မြန်မာကို ကိုဗစ်-19 အရေးဖြေရှင်းနိုင်ရန် UN က ကန်ဒေါ်လာ သန်း ၂၀၀ ကျော်ကူညီမည်

မြန်မာကို COVID-19 အရေးဖြေရှင်းနိုင်ရန် UN က ကန်ဒေါ်လာ သန်း ၂၀၀ ကျော်ကူညီမည်

ကုလသမဂ္ဂ (UN) က မြန်မာနိုင်ငံအတွက် COVID-19 ကာကွယ်ထိန်းချုပ်ကုသရေးနဲ့ ပြန်လည်ထူထောင်ရေးတို့အတွက် ကန်ဒေါ်လာ သန်း ၂၀၀ ကျော်ကူညီဖို့ရှိနေတယ်လို့နယူးယောက်မြို့ရှိ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးဟောက်ဒိုစွမ်းက One News ကိုပြောပါတယ်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ကိုယ်တိုင် ဦးစီးပြီး COVID-19နဲ့ ပတ်သက်လို့ တစ်ကမ္ဘာလုံးကို အကူအညီပေးဖို့အတွက် ရန်ပုံငွေတစ်ရပ်ထူဖို့ဆောင်ရွက်နေတာပါ။ “အဓိကတော့ ဖွံ့ဖြိုးဆဲနိုင်ငံတွေကို ကူညီပေးမှာပါ။ရန်ပုံငွေကတော့ အကုန်လုံးတော့မရသေးဘူးပေါ့။လျာထားချက်အရတော့ ရမှာ သန်း ၂၀၀ ကျော်လောက်ရှိမှာပါ။ “လို့

သံအမတ်ကြီး ဦးဟောက်ဒိုစွမ်းကပြောပါတယ်။ အဲဒီရန်ပုံငွေ လျာထားချက်အရ မြန်မာနိုင်ငံဟာ COVID-19 ရောဂါကာကွယ်ရေးအတွက် ကန်ဒေါ်လာ သန်း ၄၀ ကျော် ရရှိမှာမှာဖြစ်ပြီး COVID-19ကြောင့် ထိခိုက်ခဲ့ရသည့် စီးပွားရေး၊လူမှုရေးစသည်များ ပြန်လည်ထူထောင်ရေးအတွက် သန်း ၁၆၀နီးပါး ကူညီမှုရရှိမှာ ဖြစ်ပါတယ်။

UN အပြင် World Bank၊ UNDP စတဲ့ ကမ္ဘာ့အဖွဲ့အစည်းတွေကလည်း မြန်မာနိုင်ငံအပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံတွေကို COVID-19 ကပ်ရောဂါကျော်လွှားနိုင်ရေး ကူညီပံ့ပိုးမှုတွေဆောင်ရွက်ဖို့ စီစဉ်နေပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *