ညဘက်အမျိုးသမီးများအိပ်နေသော ခြင်ထောင်လှန်သော ကိုရွှေမျောက် ရဲစခန်းသို့ရောက်

ရုံးရောက်_ဂါတ်ရောက်_ကိုရွှေမျောက်

ဧပြီလကုန်ပိုင်း၏ ပူ လောက်အိုက်စပ်လှ သောနေ့ခင်းတစ်ခု တွင် မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့ ရှမ်းပွဲရပ်က အုပ်ချုပ်ရေးမှူးဦးဇော်ကြီးတစ်ယောက် ကိုရိုနာဗိုင်းရပ်စ်ကြောင့် စိတ်ရှုပ်ထွေးနေရသည့်အချိန် သူ့ နယ်မြေထဲ သတင်းတစ်ခု တက်လာခဲ့လေသည်။ သူ့ရပ်ကွက်ထဲရှိ ဝန်ထမ်းလိုင်းခန်းထဲက အသက် (၄) နှစ်အရွယ် ကလေးမလေးတစ် ယောက် မျောက်ကိုက်ခံရလို့တဲ့။

စပြီ။ ဒီမျောက်။ မြစ်သားမြို့၏ မြို့ပေါ်ရပ် ကွက်တစ်ခုဖြစ်သည့် ဦးဇော်ကြီး တို့ရပ်ကွက်မှာ ထိုမျောက်သောင်း ကျန်းနေသည်မှာ နှစ်နဲ့ချီနေပြီဖြစ် သည်။ မျောက်ကအထီးဖြစ် သည်။ ပထမ စရောက်ခါစတုန်း ကတော့ လူတွေကအယ်…မျောက် ကလေး ချစ်စရာလေးဆိုပြီး ငှက် ပျောသီးတွေကျွေးကြ၊ တခြားသူ ကြိုက်နိုင်တာလေးတွေ ကျွေးကြ မွေးကြသည်။ လူတွေနှင့်လည်း ရင်းနှီးလာသည်။

မျောက်က လည်း ရှမ်းပွဲရပ်တင်မက နီးစပ် ရာအရပ်ထဲက ကူးသန်းသွားလာ သည်။ သူဘယ်ကလာသလဲ ဘယ်သူမှမသိ။ မျောက်ကြီးသည် အစာရေစာဝလင်လာ၍ ခန္ဓာ ကိုယ်မှာ ဝဖြိုးလာလေသည်။ ရောက်စကလို ပိန်ပိန်လေးမ ဟုတ်တော့။ နောက်တော့ ကိုယ်တော် ချောက နည်းနည်းကမ်းတက်လာ သည်။ ဟင်းအိုး၊ ထမင်းအိုးတွေ ကိုပါ ဖွင့်စားတတ်လာသည်။

စား ရုံတင်မက သွန်ပါပစ်တတ်လာ သည်။ ပန်းကန်တွေလည်း ခွဲပစ် သည်။ အိမ်တိုင်မှာ ငှက်ပျောသီး အဖီးလိုက်ချိတ်ထားလျှင် ဆွဲပြေး သည်။ အိမ်တွေတင်မကအနီးနား က ဘုရားမှာပါ ပုတီးလာစိပ်သူ လက်ထဲကပုတီးကို ဆွဲယူပြေး သည်။ နောက်တော့ ဂေါပကတွေ လက်ထဲ လေးခွကိုင်ကာစောင့်ရ တော့သည်။ လမ်းထိပ်ကအသီး ဆိုင်ဆိုလည်း မကြာခဏအသီး

တွေလာလာဆွဲတတ်၍ လေးခွ ကိုင်ကာ ရောင်းနေရသည်။ ပြောင်းဖူးဖုတ်သည်တွေလည်း သူ့ဒဏ်ခံရသည်။ ထိုမျောက်မွှေ ချက်ကဒါတင်ပဲလား၊မကသေး။ ညဆိုလျှင် ပြတင်းပေါက် တွေကနေတစ်ဆင့် အိပ်ခန်းထဲ တွေဝင်ကာ ခြင်ထောင်တွေလှန် ခြင်းဖြစ်လေသည်။ အတော်ဆိုး သည့်မျောက်။ မိန်းမသားတွေ ချည်းနေတဲ့အိမ်ဆို ဘယ်လိုမှအ ဆင်မပြေ။ မနက်လင်းသည်နှင့်

‘‘ဦးဇော်ရေ လုပ်ပါဦး၊ မျောက် ကြီးက ခြင်ထောင်လာလာလှန်နေ လို့’’ဟု လာလာတိုင်ကြသည့် မိန်းမသားတွေရှိသည်။ ဘယ်လို မျောက်မှန်းကိုမသိ။ ထိုမျောက်က ထူးတော့ လည်းထူးဆန်းသည်။ သူ့ကိုပေး ကျွေးနေသည့်လူတွေကျ လက် ချင်းတောင် ဆွဲနှုတ်ဆက်သေး သည်။ သို့သော်မျောက်သဘာဝ အိမ်ထဲကပစ္စည်းတွေ သွန်ချင်သ လိုသွန်၊ မှောက်ချင်သလိုမှောက် လုပ်တာမျိုးကျ

အဆင်မပြေ တော့။ ပိုဆိုးသည်က ခြင်ထောင် လှန်သည့်ကိစ္စ။ မျောက်ကဘာ ရယ်မဟုတ် လူတစ်ယောက်အ ဝတ်စကြီးပတ်လည်ကာပြီး အိပ် မောကျနေတာကို ထူးဆန်း၍သွား ကိုင်မိခြင်းလည်း ဖြစ်နိုင်သည်။ သို့သော် လူတွေက ညဘက်သူတို့ အိပ်နေတုန်း ခြင်ထောင်လာမ လှန်စေဖို့ တံခါးတွေပိတ်အိပ်ကြ ရတော့ သည်ရာသီဥတုနှင့်ပူလိုက် သည့်ဖြစ်ခြင်း။

လွန်ခဲ့သည့်ခုနစ်လလောက် ကို ရပ်ကွက်နေပြည်သူတစ်ဦးက  ထိုမျောက်ကြီး ထိန်းသိမ်းပေးဖို့ လာတိုင်ဖူးသည်။ ဦးဇော်ကြီး လည်း သက်ဆိုင်ရာကို မေးမြန်း သော်လည်း သစ်တောဦးစီးဌာန နှင့် ဆက်သွယ်ဖို့ပဲလမ်းညွှန် သည်။ ဖမ်းနိုင်သူတွေနှင့်လည်း ဆက်သွယ်၍မရသည်နှင့် မဖမ်း နိုင်ခဲ့။ အခုကျလူကိုပါထိခိုက်မိ လာတာတွေရှိလာသည်။ ကလေး မလေးခမျာ

လည်ပင်းကသွေးပြန် ကြော ပေါက်သွားသည်ဟုလည်း ကြားရသည်။ ဆေးရုံတက်ကုခဲ့ရ သည်တဲ့။ သည်လိုဆိုမဖမ်း၍မရ တော့။ အေဖိုးတစ်ရွက်ယူကာ မြို့နယ်ထွေအုပ်ကိုပို့ဖို့ စာရေး သည်။ ထိုမျောက်ကြီးကိုဖမ်းဆီးဖို့ လမ်းညွှန်ချက်ပေးရန် ဖြစ်သည်။ စာရေးပြီးတော့ ထွေအုပ်ရုံးသွား ကာတင်ခဲ့လိုက်သည်။ ထိုနေ့က ဧပြီလ ၂၉ရက်နေ့။ စာတင်ပြီး တစ်ပတ်ပြည့် သည့်နောက်တစ်ရက်

မေလ ၈ ရက်နေ့ နေ့ခင်းတွင် ဦးဇော်ကြီးဆီ ဖုန်းတစ်ခုဝင်လာသည်။ မြစ်သား ရဲစခန်းကဖြစ်သည်။ ‘‘အုပ်ကြီး ရေ။ ခင်ဗျားတို့မျောက်ကြီးဖမ်း ပေးဖို့ အထက်က စာရောက်လာ ပြီဗျို့။ စခန်းလာခဲ့လိုက်ဦး’’ ဟု ပြောသည်။ ဦးဇော်ကြီးလည်းပြင် ဆင်ပြီး စခန်းဘက်ထွက်လာခဲ့ သည်။ စခန်းရောက်ပြီးသိပ်မကြာ ဆီးဖြူကုန်းရွာက မျောက်ဖမ်း တတ်သည့်ရွာသား လေး၊ငါး ယောက်လောက်ပါ

ရောက်လာခဲ့ သည်။ စခန်းမှူးက ခေါ်ထားခြင်း ဖြစ်သည်။ စခန်းမှူးကထိုအဖွဲ့နှင့် အတူ သူ့လက်အောက်က ရဲဝန် ထမ်းတွေပါ မျောက်ဖမ်းရန်ထည့် ပေးလိုက်သည်။ ရပ်ကွက်အုပ် ချုပ်ရေးမှူးဦးဇော်ကြီး၊ မျောက် ဖမ်းတတ်သည့် ရွာသားများနှင့် ရဲ တပ်ဖွဲ့ဝင်များသည် မျောက်ဖမ်း ရန် စခန်းကနေ ထွက်ခွာလာခဲ့ကြ လေသည်။ ပထမဆုံး သူသွားနေကျ ရွှေမုဋ္ဌောဘုရားဘက် အရင်သွား လိုက်သည်။

မောင်မင်းကြီးသား ကရှိသည်။ သူကဘုရားစောင်း တန်းအပေါ်မှာ တက်နေသည်။ ဦးဇော်ကြီးတို့အဖွဲ့တွေ သူ့အား ကြည့်နေတာမြင်တော့ မျောက် ကလည်း သင်္ကာမကင်းဖြစ်လာ သည်ထင်သည်။ ဘုရားအုတ်တံ  တိုင်းဘက်ပြေးလေသည်။ ဦးဇော် ကြီးတို့အဖွဲ့လည်း အပြေးအလွှား လိုက်ကြသည်။ တံတိုင်းနား ရောက်တော့ တံတိုင်းကိုလွှားခနဲ နေအောင်ခုန်ကာ တစ်ဖက်ရပ် ကွက်ထဲ ဆင်းပြေးလေသည်။

ဦးဇော်ကြီးတို့လည်း ဘုရားဝင်းထဲ ကနေ အပြေးထွက်ကာ ရပ်ကွက် ထဲလိုက်ရလေသည်။ ထိုမျောက်က အပင်တွေ ဘာတွေပေါ်ကျမတက်။ မြေပေါ် ကနေပဲပြေးသည်။ အပင်တွေပေါ် သာတက်လျှင် ပိုပြီးဖမ်းရလွယ် သည်ဟုလည်း မျောက်ဖမ်းနေကျ လူတွေကပြောသည်။ ထိုနေ့က ညနေအထိ လိုက်ဖမ်းကြသည်။ ရှမ်းပွဲရပ်ကနေတစ်ဆင့် တခြား နီးစပ်ရာ ရပ်ကွက်တွေထဲလည်း ပြေးသည်။

သို့သော်ရပ်ကွက် တစ်ခုအရောက်မှာတော့ ထို မျောက်သည် ပျောက်ခြင်းမလှ ပျောက်သွားလေသည်။ ဦးဇော် ကြီးတို့ရော၊ ရဲတပ်ဖွဲ့ဝင်တွေရော မျောက်နောက်လိုက်ရ၍ ခြေကုန် လက်ပန်းကျကာ ပြန်ခဲ့ကြလေ သည်။ နောက်တစ်ရက် မေလ ၉ ရက်နေ့တွင်လည်း မျောက်ဖမ်း သမားတွေထပ်ခေါ်ပြီး ရဲတပ်ဖွဲ့ ဝင်တွေနှင့်ဖမ်းကြသည်။ အညာ နေပူပူထဲ ရပ်ကွက်တွေထဲ ပြေး ဟယ်လွှားဟယ်နှင့်

မစားသာလှ။ နောက်ဆုံး မျောက်နှင့်ရင်ဆိုင်တိုး ချိန်မှာတော့ မျောက်ဖမ်းသမား တွေက မျောက်ကိုဝင်လုံးကာဖမ်း ရတော့သည်။ ထိုအဖွဲ့ထဲကတစ် ဦးလည်း မျောက်ကိုက်ခံရလေ သည်။ မျောက်ကြီး ဖမ်းမိသွားပြီဟု သတင်းကြား၍ မျောက်ဒုက္ခပေး ခြင်းကိုခံခဲ့ရသူတွေကတော့ အခု မှပဲ စိတ်အေးရတော့တယ်ဟု သက်ပြင်းချသည်။ ညဘက်ပူ သော်လည်း မျောက်ကြောက်၍ အပြင်ထွက်

မအိပ်ရဲသူများလည်း အပြင်ထွက်အိပ်ဖို့ ပြင်ကြသည်။ မျောက်ဖမ်းပေးခဲ့သည့် ပြည်သူ တွေကို မြို့နယ်အထွေထွေအုပ် ချုပ်ရေးမှူးက ငါးသောင်း၊ မြစ် သားမြို့မရဲစခန်းမှူးက သုံး သောင်း ဆုတော်ငွေချီးမြှင့်ခဲ့ သည်။ ဇာတ်လမ်းက ဒီတင်မပြီး သေး။ မျောက်ကြီးကို ရဲစခန်းခေါ် လာတော့ စခန်းမှူးခေါင်းကုတ်မိ သည်။ သူ့ကိုဘယ်မှာထားရမည် နည်း။ အချုပ်ထဲလည်းထည့်၍ မရ။

ဒီတိုင်းကြိုးနှင့်ချည်ထားရုံ နှင့်လည်းမလွယ်။ သံတိုင်အမှိုက် ပုံးကို ပြောင်းပြန်လှန်ကာ ယာယီ ချုပ်ထားရသည်။ ညဘက်၍ စခန်းမှူး ထိုမျောက်ကိုသွားကြည့် တော့ အံ့သြစရာ။ ထိုမျောက်မှာ မျက်ရည်တွေ တသွင်သွင်စီးကျ နေလေသည်။ စခန်းမှူးမှာ မျောက်ကြီးငိုနေတာ မြင်ရတော့ စိတ်ထဲမကောင်း။ မျောက်ကြီးအ တွက် ဘာလုပ်ပေးရမလဲစဉ်းစား ရသည်။ မျောက်မှာလည်းမျောက်

အခွင့်အရေးရှိသည်။ ခဏတော့ မျောက်ကြီးကို ရေနှင့် ငှက်ပျောသီးလာပေးသူ တွေ၊ တခြားအစားအသောက် တွေ၊ လာပေးသူတွေ စခန်းထဲဝင် လာကြသည်။ အချုပ်ကျနေသည့် သူတွေတောင် သူ့လောက်ဧည့် များမည်မဟုတ်။ မြစ်သားမြို့က လူတွေကလည်း အစကတည်းက ဒီမျောက်ကိုချစ်ပါသည်။ ဒုက္ခပေး လွန်း၍သာ ဖမ်းဖို့တောင်းဆိုရ သည်။ သို့သော်ဖမ်းပဲဖမ်းဖို့မသတ် ဖို့လည်းတောင်းပန်ကြသည်။

စ ခန်းမှူးကလည်းမသတ်ပါ။ သူ့ကို သင့်တော်သည့်တစ်နေရာပို့ဖို့သာ စီမံပေးရန် စဉ်းစားထားသည်။ သို့သော် အခုလက်ရှိတော့ ဒီမျောက်ကို စခန်းမှာချုပ်ထားရဦး မည်။ ညကကိုသူ့အတွက် ရဲဝန် ထမ်းတစ်ယောက် အစောင့်ချ ထားရသည်။ ကာလကဘယ် လောက်ကြာဦးမည်မသိ။ အမှိုက် ပုံးပြောင်းပြန်လှန်ထားသည့် သံ တိုင်ထဲ တစ်ကိုယ်စာလေးသာမို့ သူလည်း နေတတ်မည်မဟုတ်။

သို့ဖြင့် စခန်းမှူးအကြံထုတ်ရလေ တော့သည်။ မြို့ပေါ်က ကုန်မာဆိုင်က နေ သံချည်သံကွေးလုပ်သည့်နေ ရာမှာသုံးသည့် သံတန်းတွေသွား ဝယ်ရသည်။ ထို့နောက် စခန်းက လူတွေနှင့် မျောက်အတွက် လှောင်အိမ်လေးတစ်ခု အားချင်း ပြင်ဆင်နေရသည်။ ရဲစခန်းမှာမှ လူအမှုတွေနှင့် လုံးလည်ချာလည် လိုက်နေပါသည်ဆိုမှ မျောက်အ တွက် သီးသန့်အချုပ်ခန်းဆောက် နေရသေးသည်။

စခန်းမှူးနှင့် ရဲ တပ်ဖွဲ့ဝင်များခမျာ မျောက်အ တွက် သက်သောင့်သက်သာရှိ မည့် လှောင်အိမ်ကြီး ဖန်တီးနေရ လေသည်။ လှောင်အိမ်ပြီးလျှင် မျောက် ကို ရွှေ့ပြောင်းကာထားမည်ဖြစ် သည်။ တိရစ္ဆာန်ရုံပို့တာပဲဖြစ်ဖြစ်၊ တခြားတစ်နေရာရာ ပို့တာပဲဖြစ် ဖြစ်၊ မျောက်နှင့်အတူ လှောင်အိမ် ကိုပါ ထည့်ပေးလိုက်မည်ဖြစ် သည်။ သို့သော် COVID-19 ကြောင့် တိရစ္ဆာန်ရုံလည်းပိတ် ထားသဖြင့် ဒီမျောက်ကြီး ရဲစခန်း ထဲ ဘယ်အချိန်ထိ သောင်တင်နေ ဦးမည်မသိ။ Credit : 7Day News

Add a Comment

Your email address will not be published. Required fields are marked *