လက်ဆိုသိုရဲ့ အသက် ၈၀ အရွယ်ဝန်ကြီးချုပ် နှုတ်ထွက်…နောက်ကြောင်းပြန်အရေးမယူဖို့ တောင်ဆိုခဲ့သော်လဲ ပယ်ချခံရ

မနေ့ကအထိ Covid-19 လုံးဝမရှိပါဘူးလို့ကြေညာထားတဲ့ အာဖရိကတိုက်က လက်ဆိုသိုနိုင်ငံဟာ မနေ့က ၁ ယောက်စတင်တွေ့ရှိပြီ ဖြစ်ပါတယ်

လက်ဆိုသိုရဲ့ အသက် 80 ရှိ ဝန်ကြီးချုပ် Thomas Thabane ဟာ သူ့အရင်မိန်းမကိုသတ်ရာမှာ ပါဝင်မှုနဲ့ စွပ်စွဲခံနေရတာပါ။ သူ့ရဲ့ အရင်မိန်းမဟာ အိမ်ရှေ့မှာ သေနတ်နဲ့ပစ်သတ်ခံရတာဖြစ်ပြီး သူ့ရဲ့ အသက် 43 နှစ်ရှိ နောက်မိန်းမကို လူသတ်မှုနဲ့ ရဲကတရားစွဲထားတာပါ။ ပါလီမန်မှာသူ့ကို

နုတ်ထွက်ရန်အကြိမ်ကြိမ်တောင်းဆိုတာကို သူကငြင်းဆန်ခဲ့ပြီး ရဲချုပ်နဲ့ ဒုရဲချုပ်ကို စစ်တပ်အင်အားသုံးကာ စစ်တပ်ထဲမှာ ဖမ်းထားခဲ့ပါတယ်။ ဧပြီလဆန်းမှာ သူရဲ့ခေါ်ယူမှုနဲ့ စစ်တပ်ဟာ စစ်ကားတွေနဲ့ မြို့တော်ထဲမှာ အင်အားပြနေခဲ့ပါတယ်။ တနင်္လာနေ့ကတော့ သူ့အစိုးရပြုတ်ကျသွားပြီး

သူကသူ့အသက်အရွယ်ကြောင့် နုတ်ထွက်ပေးမယ်လို့ဆိုလာပါတယ်။ သူနုတ်မထွက်ခင် နောက်ကြောင်းပြန်အရေးမယူရေးကို တောင်းဆိုခဲ့ပေမယ့် ငြင်းပယ်ခြင်းခံခဲ့ရပါတယ်။ လေးစားစွာဖြင့် ရစ်ချက်မျိုးသန့်အား ခရက်ဒစ်ပေးပါတယ် ခင်ဗျာ