ရန်ကုန်တွင် Mask မတပ်လျှင် မြို့ပတ်ရထား စီးခွင့်မပြု

ရန်ကုန်တွင် Mask မတပ်လျှင် မြို့ပတ်ရထား စီးခွင့်မပြု

နှာခေါင်းစည်း( Mask ) တပ်ဆင်ထားခြင်း မရှိသူများအား မြို့ပတ်ရထား စီးခွင့်ပြုမည် မဟုတ်ကြောင်း မြန်မာ့မီးရ ထားမှ သိရသည်။ ယနေ့( မေလ ၁၂ ) ညနေပိုင်း ရန်ကုန်ဘူတာကြီးတွင် မြို့ ပတ်ရထားစီး ခရီးသည်များအား Mask တပ်ဆင်ထားခြင်း မရှိလျှင်ရထားစီးခွင့်ပြုမည် မဟုတ်ကြောင်း အသိ ပေးကြေညာမှုများ ပြုလုပ်လျက်ရှိသည်။

ထို့အပြင် မြန်မာမီးရထားမှ တာဝန်ရှိသူများကလည်း ခ ရီးသည်များအား Mask တပ်ဆင်ကြရန် လိုက်လံ အသိပေးနှိုးဆော်ခြင်း ၊ Mask တပ်ဆင်ထားခြင်း မရှိသူများအား Mask တပ်ဆင်ကြရန် ကြပ်မတ် ခြင်းများ ဆောင်ရွက်ခဲ့သည်။ ယင်းအပြင် Mask များကို တခုလျင် ၂၅၀ ကျပ်နှုန်းဖြင့် ရန်ကုန်ဘူတာကြီးတွင် ရောင်းချပေးနေကြောင်း သိရသည်။

ရန်ကုန်တွင် (မနက်ဖြန်) မေလ ၁၃ ရက်မှစတင်ကာ နှာခေါင်းစည်း Mask မတပ်ဘဲ နေအိမ်မှ ပြင်ပသို့ သွားလာပါ ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေးဥပဒေနှင့်အညီ အရေးယူမည်ဖြစ်ကြောင်း သက်ဆိုင်ရာ မြို့နယ်အသီးသီးရှိ Covid -19 ထိန်း ချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီများက ထုတ်ပြန်ကြေညာ ထားသည်။ သတင်း/ ဓာတ်ပုံ -ကိုလင်း