အီရန်ရေတပ်သင်္ဘောချင်း ဒုံးပျံနဲ့မှားပစ်၊ သင်္ဘောအမှုထမ်း ၁၉ ဦးသေဆုံး

အီရန်ရေတပ်သင်္ဘောချင်း ဒုံးပျံနဲ့မှားပစ်၊ သင်္ဘောအမှုထမ်း ၁၉ ဦးသေဆုံး

တီဟီရန်၊ မေ-၁၁-၂၀၂၀ မျိုးဆက် (VOM) အိုမန်ပင်လယ်ကွေ့မှာပြုလုပ်တဲ့ အီရန်ရေတပ် စစ်ရေးလေ့ကျင့်မှုတစ်ခုမှာ ရေတပ်သင်္ဘောချင်း ဒုံးပျံနဲ့ မှားယွင်းပစ်ချမိတာကြောင့် သင်္ဘောအမှုထမ်း ၁၉ ဦးသေဆုံးသွားပြီး အခြား ၁၅ ဦးဒါဏ်ရာရရှိသွားတယ်လို့ အီရန်ရေတပ်က အတည်ပြုပြောဆိုပါတယ်။

စစ်သင်္ဘောချင်း မှားယွင်းပစ်ခတ်မှုဟာ မြို့တော်တီဟီရန်ရဲ့ အရှေ့တောင်ဘက် ၁၂၇၀ ကီလိုမီတာအကွာမှာရှိတဲ့ ဂျက်ခ်ဆိပ်ကမ်းအနီးမှာ မေ ၁၀ ရက်က စစ်ရေးလေ့ကျင့်စဉ်အတွင်း ဖြစ်ပွားခဲ့တာပါ။ ဂျက်မာရန်ဖရီးဂိတ်စစ်သင်္ဘောကနေ စမ်းသပ်ပစ်ခတ်လိုက်တဲ့ သင်္ဘောဖျက်ဒုံးပျံဟာ အပေါ့စား ထောက်ပံ့ရေး သင်္ဘောတစ်စင်းကို

ထိမှန်သွားခဲ့တာလို့ အီရန်နိုင်ငံပိုင် သတင်းဌာနက ဖော်ပြပါတယ်။ ဖြစ်စဉ်ကြောင့် သင်္ဘောအမှုထမ်း ၁၂ဦးကို ဆေးရုံတင်ထားရပြီး အခြား သုံးဦးကတော့ ဒါဏ်ရာမပြင်းထန်ဘူးလို့ အီရန်နိုင်ငံပိုင် သတင်းဌာနကဖော်ပြထားပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဒေသတွင်းမှာရှိနေတဲ့ အမေရိကန်ရဲ့ အမှတ် ၅ ရေတပ်အုပ်စုက တော့

ချက်ချင်းမှတ်ချက်ပြုပြောဆိုတာမရှိပါဘူး။ အီရန်ဟာ ကမ္ဘာ့ရေနံတင်ပို့မှုရဲ့ ၂၀ ရာခိုင်နှုန်းဖြတ်သန်းသွာရာ ပါရှန်ပင်လယ်ကွေ့ရဲ့ ကျဉ်းမြောင်းတဲ့ ရေလက်ကြားအနီးမှာ ရေတပ်စစ်ရေးလေ့ကျင့်မှုတွေ အမြဲလိုလို ပြုလုပ်လေ့ရှိပါတယ်။ Ref :ABC Photo: Reuters