာခိုင်နှုန်းထောက်ပံ့ပေးခြင်းဖြင့် ဒုတိယနေရာမှာ ရပ်တည်နေပြီး ကြာသပတေးနေ့ တရုတ် အပါအဝင် အဖွဲ့ဝင် နိုင်ငံ ၅၀ က ဒီနှစ်အတွက်ထောက်ပံ့ငွေ ကို အကျေပေးအပ်ခဲ့ပါတယ် ။ ဒါကြောင့် ထောက်ပံ့ငွေမပေးသေးတဲ့ အမေရိကန်ဘက် ကို မျှားဦးလှည့်လာတာလဲဖြစ် ပါတယ် …

ကိုဗစ်အရေးနှင့် ပတ်သက်ပြီး တစ်နိုင်ငံနှင့် တစ်နိုင်ငံ အပြန်အလှန် ဝေဖန် ပြစ်တင်မှု့တွေ ပြုလုပ်နေချိန်မှာ တရုတ်အတွက် ယခု ကိစ္စဟာ ပြောစရာတစ်ခု ရသွားပါကြောင်း တင်ပြလိုက်ရပါတယ်ခင်ဗျာ…မူရင်းတင်ပေးသူအား လေးစားစွာခရက်ဒစ်ပေးပါတယ်ခင်ဗျာ…စာဖတ်သူတို့ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ ကြပါစေ

Source- CNA