အသက် ၁၄ နှစ်နဲ့ KTV မှာအလုပ်ဝင်ခဲ့ရတဲ့ ကောင်မလေးရဲ့ ဘဝဇာတ်ကြောင်း…ဘဝတွကခါးလိုက်တာ ညီမရယ်…

“အသက် ၁၄ နှစ်ကထဲက KTV ကို အပို့ခံရတဲ့ မိန်းကလေးတစ်ယောက်ရဲ့ သနားစရာဖြစ်ရပ်”

အသက် ၁၄ နှစ်မှာ မြင်းခြံက KTV ကိုရောက်ခဲ့ပြီး တစ်လမပြည့်ခင်မှာပဲKTV က ထွက်နိုင်မယ်ထင်ပြီးသူ့နောက်လိုက်ခဲ့တာ …

ရန်ကုန် မြောက်ဥက္ကလာမှာနေခဲ့တယ်ကျောင်းက တစ်တန်းထိပဲတက်ခဲ့ရလို့စာမဖတ်တတ်ပါဘူး။အိမ်မှာ မနေချင်တာနဲ့ပဲ အိမ်ထောင်ကွဲနေတဲ့ အဒေါ်နဲ့အတူ ပွဲစားကတစ်ဆင့်မြင်းခြံကို ရောက်လာခဲ့တာ

ဒီရောက်မှ KTV မှန်းသိလို့ မလုပ်ချင်လဲပိုင်ရှင်က ပွဲခပေးထားရလို့ မလုပ်ရင်မရဘူးဆိုလို့ ဆက်လုပ်ခဲ့ရတယ်သီချင်းရွေးပေး ဘီယာ အရက်ငှဲ့ပေးဒါလောက်တော့ လုပ်ပေးရတယ် Massage တော့ရှိတယ် မလုပ်ခဲ့ဘူး

အဲမှာပဲ သူနဲ့စတွေ့တာသူက ထန်းရည်ဆိုင်မှာ ထန်းရည်သောက်နေတာလေ ဒီလိုနဲ့ပဲဘယ်မှ သွားစရာမရှိ KTV မှာလဲမလုပ်ချင်တာနဲ့ သူ့နောက်ကိုပဲလိုက်ခဲ့လိုက်တော့တာ အဲတုန်းက အသက်က ၁၄ နှစ်ပေါ့

သူကလား သူ့အိမ်ကိုတော့ ခေါ်မသွားဘူးတည်းခိုခန်းမှာ တစ်ရက် ၅၀၀၀ နဲ့တစ်လလောက်နေကြတယ် အဲကမှအိမ်ငှါးနေတယ် နောက်တော့ သူ့အမေဆီ သူပြောသလို လိုက်ပြော တောင်းပန်ပါ ဆိုတာနဲ့ လိုက်တောင်းပန်တော့သူတို့အိမ်နောက်မှာ အဖီလေးချနေတယ်

သူ့ရပ်ကွက်ထဲရောက်မှ သူ့မှာ အရင်မိန်းမရှိမှန်းသိပြီး ကလေးလည်းရှိတာသိရတယ် ဒါပေမဲ့ မတတ်နိုင်ဘူးလေ…တစ်ခါ တစ်ခါ စကားများ ရန်ဖြစ်ရင်လက်ပါတဲ့အထိ ဖြစ်ကြတယ် သူက ချုပ်ပေးထားပြီး သူ့အမေကရိုက်တာမျိုးလဲ ရှိဖူးတယ်

တစ်ခါတော့ သူတို့လုပ်မှာစိုးလို့ ကိုယ်ကဦးအောင် ကုတင်ကို ခေါင်းနဲ့ဆောင့်ထားလိုက်တာ သွေးထွက်တဲ့အထိဒါမှ သူတို့က မလုပ်ရဲတော့မှာ

ခုလဲ ဒီမှာ ဆက်မနေချင်တော့ပါဘူး။ကလေးလဲ မထားခဲ့နိုင်ဘူး။ရန်ကုန်လည်း အဆက်အသွယ်ကမရတာကြာပြီ အောက်မှာ မောင်နှမ၂ ယောက်ရှိသေးတယ် ညီမအငယ်ကစကားမပြောတတ်ဘူး သူလည်းမုဒိမ်းကျင့်ခံရတယ်တဲ့ အမှုဖြစ်တယ်လဲကြားတယ်

ညီမအငယ် အမှုဖြစ်နေတုန်းမှာ အမေဆုံးသွားတယ်အမေဆုံးတော့ လမ်းစရိတ် မရှိလို့မပြန်နိုင်ခဲ့တာကို အမေ့ဘက်ကအမျိုးတွေက မကြည်တော့ ခုထိမခေါ်ဘူးအဖေလည်း သူများသတ်လို့သေပြီ

အငယ်နှစ်ယောက်ကိုတော့ ရေကြည်က အမျိုးတွေ ခေါ်ထားတယ်ကြားတယ်…ဘာတွေ ဆက်ဖြစ်ဦးမလဲ …ကျင့်ဝတ်နားမလည် မစောင့်ထိန်းဘဲ အသက်မပြည့်တဲ့ ကလေးသူငယ်တွေပါမချန် လက်ခံတဲ့ KTV တွေ အမြန်ကျဆုံးပါစေ. . .

ကလေးတွေရဲ့ဘဝ လုံခြုံကြပါစေ…Nan Mouk Seng