(၁၁)နှစ်အရွယ်(ကျား)ကလေးငယ်တစ်ဦး သဲပုံအတွင်း သေဆုံးလျှက်တွေ့ရှိ

(၁၁)နှစ်အရွယ်(ကျား)ကလေးငယ်တစ်ဦး သဲပုံအတွင်း သေဆုံးလျှက်တွေ့ရှိ

ဟုမ္မလင်း ၊ မေ ၊ ၁၄ စစ်ကိုင်းတိုင်းဒေသကြီး၊ဟုမ္မလင်းမြို့နယ် နောင်ခမ်းအုပ်စု၊နောင်ခမ်းကျေးရွာတွင် ကလေးငယ်တစ်ဦးသဲပုံအတွင်း သေဆုံးလျှက်တွေ့ရှိရသည်ဟုသိရသည် ။ ဖြစ်စဉ်မှာ မေလ ၁၃ ရက်နေ့ ၇ နာရီ‌ကျော် အချိန်ခန့် ကအသက်(၁၁)အရွယ်ရှိ မောင်……….. ကလးငယ်တစ်ဦးဟာနောင်ခမ်း‌ကျေးရွာ ဘုန်းတော်ကြီးကျောင်းအနီး လမ်းခင်းရာတွင်း အသုံးပြုရန် စုပုံထားသော

သဲပုံဟောင်းအတွင်း ကလေးငယ်အ‌လောင်းအားတွေ့ရှိရသဖြင့် သက်သေများဖြင့်စစ်ဆေးကြရာ အသက်(၁၁)နှစ် အရွယ်ရှိနောင်ခမ်းကျေးရွာမှ(ကျား) ကလေးငယ် တစ်ဦးဖြစ်ပြီး အဆိုပါကလေးငယ်သည် (၁၂)ရက်နေ့ နေ့လည်ကတည်းကနေအိမ်မှ ထွက်သွားပြီး ပြန်ရောက်မလာသောကြောင့် မိဘများမှာ လိုက်လံရှာဖွေသော်လည်း မတွေ့ရှိရပဲမေလ ၁၄ ရက်နေ့ မနက်ပိုင်းတွင်

အဆိုပါသဲပုံအတွင်း သေဆုံးလျှက်တွေ့ရှိရ သည်ဟုသိရသည် ။ ယင်းကလေးငယ်သည် ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်မဟုတ်နမ့်တောတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ပြီး သေမှုသေခင်းအမှတ်စဉ် ၁၄/၂၀၂၀ ဖြင့်ရေးဖွင့်ကာ မိုင်းကိုင်းနယ်မြေရဲစခန်း စခန်းမှူး ရဲအုပ် သိန်းထိုက်မှ အမှုအားစစ်ဆေးပြီး ရဲတပ်ကြပ်ရဲမျိုးကို ဝေဖလာရဲကင်းမှတရားလိုပြုလုပ်အရေးယူ ဆောင်ရွက်ထားသည်ဟု သိရသည် ။ (ကျော်စိုး(နမ့်တော)ပေးပို့သည်) The First Weekly News Journal

Add a Comment

Your email address will not be published. Required fields are marked *