ဝေဖန်သံတွေမြင့်တက်နေသော ဆယ်တန်း ဘဝတွက်တာ ကျွမ်းကျင်စရာမှ လိင်ပညာပေး သင်ခန်းစာ(ကောင်းကွက် / ဆိုးကွက် ထင်မြင်ယူဆချက်များ ကွန့်မန့်တွင်ရေးပေးခဲ့ပါ)

ဘ၀တွက်တာကျွမ်းကျင်စရာဆိုတဲ့ ဘာသာရပ်ကနေ ဆယ်တန်းတွေကို sex education ပေးဖို့ အစပျိုးလာတာတွေ့ရပါတယ်.. ကြိုဆိုသင့်တဲ့ ‌ခြေလှမ်းပါ..

ထွန်းထွန်းနဲ့ချိုချိုလောက်အထိက စနေနောက်နေလို့ရနိုင်သေးပေမယ့်.. scenario ၂ခု ၃ခုလောက်ထပ်တွေ့ပြီးချိန်မှာတော့ တခုခုလွဲနေပြီဆိုတဲ့ ခေါင်းလောင်းသံ ခေါင်းထဲမှာမြည်လာသလိုပါပဲ..

ကျွန်တော်က ပညာရှင်မဟုတ်ပါဘူး.. ဘာလွဲမှားနေလဲ ကျွန်တော် မသိပါဘူး.. ဒါပေမယ့် တခုခု မှားနေတယ်ဆိုတာလောက်တော့ သိပါတယ်..

ကျွန်တော်တို့ LGBT ကို ခွဲခြားဆက်ဆံခြင်းမပြုအောင် ကလေးတွေကို သင်ကြားပေးဖို့လိုပါတယ်.. ဒါပေမယ့် လိင်တူလိင်ဆက်ဆံတဲ့အကြောင်းကို မိတ်ဆက်ပေးဖို့ မလိုပါဘူး..

KTV, မာဆတ်, Night club, beer pub, party ဒါတွေက အရွယ်နဲ့ပတ်ဝန်းကျင်ကနေတဆင့် သူတို့ကို သင်ပါလိမ့်မယ်.. ကျောင်းစာက တရားဝင်မိတ်ဆက်ပေးစရာမလိုပါဘူး..

လိင်ဆက်ဆံရင် ၀င်ငွေပိုရနိုင်ကြောင်း သိသင့်တဲ့ channel ဟာ ကျောင်းစာမဖြစ်သင့်ပါဘူး.. တခုခုလွဲနေပြီထင်ပါတယ်..

Sex Education ဟာ -လူ့ဂုဏ်သိက္ခာကိုသင်ရမှာဖြစ်ပါတယ်.. -ကျိုးကြောင်းချင့်ချိန်နိုင်စွမ်းကိုသင်ရမှာဖြစ်ပါတယ်..

-Consequences and Responsibilities ကိုသင်ရမှာဖြစ်ပါတယ်..

-မိန်းကလေးတွေကိုတန်ဖိုးထားတတ်အောင်နဲ့ယောက်ျားလေးတွေကိုလေးစားတတ်အောင်သင်ပေးရမှာဖြစ်ပါတယ်..

-abuse နည်းနိုင်သမျှနည်းအောင်နဲ့ abuse ရဲ့ဆိုးကျိုးတွေကိုခြုံငုံမိအောင်သင်ကြားပေးရမှာဖြစ်ပါတယ်..

အင်မတန်ထိရှလွယ်သောအကြောင်းအရာမို့ ပေါ့ပေါ့တန်တန်မလုပ်စေချင်ပါဘူး.. ကျွမ်းကျင်ပညာရှင်တွေရဲ့ ကြီးကြပ်မှု လိုအပ်ပါတယ်..

လိင်ပညာပေးဟာ အန္တရာယ်ကင်းစွာလိင်ဆက်ဆံနည်းပါ.. လိင်ဆက်ဆံကြတော့ဟေ့ လို့ တိုက်တွန်းတာ မဟုတ်ပါဘူး…crd Yarzar Wizaya