တရုတ်က အမေရိကန်သတင်းထောက်တွေကို ပြည်နှင်ဒဏ်ပေးပြီးနောက် အမေရိကန်က ပြန်လည်လက်တုန့်ပြန်တော့မည်ဟုဆို…

တရုတ်က အမေရိကန်သတင်းထောက်တွေကို ပြည်နှင်ဒဏ်ပေးပြီးနောက် အမေရိကန်က ပြန်လည်လက်တုန့်ပြန်တော့မည်ဟုဆို

အမေရိကန် သတင်းထောက် တဒါဇင်ကျော်ကို တရုတ် အ စိုးရက ပြည်နှင်ဒဏ် ပေးခဲ့ပြီးနောက် ၊ အမေရိကန်ကလည်း တရုတ်သတင်းထောက်တွေရဲ့ အမေရိကန် ပြည်ဝင်ခွင့်ဗီဇာစည်းမျည်းကို တင်းကြပ်လိုက်တဲ့အပေါ် လက်တုံ့ပြန် သွားမှာဖြစ်တယ်လို့ တနင်္လာနေ့မှာ တရုတ်နိုင်ငံက ခြိမ်းခြောက် ပြောဆိုလိုက်ပါတယ်။

အမေရိကန်သတင်းထောက်တွေအပေါ်တရုတ်က ဆက်ဆံ ပုံကိုထောက်ပြရင်း အမေရိကန် အမိမြေလုံခြုံရေးဌာနကတရုတ်သတင်းထောက်တွေအတွက် သောကြာနေ့ ထုတ်ပြန်လိုက်တဲ့ စည်းမျည်းသစ်ထဲမှာတော့ – အမေရိကန်မှာ အများဆုံး ရက်(၉၀)သာ နေထိုင်ခွင့် ပြုတော့မယ်လို့ ကြေညာလိုက်တာပါ။ ဒါပေမဲ့ နေထိုင်ခွင့် သက်တမ်းတိုးဖို့ လျှောက် ထားနိုင်ခွင့် ရှိ သေးတယ်လို့ ဖေါ်ပြပါတယ်။

လက်ရှိအချိန်ထိ တရုတ်သတင်းထောက်တွေရတဲ့ အမေရိကန် ဗီဇာသက်တမ်းဟာ အဲဒီသတင်းထောက်တွေ သက်ဆိုင်ရာဌာနအတွက် အလုပ်လုပ်ခွင့် သက်တမ်းနဲ့ အတူတူပဲဖြစ်ပါတယ်။အမေရိကန်ရဲ့ မှားယွင်းတဲ့ တုံ့ပြန်ချက် အ ပေါ် မိမိတို့ အကြီးကျယ် စိတ်ပျက်ရသလို၊ အပြင်းထန် ဆန့်ကျင်ကြောင်း ၊ ဒါဟာ တရုတ် သတင်းလောကကို နိုင်ငံရေးနည်းအရ ခြေမှုန်းနေခြင်းသာ ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရ Zhao Lijian က နေ့စဉ်သတင်းစာ ရှင်းလင်းပွဲမှာ ပြောသွားပါတယ်။

အမေရိကန်ရဲ့ အမှားကို ချက်ချင်း ပြင်ဆင်ဖို့ တောင်းဆိုလိုက်ပြီး ၊ ဒီလိုမှ မဟုတ်ရင် တရုတ်နိုင်ငံကလည်း တန်ပြန် အရေးယူမယ့် နည်းလမ်းကလွဲလို့ အခြား ရွေးချယ်စရာ မရှိကြောင်းလည်း Zhao က ပြောသွားပေမယ့် ဘယ်လိုလက်တုံ့ပြန်မလဲဆိုတဲ့ အသေးစိတ်ကို ထည့်သွင်းပြော မသွားပါဘူး။

ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလက ကိုရိုနာဗိုင်းရပ်စ်ကိုင်တွယ်ဆောင် ရွက်ပုံနဲ့ ပတ်သက်လို့ တရုတ်အစိုးရ ပေါ် ဝေဖန်ရေးသားတဲ့ ဆောင်းပါးတ စောင် ဖေါ်ပြခဲ့ပြီးနောက် Wall Street Journal သတင်းထောက် ၃ ဦးကို တရုတ်က ပြည်နှင်ဒဏ်ပေးခဲ့တာ ဖြစ်ပါတယ်။

လေးစားစွာဖြင့် ခရစ်ဒက် –MOE WIN OO

Add a Comment

Your email address will not be published. Required fields are marked *