မြဝတီမြို့ရှိနေအိမ်တစ်အိမ်အားသေနတ် နှင့် ၂ ချက်ပစ်ခတ်ထွက်ပြေး

မြဝတီမြို့ရှိနေအိမ်တစ်အိမ်အားသေနတ် နှင့် ၂ ချက်ပစ်ခတ်ထွက်ပြေး။

မြဝတီ မေ ၁၂ ရက်။ မြဝတီ (၄)ရပ်ကွက်၊အာရှလမ်းနှင့် အနန္တ ဂုဏ်ရည်လမ်းထောင့်၊မင်းပဒုမ္မာဝင်းရှိ ဦး စောတင်မြင့်(၆၂)နှစ်၏နေအိမ်အဝင်သွပ် ကာထားသောနေရာမှယနေ့ည ၉း၁၅ အ ချိန်ခန့်က Double Cap မော်တော်ယာဉ် (၁)စီး(စိစစ်ဆဲ)နှင့်လူ(၁)ဦးကအိမ်ထဲတွင် ထိုင်နေသောဦးစောတင်မြင့်အား 9-mm ပစ္စတိုဖြင့် (၂) ချက် ပစ်ပြီးမောင်းနှင်ထွက်

ပြေးသွားကြောင်း သိရသည် ။ ၎င်းဖြစ်စဉ်ဖြစ် ပွားသည့်နေရာသို့မြဝတီခရိုင်ရဲတပ်ဖွဲ့မှူး/ ဒု ရဲမှူးကြီးသက်လင်းဦး၊ တပ်မတော်ရှေ့တန်း ရုံးမှတာဝန်ရှိသူများ၊ BGF မှဗိုလ်မှူးနိုင် မောင်ဇော်နှင့် တာဝန်ရှိသူများ ချက်ချင်းရောက် ရှိခဲ့ကြပြီး စစ်ဆေးမှုများပြုလုပ်ကာ တရားခံ ဖမ်းဆီးရမိရေး စုံစမ်းဖော်ထုတ်သွားမည်ဖြစ် ကြောင်းသိရသည်။

အဆိုပါသေနတ်သမား တင်ဆောင်လာသော ယာဉ်ပေါ်တွင် အရပ် ဝတ်နှင့်လူ (၁၀)ဦးခန့်ပါရှိကြောင်း၊ မသမာသူ များသည် ၃.၂. ၂၀၂၀ ရက်နေ့ကလည်း လက်လုပ်မိုင်း(၂)လုံးဖြင့် ​စောတင်မြင့်အား ပထမ,အကြိမ်လုပ်ကြံခဲ့ပြီး ယခုသေနတ်နှင့် ဒုတိယအကြိမ်ပစ်ခတ်လုပ်ကြံခဲ့ခြင်းဖြစ် ကြောင်းသိရှိရပြီး ဦးစောတင်မြင့်မှာ တစ်စုံ တစ်ရာ ထိခိုက်ဒဏ်ရာရခြင်းမရှိကြောင်းသိရသည်။ Thetoo Naing