ခဝဲခြံ ၂ လမ်းမှ မျက်ရည်တစ်စက် …ကိုဗစ်ရယ် မင်းရက်စက်တယ်…

lock dowm (day -2) ခဝဲခြံ ၂-လမ်း

ဒီနေ့ လမ်းထဲမှာ အသီးအရွက်တွေ လာရောင်း ပါတယ်။ဈေးနှုန်းသင့်တင့်ပြီး လတ်ဆတ်ပါတယ်။၃ပေ အကွာစီ နေပြီးဝယ်ယူရပါတယ်။ မနက်ဖြန်မှာ အသားတွေ ရောင်းပေးမယ်ပြောပါတယ်။ လိုချင်သလောက်ကို စာရွက်မှာရေးပြီးမှာထားရပါတယ်။ covid -19 လူနာ (၁၉ ) ယောက်ရှိလို့ လူတွေကြောက်နေတဲ့လမ်းကို

လာရောင်းပေးကြသော သက်ဆိုင်ရာ အဖွဲ့အစည်းများကို ကျေးဇူးတင်ပါတယ်။ အသီးအရွက်သွားဝယ်ရင်းလမ်းမှာ မိတ်ဆွေ အစ်မတစ်ယောက်နဲ့ တွေ့ တော့

သူမ- လမ်းထိပ်မှာလူများနေတယ်။နေ့တိုင်းလာ ရောင်းပေးမယ်တဲ့။

ကျမ- အစ်မ ဝယ်ပြီးသွားပြီလား။ ကျမမေးခွန်းအပြီးမှာ သူမရဲ့မျက်ဝန်းမှာ ဝဲသွားတဲ့မျက်ရည်စတွေကို ကျမတွေ့လိုက်ရတယ်။ သူမ မျက်ရည်မကျအောင် ထိန်းလိုက်ပြီး

သူမ – အစ်မမဝယ်သေးပါဘူး။

ကျမမေးခွန်းမေးတာ မှားသွားမှန်း ကျမသိလိုက်ရတယ်။ ခက်ခဲနေတဲ့လူကို အဆင်ပြေလား။ ဝယ်ပြီးပြီလား မေးရမှာထက် ဘာဝယ်ပေးရမလဲ မေးရမှာပါ။ ဒါကြောင့်ကျမက အစ်မ ဘာဝယ်လာပေးရမလဲ

သူမ – အစ်မအတွက် မဝယ်ပါနဲ့ရပါတယ်။

ကျမမေးခွန်းထပ်မှားပြန်ပါတယ်။ ဘာဝယ်ပေးရမလဲ မေးရမှာထက် တစ်ခုခုဝယ်ပေးလိုက်ရမှာပါ။ အစ်မအိမ်မှာအရွက်ရှိလား။ ကျမမေးခွန်းထပ်မေးမိပြန်ပါတယ်။

သူမ – အစ်မအိမ်မှာအရွက်မရှိပါဘူး။

ကျမ – ဘာအရွက်ကြိုက်လဲ။ ချဉ်ပေါင်ကြိုက်လား။ ချဉ်ပေါင်မရှိရင် တစ်ခုခုဝယ်ခဲ့ပေးမယ်နော်။

သူမ – အစ်မအတွက်ကရပါတယ်။ မဝယ်ပါနဲ့။

ကျမအသီးအရွက်နဲ့ကြက်သွန်ကို နှစ်ထုပ်စီထုပ်ခိုင်းလိုက်ပြီး သူမကိုပေးဖို့ပြန်အလာ သူမကိုမတွေ့တော့ပါဘူး။ သူမအားနာလို့ပြန်သွားတာ ဖြစ်နိုင်ပါတယ်။ ကျမသူမအိမ်ကိုသွားပေးတော့ သူမကိုမတွေ့ရပါ။ ကျမပေးမှာဆိုးလို့ ရှောင်နေတာဖြစ်နိုင်ပါတယ်။ ကျမ သူ့ကလေးတွေကို ပေးခဲ့လိုက်ပါတယ်။

ကျမအခုရေးနေတာကျမပေးတာကို ကြွားချင်လို့ရေးတာမဟုတ်ပါ။ ကျမ ပေးတာ အရွက်နဲ့ ကြက်သွန်ပဲရှိပါတယ်။ အဓိကရေးချင်တာက ကျမတို့လမ်းထဲမှာ သူမလိုခက်ခဲသူ ဘယ်လောက်များရှိနေမလဲဆိုပြီး စိတ်မကောင်းလို့ ရေးခြင်းဖြစ်ပါတယ်။ ခဝဲခြံ (၂) လမ်းမှာ ခြံနဲ့ဝန်းနဲ့တိုက်နဲ့ကားနဲ့ နေသူတွေရှိသလို

လခစားတွေ၊ နေ့စားအလုပ်သမားတွေလည်းရှိပါတယ်။ အိမ်ထောင်စု (၇၀)ကျော်ရှိပါတယ်။ lock down (21) ရက်ကာလမှာ အခြေခံလူတန်းစားတွေအတွက် ခက်ခဲတဲ့ ကာလပါ။ သူတို့ ဘာမှမကူညီနိုင်ရင်တောင် ဆုတောင်းခြင်းနဲ့ ကူညီပေးစေချင်ပါတယ်။ ကျမတို့လမ်းကိုလည်း မကောင်းမပြောစေချင်ပါ။ crd Snow Awm