ဧရာဝတီတိုင်းက စည်ပင်ဈေးများမှာ Maskမတပ်လို့ ဒဏ်ရိုက်ငွေ(၂၅)သိန်းကျော်ရရှိ

ဧရာဝတီတိုင်းက စည်ပင်ဈေးများမှာ Maskမတပ်လို့ ဒဏ်ရိုက်ငွေ(၂၅)သိန်းကျော်ရရှိ

ပုသိမ်၊ မေ ၁၂-၂၀၂၀ ကိုအောင်(VOM) ဧရာဝတီတိုင်းက စည်ပင်သာယာပိုင်ဈေးများမှာ Maskမတပ်ဆင်ဘဲ ဈေးရောင်းချသူတွေကို ဒဏ်ငွေရိုက်ရာ စုစုပေါင်း၂၅သိန်းကျော်ရရှိခဲ့တယ်လို့ တိုင်းအစိုးရအဖွဲ့ကနေသိရပါတယ် စည်ပင်သာယာပိုင်ဈေးက ဈေးသည်တွေကို Covid-19ကာလအတွင်း Maskတပ်ပြီးဈေးရောင်းချဖို့

ညွန်ကြားချက်ထုတ်ပြန်ခဲ့ပြီး ဒီကနေ့အထိ Maskမတပ်ဆင်ဘဲ ဈေးရောင်းချသူ(၅၈၀)ဦးကို ဒဏ်ငွေ ပြစ်ဒဏ်ပေး အရေးယူထားတယ်လို့ တိုင်းဒေသကြီးအစိုးရအဖွဲ့က စည်ပင်ဝန်ကြီး ဦးကျော်မြင့်က ပြောပါတယ်။ ” စုစုပေါင်း ၂၅သိန်း ၃သောင်း ၆ထောင်ရရှိပြီး တိုင်းအစိုးရရန်ပုံငွေအဖြစ် ပေးသွင်းပြီးပါပြီ၊ ဒဏ်ငွေကတော့

ငါးထောင်ကနေစပြီး သက်ဆိုင်ရာမြို့နယ်စည်ပင်တွေရဲ့ စီမံခန့်ခွဲမူအရ ငွေကွာခြားမူတော့ရှိပါတယ်”လို့ စည်ပင်ဝန်ကြီး ဦးကျော်မြင့်က ပြောပါတယ်။ ဧရာဝတီတိုင်း စည်ပင်သာယာရေးကော်မတီအနေနဲ့ COVID-19 ကြိုတင်ကာကွယ်နိုင်ရန် မတ်လ၃၀ရက်ကစတင်ပြီး ဈေးသည်များနဲ့ဈေးဝယ်သူများကို Maskတပ်ဖို့

နှိုးဆော်ခဲ့သော်လည်း စည်ပင်သာယာပိုင်ဈေးများမှာ ညွှန်ကြားချက်များကို လိုက်နာခြင်းမရှိတဲ့အတွက် ဈေးသည်များကို အခုလိုဒဏ်ရိုက်ခဲ့ရတာ ဖြစ်တယ်လို့ သိရပါတယ်။ စည်ပင်သာယာရေးအဖွဲ့များကို (Mask)ကိုယ်တိုင်ချုပ်လုပ်စေပြီး ဈေးများကိုအဓိကထားပြီး သက်သာတဲ့ဈေးနှုန်းနဲ့ဖြန့်ဝေဖို့ သို့မဟုတ်

အခမဲ့ဖြန့်ဝေနိုင်ဖို့ကို လမ်းညွန်ထားတဲ့အပြင် ဈေးများမှာ လည်းMaskအခမဲ့ဖြန့်ဝေခဲ့သည်မှာ နှစ်ရက်ရှိခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။ ဈေးဝယ်သူများကိုလည်း (Mask)မတပ်ပါက ဈေးအတွင်းကို ဝင်ရောက်ခွင့်တားမြစ်နေတယ်လို့ တိုင်းအစိုးရရုံးကနေ သိရပါတယ်။ ဧရာဝတီတိုင်းအတွင်း ပြည်သူလူထုရဲ့

စားဝတ်နေရေးပြေလည်စေဖို့အတွက် စည်ပင်သာယာဈေးများကို ပိတ်သိမ်းခြင်းမရှိပေမယ့်လည်း အခြေခံစားသောက်ကုန်ရောင်းချတဲ့ ဈေးဆိုင်များနဲ့ ဆေးပစ္စည်းအရောင်းဆိုင်များကိုသာ ဖွင့်လှစ်ရောင်းချခွင့်ပြုထားတယ်လို့ ဧရာဝတီတိုင်းစည်ပင်သာယာရေးအဖွဲ့ကနေ သိရပါတယ်။