အနိုင်ကျင့်သူကို သေနတ်ဖြင့်ပစ်သတ်…ရဲကို ကိုယ်တိုင်အကြောင်းပြီး…အချုပ်ကားပေါ်တက်ခါနီး ချစ်သူကို နောက်ဆုံးအနမ်း ချွေခဲ့သူ

အမြုတမ်းအနိုင်ကျင့်သူကို သီးမခံနိုင်၍ သေနတ်ဖြင့်ပစ်သတ်ပြီး ရဲအချုပ်ကားပေါ်မတက်ခင် ချစ်သူကိုနောက်ဆုံးအနမ်းပန်းတစ်ပွင့်ချွေခွင့်တောင်းခဲ့သူ

မေလ ၁၃ ရက် ထိုင်းနိုင်ငံ ပရာကျင်ဘူရီခရိုင်မြို့ ဝပ်ဘို့ထ်အုပ်စု ၊ ရပ်ကွက် ၇ တွင် မေလ ၁၂ ရက်နေ့ ညဉ့်ဦးယံအချိန်တွင် အသက် ၃၃ နှစ်အရွယ် အမျိုးသားတစ်ဦး သေနတ်ဒဏ်ဖြင့်သေဆုံးနေပြီး ပြစ်မှုကျုးလွန်သူအသက် ၂၇ နှစ်အရွယ် နိုင်အတ္ထဖွန်း သည်ရဲတပ်မှလာရောက်ဖမ်းဆီးနိုင်ရန် ငုတ်တုတ်ထိုင်စောင့်နေကြောင်း ၎င်းကိုယ်တိုင်သတင်းပေးပို့လာသဖြင့်

ရဲတပ်ဖွဲ့မှ သွားရောက်ဖမ်းဆီးခဲ့ကြသည်။ အခင်ဖြစ်ပွားသည့်နေရာသည် အိမ်ခန်းငှားတစ်ထပ်တန်းလျားဖြစ်ပြီး အခန်းရှေ့၌ သွေးအိုင်ထဲတွင် လဲကျသေဆုံးနေသော အသက် ၃၃ နှစ်အရွယ် နိုင်ဆဲန် ၏ဘယ်ဘက်မျက်စေ့မှ သေနတ်ကျည်ဖောက်ဝင်ကာ နောက်ဖက်သို့ ဖောက်ထွက်ဒဏ်ရာဖြင့် သေဆုံးနေသည်ကို စစ်ဆေးတွေ့ရှိရသည် ၊ သေဆုံးသူ၏ဘေးတွင်

ဝါးရင်းဒုတ်တစ်ချောင်းကိုလည်း တွေ့ရှိရသည် ။ ပြစ်မူကျူးလွန်သည်ထိုင်းနိုင်ငံထုတ် လုပ်သေနတ် ၁ လက်နှင့်အတူအဖမ်းခံခဲ့သည် ။ ဖြစ်စဉ်မှာ သေဆုံးသူနှင့်အတူ ၎င်းတို့သည် စက္ကူစက်ရုံတွင် စက္ကူတင်ပို့ကားကို အတူတူမောင်းသည့် အလုပ်လုပ်ကြပြီး ယနေရာတွင်အခန်းငှားကာ အခန်းခြင်းကပ်လျှက်နေထိုင်ကြပြီး အခင်းဖြစ်သည့်ညက သေဆုံးသူသည် သူ၏အခန်းရှေ့တွင်

သူ၏သူငယ်ချင်းများနှင့်အတူ ဝိုင်းဖွဲ့၍အရက်သောက်နေကြသည်ဟုဆိုပါသည် ။ သေဆုံးသူသည် အလုပ်ရုံတွင် စီနီယာကျသည့်အတွက် ၎င်းအားမချေမငံဆူဆဲကြိမ်းမောင်းရင်း အပြန်အလှန်စကားများရာမှ သေဆုံးသူသည် သူ၏နေအိမ်အခန်းမှ ဓါးဝင်ယူကာ အပြင်ထွက်လာသဖြင့် ဘေးအခန်းမှ လူအများဝိုင်းဝန်းတားမြစ်ပြီး အခန်းထဲမှာနေစေခဲ့သည် ။

သေဆုံးသူသည် နေအိမ်တံခါးအား ဓါးဖြင့်ဖျက်ဆီးကာ နောက်တစ်ကြိမ်ရန်ပြုလာပြီး မာကျောသောအရာဝတ္ထုတစ်ခုဖြင့် လာရိုက်သဖြင့် သီးမခံနိုင်သဖြင့် သေနတ်ဖြင့် ၁ ချက်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ၊ သေဆုံးသူသည် မကြာခဏယခုကဲ့သို့ အရက်မူးလားလျှင် နိုင်ထက်စီးနင်းပြုလုပ်လေ့ရှိကြောင်း ဘေးပါတ်ဝန်းကျင်းမှ မျက်မြင်သက်သေများက ထွက်ဆိုခဲ့ကြသည် ။

ပြစ်မှုကျုးလွန်သူအား ရဲတပ်ဖွဲ့မှ တရားဥပဒေအရ အရေးယူဆောင်ရွက်နိုင်ရန် စစ်ဆေးမှုများ ပြုလုပ်ရန်ခေါ်ဆောင်သွားစဉ် သူ့ချစ်သူမိန်းခလေးအား နောက်ဆုံးအနေဖြင့် နှုတ်ဆက်အနမ်းပန်းတစ်ပွင့် ချွေခွင့်ပြုရန်တောင်းဆိုခဲ့သဖြင့် ရဲတပ်ဖွဲ့မှ ရှေ့မျက်နှာနောက်ထား၍ ခွင့်ပြုပေးခဲ့ရကြောင်းသတင်းရရှိသည် ။လေးစားစွာဖြင့် ခရက်ဒစ်ပေးပါသည်။