တောင်ကိုရီးယားရဲ့ ကျော်ကြားတဲ့ မင်းသားတစ်ဦးဖြစ်သူ ပါ့ခ်ဂျီဟွန်း ကွယ်လွန်

ပါ့ခ်ဂျီဟွန်း ကင်ဆာရောဂါဖြင့် ကွယ်လွန်

တောင်ကိုရီးယားရဲ့ ကျော်ကြားတဲ့ မင်းသားတစ်ဦးဖြစ်သူ ပါ့ခ်ဂျီဟွန်းဟာ လတ်တလောမှာ ကွယ်လွန်ခဲ့ပြီဖြစ်ပါတယ်။

ကွယ်လွန်ချိန်မှာ အသက် ၃၁ နှစ်အရွယ်သာရှိသေးပြီး အစာအိမ် ကင်ဆာရောဂါကြောင့် ကွယ်လွန်ခဲ့တာဖြစ်ကြောင်း

အေးရှားဝမ်းဒေါ့ကွန်းရဲ့ ရေးသား ဖော်ပြချက်တွေအရ သိရပါတယ်။

၂၀၁၇ ခုနှစ်အတွင်း ထုတ်လွှင့်ခဲ့ပြီး အောင်မြင်တဲ့ ဇာတ်လမ်းတွဲတစ်ခုဖြစ်တဲ့ Chicago Typewriter မှာ

အဓိကဇာတ်ဆောင်အဖြစ်ပါဝင်ခဲ့တဲ့ ပါ့ခ်ဂျီဟွန်းဟာ မေ ၁၁ ရက်က ကွယ်လွန်ခဲ့ကြောင်း မိသားစုက

မေ ၁၅ ရက်မှာ မင်းသားရဲ့ လူမှုကွန်ရက်စာမျက် နှာပေါ်ကနေတစ်ဆင့် ရေးသားဖော်ပြခဲ့တာ ဖြစ်ပါတယ်။

crd အေးပြည့် – စုစည်းသည်